Facebook ရဲ႕ Share ေစ်းႏႈန္း က်ဆင္းမႈေၾကာင့္ ေငြေၾကးမ်ားစြာ ဆံုးရႈံးသြားတဲ့ Mark Zuckerberg

0
1341

Facebook ဟာ ဒုတိယ ကြာတားရဲ႕ ၀င္ေငြ စာရင္းကို ဗုဒၶဟူးေန႔က ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ၾကာသာပေတးေန႔မွာ သူ႔ရဲ႕ ရွယ္ယာတန္ဖိုးမ်ားဟာ ၂၀ ရာခုိင္ႏႈန္း တန္ဖိုးက်ဆင္းသြားပါတယ္။ ၀င္ေငြစာရင္းကို မေၾကညာခင္မွာ ရွယ္ယာတစ္ခုရဲ႕ တန္ဖိုးဟာ ၂၁၇.၅၀ ေဒၚလာရွိခဲ့ၿပီး ေၾကညာၿပီးေနာက္မွာ ၁၇၂ ေဒၚလာ ျဖစ္သြားပါတယ္။

အဲဒီအတြက္ ရွယ္ယာေပါင္း ၃၈၇ ၀၉၅ ၁၂၃ ခုကို ပိုင္ဆို္င္ထားတဲ့ ဇူကာဘတ္ဟာ တစ္ရက္အတြင္းမွာ ၁၅ ဘီလီယမ္ေလာက္ ဆံုးရႈံးသြားတယ္လို႔ FaceSet က ေျပာပါတယ္။ Facebook ဟာလည္း တစ္ရက္အတြင္းမွာ ၁၁၉ ဘီလီယမ္ ဆံုးရႈံးခဲ့ပါတယ္။ Wall Street Journal ရဲ႕ Market Data Group က ဒါဟာ အမ်ားပိုင္ ကုမၸဏီတစ္ခုအေနနဲ႔ တစ္ရက္အတြင္း ဆံုးရႈံးမႈ အမ်ားဆံုး ျဖစ္တယ္လို႔ ေျပာပါတယ္။ ဒါဟာ ကုမၸဏီတစ္ခုအတြက္ ရွယ္ယာေစ်းႏႈန္းမ်ား ရာခုိင္ႏႈန္း အမ်ားဆံုး က်ဆင္းသြားျခင္းလည္း ျဖစ္တယ္လို႔ သိရပါတယ္။

Forbes Billionaires List အရ ရွယ္ယာေစ်းႏႈန္း မက်ဆင္းမီမွာ ၇၁ ဘီလီယမ္ ပိုင္တဲ့ ဇူကာဘတ္ဟာ အေမရိကန္မွ အခ်မ္းသာဆံုး လူပုဂၢိဳလ္ စာရင္းမွာ နံပတ္ ၅ ေနရာမွာ ရပ္တည္ေနပါတယ္။ ရွယ္ယာေစ်းႏႈန္း က်သြားၿပီးေနာက္မွာ သူ႔ရဲ႕ ပိုင္ဆိုင္မႈဟာ ၅၅.၉ ဘီလီယမ္ျဖစ္သြားပါတယ္။ အခ်မ္းသာဆံုး စာရင္းမွာလည္း သူဟာ နံပါတ္ ၁၁ ေနရာကို ေရာက္သြားပါတယ္။

ဒီလို ရွယ္ယာေစ်းႏႈန္း ထိုးက်သြားတဲ့ အေၾကာင္း အရင္းမ်ားကိုလည္း ပညာရွင္မ်ားက ေထာက္ျပၾကပါတယ္။ ယခင္ကြာတားမွာ ေန႔စဥ္ Facebook အသံုးျပဳသူဟာ ၃.၄၂ ရာခုိင္ႏႈန္း တိုးတက္ခဲ့ၿပီး ယခုကြာတားမွာေတာ့ ၁.၄၄ ရာခုိင္ႏႈန္းသာ တိုးတက္ခဲ့ပါတယ္။ ဒီလို အသံုးျပဳသူ တိုးတက္မႈ ေႏွးေကြးသြားတာဟာ အေၾကာင္းတစ္ခ်က္ျဖစ္ပါတယ္။

ဒါ့အျပင္ Facebook ဟာ အသံုးျပဳသူမ်ားရဲ႕ ေဒတာမ်ားကို အခြင့္မရွိဘဲ ရယူတဲ့ ျပႆနာမ်ားနဲ႔ သတင္း အတု ျပႆနာမ်ားေၾကာင့္လည္း အသံုးျပဳသူမ်ားရဲ႕ ယံုၾကည္မႈ က်ဆင္းခဲ့တာကလည္း အေၾကာင္းတစ္ခ်က္ ျဖစ္တယ္လို႔ ပညာရွင္မ်ားက သံုးသပ္ပါတယ္။ ေဒတာမ်ား ေပါက္ၾကားတဲ့ ျပႆနာမ်ားထဲမွာ Cambridge Analytica ဟာ အႀကီးမားဆံုး ျဖစ္ခဲ့ပါတယ္။

unicode

Facebook ရဲ့ Share ဈေးနှုန်း ကျဆင်းမှုကြောင့် ငွေကြေးများစွာ ဆုံးရှုံးသွားတဲ့ Mark Zuckerberg

Facebook ဟာ ဒုတိယ ကွာတားရဲ့ ဝင်ငွေ စာရင်းကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ကြာသာပတေးနေ့မှာ သူ့ရဲ့ ရှယ်ယာတန်ဖိုးများဟာ ၂၀ ရာခိုင်နှုန်း တန်ဖိုးကျဆင်းသွားပါတယ်။ ဝင်ငွေစာရင်းကို မကြေညာခင်မှာ ရှယ်ယာတစ်ခုရဲ့ တန်ဖိုးဟာ ၂၁၇.၅၀ ဒေါ်လာရှိခဲ့ပြီး ကြေညာပြီးနောက်မှာ ၁၇၂ ဒေါ်လာ ဖြစ်သွားပါတယ်။

အဲဒီအတွက် ရှယ်ယာပေါင်း ၃၈၇ ၀၉၅ ၁၂၃ ခုကို ပိုင်ဆိုင်ထားတဲ့ ဇူကာဘတ်ဟာ တစ်ရက်အတွင်းမှာ ၁၅ ဘီလီယမ်လောက် ဆုံးရှုံးသွားတယ်လို့ FaceSet က ပြောပါတယ်။ Facebook ဟာလည်း တစ်ရက်အတွင်းမှာ ၁၁၉ ဘီလီယမ် ဆုံးရှုံးခဲ့ပါတယ်။ Wall Street Journal ရဲ့ Market Data Group က ဒါဟာ အများပိုင် ကုမ္ပဏီတစ်ခုအနေနဲ့ တစ်ရက်အတွင်း ဆုံးရှုံးမှု အများဆုံး ဖြစ်တယ်လို့ ပြောပါတယ်။ ဒါဟာ ကုမ္ပဏီတစ်ခုအတွက် ရှယ်ယာဈေးနှုန်းများ ရာခိုင်နှုန်း အများဆုံး ကျဆင်းသွားခြင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။

Forbes Billionaires List အရ ရှယ်ယာဈေးနှုန်း မကျဆင်းမီမှာ ၇၁ ဘီလီယမ် ပိုင်တဲ့ ဇူကာဘတ်ဟာ အမေရိကန်မှ အချမ်းသာဆုံး လူပုဂ္ဂိုလ် စာရင်းမှာ နံပတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ရှယ်ယာဈေးနှုန်း ကျသွားပြီးနောက်မှာ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ၅၅.၉ ဘီလီယမ်ဖြစ်သွားပါတယ်။ အချမ်းသာဆုံး စာရင်းမှာလည်း သူဟာ နံပါတ် ၁၁ နေရာကို ရောက်သွားပါတယ်။

ဒီလို ရှယ်ယာဈေးနှုန်း ထိုးကျသွားတဲ့ အကြောင်း အရင်းများကိုလည်း ပညာရှင်များက ထောက်ပြကြပါတယ်။ ယခင်ကွာတားမှာ နေ့စဉ် Facebook အသုံးပြုသူဟာ ၃.၄၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယခုကွာတားမှာတော့ ၁.၄၄ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပါတယ်။ ဒီလို အသုံးပြုသူ တိုးတက်မှု နှေးကွေးသွားတာဟာ အကြောင်းတစ်ချက်ဖြစ်ပါတယ်။

ဒါ့အပြင် Facebook ဟာ အသုံးပြုသူများရဲ့ ဒေတာများကို အခွင့်မရှိဘဲ ရယူတဲ့ ပြဿနာများနဲ့ သတင်း အတု ပြဿနာများကြောင့်လည်း အသုံးပြုသူများရဲ့ ယုံကြည်မှု ကျဆင်းခဲ့တာကလည်း အကြောင်းတစ်ချက် ဖြစ်တယ်လို့ ပညာရှင်များက သုံးသပ်ပါတယ်။ ဒေတာများ ပေါက်ကြားတဲ့ ပြဿနာများထဲမှာ Cambridge Analytica ဟာ အကြီးမားဆုံး ဖြစ်ခဲ့ပါတယ်။

Leave a Reply