Posted on Leave a comment

Bluetooth SIG မွာထြက္ေပၚလာတဲ့ Xiaomi Pocophone F1

Xiaomi  အေနနဲ႔ Mi A2 နဲ႔ Mi A2 Lite စမတ္ဖုန္းေတြကို ယခုရက္ပိုင္းအတြင္း မက္ဒရစ္မွာ မိတ္ဆက္ခဲ့ပါတယ္။ ဒါ့အျပင္ Xiaomi ရဲ႕ sub-brand ျဖစ္လာမယ့္ Pocophone ဖုန္းသစ္ကို မိတ္ဆက္မယ့္ အခ်ိန္ဟာနီးကပ္လာပါၿပီ။ အသစ္ထြက္လာမယ့္ စမတ္ဖုန္းကို F1 လို႔နာမည္ေပးထားၿပီး သူ႕မွာ  Snapdragon 845 ပရိုဆက္ဆာသုံးမွာပါ။  SD845 သုံးထားတဲ့ ဖုန္းေတြထဲမွာ ေစ်းအသက္သာဆုံး စမတ္ဖုန္းျဖစ္လာပါလိမ့္မယ္။ Bluetooth SIG မွာ Pocophone F1ရဲ႕ အဓိကက်တဲ့ အခ်က္အလက္ေတြ ထြက္ရွိလာခဲ့ပါတယ္။

ဒီဖုန္းမွာ ကင္မရာပိုင္းအတြက္ ေနာက္ေက်ာဘက္မွာ 12MP အဓိကနဲ႔အတူ 5MP sensor ပါဝင္လာမွာ ျဖစ္ပါတယ္။ အေရွ႕ဘက္မွာေတာ့  20MP ကင္မရာကို တပ္ဆင္လာမယ့္လို႔ သိရပါတယ္။ sensor အတြက္ Super Pixel နည္းပညာကို ေထာက္ပံ့ေပးလာမွာျဖစ္ၿပီး face unlock လုပ္ေဆာင္ခ်က္ကိုပါ သုံးႏိုင္မွာပါ။ ဖုန္းအသစ္နဲ႔ ပတ္သတ္ၿပီးေနာက္ထပ္သိရတာကေတာ့ သူ႕မွာ 5.99 inches  Full HD + ၊ 1080x2160px display နဲ႔အတူ Grey ၊ Blue အေရာင္ေတြထြက္လာမယ္လို႔ ဆိုပါတယ္။

Pocophone F1 ဖုန္းကို ဥေရာပအေရွ႕ပိုင္းနဲ႔ အိႏိၵယစမတ္ဖုန္း ေစ်းကြက္အတြက္ ရည္ရြယ္ထုတ္လုပ္မွာ ျဖစ္ပါတယ္။ Pocophone F1 ကိုျဖန္႔ခ်ိတဲ့ အခ်ိန္မွာ ေစ်းႏႈန္းက 6/64GB model ကို ယူရို420 နဲ႔ 6/128GB ဗားရွင္းကိုေတာ့ ယူရို 460 ($536)  သတ္မွတ္ထားပါတယ္။  ဒီဇုိင္းကေတာ့ လက္ရွိထြက္ထားတဲ့ စမတ္ဖုန္းေတြျဖစ္တဲ့ Mi 8 နဲ႔ဆင္တူႏုိင္ပါတယ္။

unicode

Xiaomi  အနေနဲ့ Mi A2 နဲ့ Mi A2 Lite စမတ်ဖုန်းတွေကို ယခုရက်ပိုင်းအတွင်း မက်ဒရစ်မှာ မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် Xiaomi ရဲ့ sub-brand ဖြစ်လာမယ့် Pocophone ဖုန်းသစ်ကို မိတ်ဆက်မယ့် အချိန်ဟာနီးကပ်လာပါပြီ။ အသစ်ထွက်လာမယ့် စမတ်ဖုန်းကို F1 လို့နာမည်ပေးထားပြီး သူ့မှာ  Snapdragon 845 ပရိုဆက်ဆာသုံးမှာပါ။  SD845 သုံးထားတဲ့ ဖုန်းတွေထဲမှာ ဈေးအသက်သာဆုံး စမတ်ဖုန်းဖြစ်လာပါလိမ့်မယ်။ Bluetooth SIG မှာ Pocophone F1ရဲ့ အဓိကကျတဲ့ အချက်အလက်တွေ ထွက်ရှိလာခဲ့ပါတယ်။

ဒီဖုန်းမှာ ကင်မရာပိုင်းအတွက် နောက်ကျောဘက်မှာ 12MP အဓိကနဲ့အတူ 5MP sensor ပါဝင်လာမှာ ဖြစ်ပါတယ်။ အရှေ့ဘက်မှာတော့  20MP ကင်မရာကို တပ်ဆင်လာမယ့်လို့ သိရပါတယ်။ sensor အတွက် Super Pixel နည်းပညာကို ထောက်ပံ့ပေးလာမှာဖြစ်ပြီး face unlock လုပ်ဆောင်ချက်ကိုပါ သုံးနိုင်မှာပါ။ ဖုန်းအသစ်နဲ့ ပတ်သတ်ပြီးနောက်ထပ်သိရတာကတော့ သူ့မှာ 5.99 inches  Full HD + ၊ 1080x2160px display နဲ့အတူ Grey ၊ Blue အရောင်တွေထွက်လာမယ်လို့ ဆိုပါတယ်။

Pocophone F1 ဖုန်းကို ဥရောပအရှေ့ပိုင်းနဲ့ အိန္ဒိယစမတ်ဖုန်း ဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Pocophone F1 ကိုဖြန့်ချိတဲ့ အချိန်မှာ ဈေးနှုန်းက 6/64GB model ကို ယူရို420 နဲ့ 6/128GB ဗားရှင်းကိုတော့ ယူရို 460 ($536)  သတ်မှတ်ထားပါတယ်။  ဒီဇိုင်းကတော့ လက်ရှိထွက်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ Mi 8 နဲ့ဆင်တူနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.