ေနာက္ထုတ္မယ့္ iPad Pro မ်ားဟာ အရြယ္ က်စ္လစ္လာၿပီး နားၾကပ္ေပါက္ မပါလာႏိုင္

0
1294

ဂ်ပန္မွ ထြက္ေပၚလာတဲ့ သတင္းအရ Apple ဟာ ေနာက္ထုတ္မယ့္ iPad Pro အသစ္မ်ားမွာ အရြယ္အစားကို က်စ္လစ္ေအာင္ ဖန္တီးထားမယ္လို႔ သိရပါတယ္။ တက္ဘလက္ အသစ္မ်ားမွာ နားၾကပ္ေပါက္ကိုလည္း ဖယ္ရွားထားမွာပါ။ ဒါဟာ ေနာက္ဆံုးထုတ္ အိုင္ဖုန္းမ်ားနဲ႔ တူညီသြားပါတယ္။ တက္ဘလက္ အသစ္မ်ားရဲ႕ အရြယ္အစားမ်ားလည္း ေပါက္ၾကားထြက္ေပၚလာပါတယ္။

၁၀.၅ လက္မ ေမာ္ဒယ္မ်ားဟာ မီလီမီတာအားျဖင့္ ၂၄၇.၅ အျမင့္၊ ၁၇၈.၇ အက်ယ္နဲ႔ ၆ အထူသာ ရွိမယ္လို႔ သိရပါတယ္။ လက္ရွိေရာင္းထားတဲ့ ေမာ္ဒယ္ဟာ ၂၅၀.၆ အျမင့္၊ ၁၇၄.၁ အက်ယ္နဲ႔ ၆.၁ အထူ ရွိပါတယ္။ ေနာက္ထုတ္မယ့္ ၁၂.၉ လက္မ ေမာ္ဒယ္ဟာ ၂၈၀ အျမင့္၊ ၂၁၅ အက်ယ္နဲ႔ ၆.၄ အထူ ရွိမွာပါ။ လက္ရွိေမာ္ဒယ္ဟာ ၃၀၅.၇ အျမင့္၊ ၂၂၀.၆ အက်ယ္နဲ႔ ၆.၉ အထူ ရွိပါတယ္။

ဂ်ပန္က သတင္းကပဲ တက္ဘလက္ အသစ္မ်ားမွာ FaceID ပါလာမယ္လို႔ ေဖာ္ျပထားပါတယ္။ ဒီသတင္းဟာ ယခင္ကလည္း အျခား သတင္း အရင္းအျမစ္မ်ားကေန ထြက္ခဲ့ဖူးပါတယ္။ Portrait Mode မွာေတာ့ FaceID ဟာ အလုပ္မလုပ္ဘူးလို႔ သိရပါတယ္။

အိုင္ပတ္မွာ Face ID ထည့္သြင္းျခင္းဟာ လံုျခံဳေရးအတြက္ သာမက Animoji , Memoji မ်ားကို အသံုးျပဳႏုိင္ေအာင္ ျဖစ္ပါတယ္။ အိုင္ပတ္ကို မိသားစု၀င္မ်ား မွ်ေ၀ အသံုးျပဳၾကတဲ့အတြက္ Animoji , Memoji မ်ားကို သံုးၾကရင္ ေပ်ာ္စရာ ေကာင္းမွာပါ။

အိုင္ပတ္ရဲ႕ ဒီဇိုင္းကို ဆန္းသစ္ထားမွာ ျဖစ္ၿပီး စကရင္ရဲ႕ အထက္မွာ Notch ပါလာမွာ ျဖစ္ပါတယ္။ အဲဒီအတြက္ သူဟာ ေဘာင္ေပ်ာက္ ဒီဇိုင္း ျဖစ္ႏုိင္ပါတယ္။ Home Button ကို ဖယ္ရွားထားမွာ ျဖစ္ၿပီး iPhone X မွာလို Gesture Navigation မ်ားကို သံုးရမွာ ျဖစ္ပါတယ္။ Control Center ကို သံုးတဲ့အခါမွာ iOS 12 Beta မွာ Gesture Navigation အသစ္မ်ား ပါလာပါတယ္။

iOS 12 Beta မွာ အိုင္ပတ္တြင္ TrueDepth Camera အလုပ္လုပ္ႏိုင္မယ့္ AvatarKit ကို ေထာက္ပံ့လာပါတယ္။ အိုင္ပတ္မွာေတာ့ တက္ဘလက္ အရြယ္နဲ႔ ကိုက္ညီတဲ့ Animoji ပါလာမွာပါ။ iOS 12 မွာ Face ID အတြက္ Multi-User ကို ေထာက္ပံံ့လာမယ့္အတြက္ မိသားစု၀င္မ်ားအၾကားမွာ ကိုယ္ပိုင္ Face ID ျဖင့္ အိုင္ပတ္ကို သံုးႏုိင္မွာပါ။ Multi-User ကို ေထာက္ပံ့ျခင္းဟာ အိုင္ဖုန္း ကိုင္သူမ်ားအတြက္ေတာ့ သိပ္မလိုအပ္ဘဲ အိုင္ပတ္ကို မွ်ေ၀ အသံုးျပဳတဲ့ လူမ်ားအတြက္ေတာ့ အသံုး၀င္လာမွာ ျဖစ္ပါတယ္။

unicode

နောက်ထုတ်မယ့် iPad Pro များဟာ အရွယ် ကျစ်လစ်လာပြီး နားကြပ်ပေါက် မပါလာနိုင်

ဂျပန်မှ ထွက်ပေါ်လာတဲ့ သတင်းအရ Apple ဟာ နောက်ထုတ်မယ့် iPad Pro အသစ်များမှာ အရွယ်အစားကို ကျစ်လစ်အောင် ဖန်တီးထားမယ်လို့ သိရပါတယ်။ တက်ဘလက် အသစ်များမှာ နားကြပ်ပေါက်ကိုလည်း ဖယ်ရှားထားမှာပါ။ ဒါဟာ နောက်ဆုံးထုတ် အိုင်ဖုန်းများနဲ့ တူညီသွားပါတယ်။ တက်ဘလက် အသစ်များရဲ့ အရွယ်အစားများလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။

၁၀.၅ လက်မ မော်ဒယ်များဟာ မီလီမီတာအားဖြင့် ၂၄၇.၅ အမြင့်၊ ၁၇၈.၇ အကျယ်နဲ့ ၆ အထူသာ ရှိမယ်လို့ သိရပါတယ်။ လက်ရှိရောင်းထားတဲ့ မော်ဒယ်ဟာ ၂၅၀.၆ အမြင့်၊ ၁၇၄.၁ အကျယ်နဲ့ ၆.၁ အထူ ရှိပါတယ်။ နောက်ထုတ်မယ့် ၁၂.၉ လက်မ မော်ဒယ်ဟာ ၂၈၀ အမြင့်၊ ၂၁၅ အကျယ်နဲ့ ၆.၄ အထူ ရှိမှာပါ။ လက်ရှိမော်ဒယ်ဟာ ၃၀၅.၇ အမြင့်၊ ၂၂၀.၆ အကျယ်နဲ့ ၆.၉ အထူ ရှိပါတယ်။

ဂျပန်က သတင်းကပဲ တက်ဘလက် အသစ်များမှာ FaceID ပါလာမယ်လို့ ဖော်ပြထားပါတယ်။ ဒီသတင်းဟာ ယခင်ကလည်း အခြား သတင်း အရင်းအမြစ်များကနေ ထွက်ခဲ့ဖူးပါတယ်။ Portrait Mode မှာတော့ FaceID ဟာ အလုပ်မလုပ်ဘူးလို့ သိရပါတယ်။

အိုင်ပတ်မှာ Face ID ထည့်သွင်းခြင်းဟာ လုံခြုံရေးအတွက် သာမက Animoji , Memoji များကို အသုံးပြုနိုင်အောင် ဖြစ်ပါတယ်။ အိုင်ပတ်ကို မိသားစုဝင်များ မျှေ၀ အသုံးပြုကြတဲ့အတွက် Animoji , Memoji များကို သုံးကြရင် ပျော်စရာ ကောင်းမှာပါ။

အိုင်ပတ်ရဲ့ ဒီဇိုင်းကို ဆန်းသစ်ထားမှာ ဖြစ်ပြီး စကရင်ရဲ့ အထက်မှာ Notch ပါလာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သူဟာ ဘောင်ပျောက် ဒီဇိုင်း ဖြစ်နိုင်ပါတယ်။ Home Button ကို ဖယ်ရှားထားမှာ ဖြစ်ပြီး iPhone X မှာလို Gesture Navigation များကို သုံးရမှာ ဖြစ်ပါတယ်။ Control Center ကို သုံးတဲ့အခါမှာ iOS 12 Beta မှာ Gesture Navigation အသစ်များ ပါလာပါတယ်။

iOS 12 Beta မှာ အိုင်ပတ်တွင် TrueDepth Camera အလုပ်လုပ်နိုင်မယ့် AvatarKit ကို ထောက်ပံ့လာပါတယ်။ အိုင်ပတ်မှာတော့ တက်ဘလက် အရွယ်နဲ့ ကိုက်ညီတဲ့ Animoji ပါလာမှာပါ။ iOS 12 မှာ Face ID အတွက် Multi-User ကို ထောက်ပံံ့လာမယ့်အတွက် မိသားစုဝင်များအကြားမှာ ကိုယ်ပိုင် Face ID ဖြင့် အိုင်ပတ်ကို သုံးနိုင်မှာပါ။ Multi-User ကို ထောက်ပံ့ခြင်းဟာ အိုင်ဖုန်း ကိုင်သူများအတွက်တော့ သိပ်မလိုအပ်ဘဲ အိုင်ပတ်ကို မျှေ၀ အသုံးပြုတဲ့ လူများအတွက်တော့ အသုံးဝင်လာမှာ ဖြစ်ပါတယ်။

Leave a Reply