Gadget Trending

Alexa နဲ႔ Google Assistant ကို သံုးႏိုင္မယ့္ ေရခ်ိဳးခန္းသံုး ၾကည့္မွန္ကို ျပသလိုက္တဲ့ Philips

Philips က အင္တာနက္ ခ်ိတ္ဆက္ႏိုင္တဲ့ စမတ္ မီးလံုး၊ မီးသီးမ်ားကို ထုတ္လုပ္ေရာင္းခ်ေပးေနပါတယ္။ သူ႔ရဲ႕ Hue Series စမတ္ မီးသီးမ်ားဟာ နာမည္ႀကီးပါတယ္။ အခုေတာ့ သူက Alexa နဲ႔ Google Assistant ဒစ္ဂ်စ္တယ္ ကိုယ္ေရးလက္ေထာက္မ်ား ပါတဲ့ စမတ္ ေရခ်ိဳးခန္းသံုး ၾကည့္မွန္ကို ဖန္တီးေပးလိုက္ပါတယ္။ သူ႔ရဲ႕ အမည္ မွာ Philips Hue Adore ျဖစ္ပါတယ္။ သူ႔ကို အေမရိကန္နဲ႔ ဥေရာပမွာ ၾသဂုတ္လတြင္ ႀကိဳတင္မွာယူႏုိင္မွာ ျဖစ္ပါတယ္။ စတာလင္ေပါင္ ၂၃၀ ၀န္းက်င္ က်သင့္ႏုိင္ပါတယ္။

သူ႔မွာ ဒစ္ဂ်စ္တယ္ကိုယ္ေရးလက္ေထာက္မ်ားကို အသံုးျပဳဖို႔အတြက္ စမတ္ စပီကာတစ္ခုနဲ႔ ခ်ိတ္ဆက္ထားရမွာ ျဖစ္ပါတယ္။ သေဘာကေတာ့ ၾကည့္မွန္မွာ ဒစ္ဂ်စ္တယ္ ကိုယ္ေရးလက္ေထာက္ မပါပါဘူး။ သင့္ေနအိမ္မွ Hue Bridge Hub နဲ႔ ခ်ိတ္ဆက္ထားရမယ့္ သေဘာ ျဖစ္ပါတယ္။ စမတ္ စပီကာနဲ႔ ခ်ိတ္ဆက္ၿပီးရင္ေတာ့ ကိုယ္ေရးလက္ေထာက္မ်ားကို အသံအမိန္႔မ်ားျဖင့္ ခုိင္းေစႏိုင္ပါတယ္။ အင္တာနက္မွာ ရွာေဖြျခင္း၊ ေမးခြန္းမ်ား ေမးျခင္း၊ သတင္းမ်ား ဖတ္ျပခုိင္းျခင္းမ်ားအျပင္ အလုပ္မ်ားစြာကို ဒစ္ဂ်စ္တယ္ ကိုယ္ေရးလက္ေထာက္မ်ားအား ခိုင္းေစႏုိင္ပါတယ္။

သူဟာ ေရခ်ိဳးုခန္းသံုး ၾကည့္မွန္ ျဖစ္တဲ့အတြက္ ေရစက္ေရေပါက္မ်ား စိုတာကို ခံႏိုင္ေအာင္ ဖန္တီးေပးထားပါတယ္။ ေရစိုခံစံႏႈန္း မွာ IP44 ျဖစ္ပါတယ္။ မွန္ဟာ မီးအလင္းေရာင္ကိုလည္း ထုတ္လႊင့္ေပးႏုိင္ပါတယ္။ သူ႔ကို အသံုးမျပဳတဲ့အခ်ိန္မွာ မီးကို ပိတ္ထားႏိုင္ပါတယ္။ ခလုတ္တစ္ခ်က္ႏွိပ္ရံုနဲ႔ မီး ပိတ္ႏုိင္ပါတယ္။ သူ႔ကို Apple HomeKit App မ်ားနဲ႔လည္း ခ်ိတ္ဆက္ႏုိင္ၿပီး သင့္ ေနအိမ္မွ Apple Devices မ်ားကို ၾကည့္မွန္ကေန ထိန္းခ်ဳပ္ႏုိင္ပါတယ္။

unicode

Alexa နဲ့ Google Assistant ကို သုံးနိုင်မယ့် ရေချိုးခန်းသုံး ကြည့်မှန်ကို ပြသလိုက်တဲ့ Philips

Philips က အင်တာနက် ချိတ်ဆက်နိုင်တဲ့ စမတ် မီးလုံး၊ မီးသီးများကို ထုတ်လုပ်ရောင်းချပေးနေပါတယ်။ သူ့ရဲ့ Hue Series စမတ် မီးသီးများဟာ နာမည်ကြီးပါတယ်။ အခုတော့ သူက Alexa နဲ့ Google Assistant ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်များ ပါတဲ့ စမတ် ရေချိုးခန်းသုံး ကြည့်မှန်ကို ဖန်တီးပေးလိုက်ပါတယ်။ သူ့ရဲ့ အမည် မှာ Philips Hue Adore ဖြစ်ပါတယ်။ သူ့ကို အမေရိကန်နဲ့ ဥရောပမှာ သြဂုတ်လတွင် ကြိုတင်မှာယူနိုင်မှာ ဖြစ်ပါတယ်။ စတာလင်ပေါင် ၂၃၀ ဝန်းကျင် ကျသင့်နိုင်ပါတယ်။

သူ့မှာ ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်များကို အသုံးပြုဖို့အတွက် စမတ် စပီကာတစ်ခုနဲ့ ချိတ်ဆက်ထားရမှာ ဖြစ်ပါတယ်။ သဘောကတော့ ကြည့်မှန်မှာ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် မပါပါဘူး။ သင့်နေအိမ်မှ Hue Bridge Hub နဲ့ ချိတ်ဆက်ထားရမယ့် သဘော ဖြစ်ပါတယ်။ စမတ် စပီကာနဲ့ ချိတ်ဆက်ပြီးရင်တော့ ကိုယ်ရေးလက်ထောက်များကို အသံအမိန့်များဖြင့် ခိုင်းစေနိုင်ပါတယ်။ အင်တာနက်မှာ ရှာဖွေခြင်း၊ မေးခွန်းများ မေးခြင်း၊ သတင်းများ ဖတ်ပြခိုင်းခြင်းများအပြင် အလုပ်များစွာကို ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်များအား ခိုင်းစေနိုင်ပါတယ်။

သူဟာ ရေချိုးုခန်းသုံး ကြည့်မှန် ဖြစ်တဲ့အတွက် ရေစက်ရေပေါက်များ စိုတာကို ခံနိုင်အောင် ဖန်တီးပေးထားပါတယ်။ ရေစိုခံစံနှုန်း မှာ IP44 ဖြစ်ပါတယ်။ မှန်ဟာ မီးအလင်းရောင်ကိုလည်း ထုတ်လွှင့်ပေးနိုင်ပါတယ်။ သူ့ကို အသုံးမပြုတဲ့အချိန်မှာ မီးကို ပိတ်ထားနိုင်ပါတယ်။ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ မီး ပိတ်နိုင်ပါတယ်။ သူ့ကို Apple HomeKit App များနဲ့လည်း ချိတ်ဆက်နိုင်ပြီး သင့် နေအိမ်မှ Apple Devices များကို ကြည့်မှန်ကနေ ထိန်းချုပ်နိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.