ေနေရာင္ျခည္စြမ္းအင္သံုး Drone က တစ္ႏွစ္ၾကာ မရပ္မနား ပ်ံသန္းႏုိင္

0
840

Farnborough International Airshow မွာ နည္းပညာျမင့္ ယာဥ္ပ်ံမ်ားကို ျပသေနၾကပါတယ္။ အဲဒီပြဲမွာ ေနေရာင္ျခည္ စြမ္းအင္ျဖင့္ တစ္ႏွစ္ၾကာ မရပ္မနား ပ်ံသန္းႏုိင္တဲ့ ဒရုန္းတစ္စီးကိုလည္း ျပသထားပါတယ္။ သူ႔ရဲ႕ အမည္မွာ PHASA-35 ျဖစ္ၿပီး သူဟာ ၃၅ မီတာ အက်ယ္ရွိပါတယ္။ ေတာင္ပံမ်ားဟာ ပါးလႊာၿပီး Solar Panel မ်ား တပ္ဆင္ထားပါတယ္။ ျပပြဲမွာေတာ့ အရြယ္ေသး နမူနာ ေမာ္ဒယ္ကို ျပသထားတာပါ။

အရြယ္ႀကီး စြမ္းရည္ျပည့္ ေမာ္ဒယ္ကို လာမယ့္ႏွစ္မွာ စမ္းသပ္ပ်ံသန္းမွာပါ။ ၂၀၂၀ သို႔မဟုတ္ ၂၀၂၁ ခုႏွစ္မ်ားမွာ စားသံုးသူမ်ားထံ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ သူ႔ကို ေထာက္လွမ္းေရး ဒရုန္းလို႔ ေဖာ္ျပထားေပမယ့္ အျခား အလုပ္မ်ားကို ျပဳလုပ္ႏုိ္င္ပါတယ္။ Drone ဟာ ေထာက္လွမ္းေရး ျပဳလုပ္ျခင္း၊ 5G, 6G အင္တာနက္ ဆက္သြယ္မႈမ်ားကို ထုတ္လႊင့္ေပးျခင္း၊ စိုက္ပ်ိဳးေရး၊ သစ္ေတာ ကာကြယ္ေစာင့္ေရွာက္ျခင္း၊ သဘာ၀ေဘး ကယ္ဆယ္ေရးမ်ားလို အလုပ္မ်ားကို ျပဳလုပ္နုိင္ပါတယ္။

ကုန္ပစၥည္းမ်ား အတြက္ေတာ့ ဒရုန္းဟာ ၁၅ ကီလိုဂရမ္ အထိ သယ္ေဆာင္ႏုိင္ပါတယ္။ သူ႔ကိုယ္ထည္ထဲမွာ ကုန္ပစၥည္းမ်ား သယ္ေဆာင္ဖုိ႔ ေနရာလြတ္မ်ား ရွိပါတယ္။ သူ႔ကို ေမာင္းသူမဲ့ ေလယာဥ္ နည္းပညာနယ္ပယ္မွာ အထူး ကြ်မ္းက်င္တဲ့ Prismatic နဲ႔ BAE Systems တို႔ ပူးေပါင္း ဖန္တီးထားတာ ျဖစ္ပါတယ္။

Prismatic ရဲ႕ အင္ဂ်င္နီယာ ဌာနမွ ဒါရိုက္တာ ျဖစ္သူ Jonathan Dixon က “ေကာင္းကင္မွာ ၾကာႏုိင္သေလာက္ ၾကာေအာင္ ပ်ံသန္းႏိုင္ေအာင္ ဒီဒရုန္းကို ဖန္တီးခ်င္ပါတယ္။ လမ်ားစြာ၊ ဒီထက္ပိုၿပီး ႏွစ္မ်ားစြာၾကာေအာင္ မရပ္မနား ပ်ံသန္းေစခ်င္ပါတယ္။ “ လို႔ Techradar ကို ေျပာပါတယ္။

unicode

နေရောင်ခြည်စွမ်းအင်သုံး Drone က တစ်နှစ်ကြာ မရပ်မနား ပျံသန်းနိုင်

Farnborough International Airshow မှာ နည်းပညာမြင့် ယာဉ်ပျံများကို ပြသနေကြပါတယ်။ အဲဒီပွဲမှာ နေရောင်ခြည် စွမ်းအင်ဖြင့် တစ်နှစ်ကြာ မရပ်မနား ပျံသန်းနိုင်တဲ့ ဒရုန်းတစ်စီးကိုလည်း ပြသထားပါတယ်။ သူ့ရဲ့ အမည်မှာ PHASA-35 ဖြစ်ပြီး သူဟာ ၃၅ မီတာ အကျယ်ရှိပါတယ်။ တောင်ပံများဟာ ပါးလွှာပြီး Solar Panel များ တပ်ဆင်ထားပါတယ်။ ပြပွဲမှာတော့ အရွယ်သေး နမူနာ မော်ဒယ်ကို ပြသထားတာပါ။

အရွယ်ကြီး စွမ်းရည်ပြည့် မော်ဒယ်ကို လာမယ့်နှစ်မှာ စမ်းသပ်ပျံသန်းမှာပါ။ ၂၀၂၀ သို့မဟုတ် ၂၀၂၁ ခုနှစ်များမှာ စားသုံးသူများထံ ရောင်းချပေးမှာ ဖြစ်ပါတယ်။ သူ့ကို ထောက်လှမ်းရေး ဒရုန်းလို့ ဖော်ပြထားပေမယ့် အခြား အလုပ်များကို ပြုလုပ်နိုင်ပါတယ်။ Drone ဟာ ထောက်လှမ်းရေး ပြုလုပ်ခြင်း၊ 5G, 6G အင်တာနက် ဆက်သွယ်မှုများကို ထုတ်လွှင့်ပေးခြင်း၊ စိုက်ပျိုးရေး၊ သစ်တော ကာကွယ်စောင့်ရှောက်ခြင်း၊ သဘာဝဘေး ကယ်ဆယ်ရေးများလို အလုပ်များကို ပြုလုပ်နိုင်ပါတယ်။

ကုန်ပစ္စည်းများ အတွက်တော့ ဒရုန်းဟာ ၁၅ ကီလိုဂရမ် အထိ သယ်ဆောင်နိုင်ပါတယ်။ သူ့ကိုယ်ထည်ထဲမှာ ကုန်ပစ္စည်းများ သယ်ဆောင်ဖို့ နေရာလွတ်များ ရှိပါတယ်။ သူ့ကို မောင်းသူမဲ့ လေယာဉ် နည်းပညာနယ်ပယ်မှာ အထူး ကျွမ်းကျင်တဲ့ Prismatic နဲ့ BAE Systems တို့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။

Prismatic ရဲ့ အင်ဂျင်နီယာ ဌာနမှ ဒါရိုက်တာ ဖြစ်သူ Jonathan Dixon က “ကောင်းကင်မှာ ကြာနိုင်သလောက် ကြာအောင် ပျံသန်းနိုင်အောင် ဒီဒရုန်းကို ဖန်တီးချင်ပါတယ်။ လများစွာ၊ ဒီထက်ပိုပြီး နှစ်များစွာကြာအောင် မရပ်မနား ပျံသန်းစေချင်ပါတယ်။ “ လို့ Techradar ကို ပြောပါတယ်။

Leave a Reply