Call Center မွာ ဖုန္း ေျဖေပးမယ့္ Google ရဲ႕ AI မ်ား

0
873

Call Center မွာ ဖုန္း ေျဖေပးမယ့္ လူမ်ား မလိုေတာ့ဘဲ AI Software မ်ားက ဖုန္း ေျဖေပးေတာ့မွာ ျဖစ္ပါတယ္။ Google က ဒီလို လုပ္ေပးႏုိင္မယ့္ AI နည္းပညာ အသစ္မ်ားကို ဖန္တီးေနပါတယ္။ Contact Center AI လို႔ အမည္ေပးထားၿပီး ယခုႏွစ္ အေစာပိုင္းက I/O ပြဲမွာ မိတ္ဆက္ခဲ့တဲ့ Duplex Service နဲ႔ ဆင္တူပါတယ္။

Contact Center AI က လူမ်ားရဲ႕ ဘာသာစကားမ်ားကို သိနားလည္ၿပီး သူတို႔ရဲ႕ အခက္အခဲမ်ားကို ေျဖရွင္းေပးမွာ ျဖစ္ပါတယ္။ ဖုန္းေခၚသူက လူသား ၀န္ထမ္းကို အလိုရွိရင္လည္း AI က လႊဲေျပာင္းေပးမွာ ျဖစ္ပါတယ္။ Call Center ကို ဆက္သြယ္တဲ့ ဖုန္းေခၚဆိုမႈမ်ားဟာ ဂူဂယ္လ္ရဲ႕ ၀က္ဆိုက္မွ Chatbot နဲ႔ ခ်ိတ္ဆက္ထားႏုိင္ပါတယ္။ အဲဒီအတြက္ AI စနစ္ဟာ ဂူဂယ္လ္ရဲ႕ Database မ်ားကေန ဖုန္းေခၚသူမ်ားရဲ႕ သတင္းအခ်က္အလက္မ်ားကို ႀကိဳတင္ သိရွိ ႏိုင္ပါေသးတယ္။

Google က Cloud Next ပြဲမွာ Contact Center AI အသစ္ကို ေၾကညာလိုက္တာ ျဖစ္ပါတယ္။ “ ဥာဏ္ရည္တု နည္းပညာဟာ စြမ္းရည္ အင္မတန္ ျမင့္လာပါၿပီ။ လူတိုင္း၊ စီးပြားေရး လုပ္ငန္းတိုင္းမွာ သူ႔ရဲ႕ စြမ္းရည္မ်ားကို အသံုးျပဳေစခ်င္ပါတယ္။ ေစ်းဆိုင္မ်ားကေန စိုက္ပ်ိဳးေရး ၊ ပညာေရး၊ က်န္းမာေရး လုပ္ငန္းမ်ားအထိ အသံုးျပဳႏုိင္ေအာင္ ျပဳလုပ္ေပးဖို႔ ရည္ရြယ္ထားပါတယ္။ AI ဟာ နည္းပညာနယ္ပယ္မွာ အေရးပါလာပါတယ္။ သူ႔ကို ပိုမို ဆန္းသစ္ေစမယ့္ နည္းလမ္းမ်ားကို ကြ်န္ေတာ္တို႔ ဖန္တီးမွာ ျဖစ္ပါတယ္။ “ လို႔ Google AI ဌာနမွ သိပၸံပညာရွင္ခ်ဳပ္ ျဖစ္သူ Fei-Fei Li က ေျပာပါတယ္။

unicode

Call Center မှာ ဖုန်း ဖြေပေးမယ့် Google ရဲ့ AI များ

Call Center မှာ ဖုန်း ဖြေပေးမယ့် လူများ မလိုတော့ဘဲ AI Software များက ဖုန်း ဖြေပေးတော့မှာ ဖြစ်ပါတယ်။ Google က ဒီလို လုပ်ပေးနိုင်မယ့် AI နည်းပညာ အသစ်များကို ဖန်တီးနေပါတယ်။ Contact Center AI လို့ အမည်ပေးထားပြီး ယခုနှစ် အစောပိုင်းက I/O ပွဲမှာ မိတ်ဆက်ခဲ့တဲ့ Duplex Service နဲ့ ဆင်တူပါတယ်။

Contact Center AI က လူများရဲ့ ဘာသာစကားများကို သိနားလည်ပြီး သူတို့ရဲ့ အခက်အခဲများကို ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ ဖုန်းခေါ်သူက လူသား ဝန်ထမ်းကို အလိုရှိရင်လည်း AI က လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။ Call Center ကို ဆက်သွယ်တဲ့ ဖုန်းခေါ်ဆိုမှုများဟာ ဂူဂယ်လ်ရဲ့ ဝက်ဆိုက်မှ Chatbot နဲ့ ချိတ်ဆက်ထားနိုင်ပါတယ်။ အဲဒီအတွက် AI စနစ်ဟာ ဂူဂယ်လ်ရဲ့ Database များကနေ ဖုန်းခေါ်သူများရဲ့ သတင်းအချက်အလက်များကို ကြိုတင် သိရှိ နိုင်ပါသေးတယ်။

Google က Cloud Next ပွဲမှာ Contact Center AI အသစ်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ “ ဉာဏ်ရည်တု နည်းပညာဟာ စွမ်းရည် အင်မတန် မြင့်လာပါပြီ။ လူတိုင်း၊ စီးပွားရေး လုပ်ငန်းတိုင်းမှာ သူ့ရဲ့ စွမ်းရည်များကို အသုံးပြုစေချင်ပါတယ်။ ဈေးဆိုင်များကနေ စိုက်ပျိုးရေး ၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများအထိ အသုံးပြုနိုင်အောင် ပြုလုပ်ပေးဖို့ ရည်ရွယ်ထားပါတယ်။ AI ဟာ နည်းပညာနယ်ပယ်မှာ အရေးပါလာပါတယ်။ သူ့ကို ပိုမို ဆန်းသစ်စေမယ့် နည်းလမ်းများကို ကျွန်တော်တို့ ဖန်တီးမှာ ဖြစ်ပါတယ်။ “ လို့ Google AI ဌာနမှ သိပ္ပံပညာရှင်ချုပ် ဖြစ်သူ Fei-Fei Li က ပြောပါတယ်။

Leave a Reply