Galaxy Tab S4 ကိုၾသဂုတ္လ ၁ရက္ေန႔မွာ Samsung ထုတ္ျပလာမလား

0
899

ကိုရီးယားစမတ္ဖုန္း ထုတ္လုပ္သူ Samsung အေနနဲ႔ ယခုရက္ပိုင္းအတြင္း မိတ္ဆက္သြားမယ္ဆိုတဲ့ သတင္းတစ္ခုကို မီဒီယာေတြဆီ ေပးပို႔ထားပါတယ္။ အခုေတာ့ အဲ့ဒီထုတ္ကုန္သစ္ဟာ ဘာျဖစ္မလဲဆုိတာ သိခဲ့ရပါၿပီ။အဲ့ဒါကေတာ့ Samsung အေနနဲ႔ အေစာပိုင္းက ဘာလင္မွာက်င္းပမယ့္  IFA 2018 ပြဲမွာမိတ္ဆက္မယ္လို႔ ေျပာၾကားထားတဲ့ Galaxy Tab S4 တက္ဘလက္ကို ေစာစီးစြာမိတ္ဆက္သြားေတာ့မွာ ျဖစ္ပါတယ္။

ကုမၸဏီရဲ႕ တက္ဘလက္သစ္ျဖစ္တဲ့ Galaxy Tab S4 ကိုၾသဂုတ္လ ၁ရက္ေန႔မွ ထုတ္ေဖာ္ျပသသြားေတာ့မွာ ျဖစ္ပါတယ္။ Galaxy Tab S4 မွာ 10.5-inch screen နဲ႔အတူ  2560 x 1600 pixels ျဖစ္ၿပီး 16:10 အခ်ိဳးကိုသုံးထားပါတယ္။ ကိုယ္ထည္ကိုပိုမိုေကာင္းမြန္လာေစဖို႔ လက္ေဗြဖတ္စနစ္ကို ဖယ္ရွားၿပီး Face unlock စနစ္ကို သုံးလာႏုိင္ပါတယ္။  hardware စြမ္းေဆာင္ခ်က္ပိုင္းမွာေတာ့ Qualcomm ရဲ႕ Snapdragon 835 ပရိုဆက္ဆာ နဲ႔အတူ 4GB RAM ၊ 64GB storage ကိုသုံးလာဖို႔ မ်ားပါတယ္။

အျခားလုပ္ေဆာင္ေတြ အေနနဲ႔  13MP ကင္မရာကို ေနာက္ေက်ာဘက္မွာတပ္ဆင္ထားၿပီး အေရွ႕ဘက္မွာေတာ့ 8MP ကင္မရာကို သုံးထားမွာပါ။  Galaxy Tab S4 မွာ  7300mAh ဘက္ထရီစြမ္းအားကို သုံးသြားမွာျဖစ္ၿပီး Android 8.1 Oreo တပါတည္း ထည့္သြင္းလာမွာပါ။ အခ်က္အလက္ေတြ ေဝမွ်ႏိုင္ေစဖို႔အတြက္ ျမန္ဆန္သြက္လက္တဲ့ Bluetooth 5.0 ကြန္ရက္ခ်ိတ္ဆက္မႈနဲ႔အတူ Samsung Dex ကိုပါေထာက္ပံ့ေပးမွာပါ။  Samsung အေနနဲ႔ Galaxy Tab S4  အျပင္ Tab A2 ကိုပါတပါတည္း မိတ္ဆက္လာႏိုင္ပါတယ္။ Galaxy Tab S4  ဟာ premium အဆင့္ျဖစ္ၿပီး၊Galaxy Tab A2 ကေတာ့ သင့္တင့္တဲ့ ေစ်းႏႈန္းနဲ႔ ထြက္လာမွာပါ။ တက္ဘလက္၂မ်ိဳးလုံးဟာ ေဘးေဘာင္ေတြက်ဥ္းေျမာင္းၿပီး physical home button ပါဝင္မွာ မဟုတ္ပါဘူး။

unicode

ကိုရီးယားစမတ်ဖုန်း ထုတ်လုပ်သူ Samsung အနေနဲ့ ယခုရက်ပိုင်းအတွင်း မိတ်ဆက်သွားမယ်ဆိုတဲ့ သတင်းတစ်ခုကို မီဒီယာတွေဆီ ပေးပို့ထားပါတယ်။ အခုတော့ အဲ့ဒီထုတ်ကုန်သစ်ဟာ ဘာဖြစ်မလဲဆိုတာ သိခဲ့ရပါပြီ။အဲ့ဒါကတော့ Samsung အနေနဲ့ အစောပိုင်းက ဘာလင်မှာကျင်းပမယ့်  IFA 2018 ပွဲမှာမိတ်ဆက်မယ်လို့ ပြောကြားထားတဲ့ Galaxy Tab S4 တက်ဘလက်ကို စောစီးစွာမိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ တက်ဘလက်သစ်ဖြစ်တဲ့ Galaxy Tab S4 ကိုသြဂုတ်လ ၁ရက်နေ့မှ ထုတ်ဖော်ပြသသွားတော့မှာ ဖြစ်ပါတယ်။ Galaxy Tab S4 မှာ 10.5-inch screen နဲ့အတူ  2560 x 1600 pixels ဖြစ်ပြီး 16:10 အချိုးကိုသုံးထားပါတယ်။ ကိုယ်ထည်ကိုပိုမိုကောင်းမွန်လာစေဖို့ လက်ဗွေဖတ်စနစ်ကို ဖယ်ရှားပြီး Face unlock စနစ်ကို သုံးလာနိုင်ပါတယ်။  hardware စွမ်းဆောင်ချက်ပိုင်းမှာတော့ Qualcomm ရဲ့ Snapdragon 835 ပရိုဆက်ဆာ နဲ့အတူ 4GB RAM ၊ 64GB storage ကိုသုံးလာဖို့ များပါတယ်။

အခြားလုပ်ဆောင်တွေ အနေနဲ့  13MP ကင်မရာကို နောက်ကျောဘက်မှာတပ်ဆင်ထားပြီး အရှေ့ဘက်မှာတော့ 8MP ကင်မရာကို သုံးထားမှာပါ။  Galaxy Tab S4 မှာ  7300mAh ဘက်ထရီစွမ်းအားကို သုံးသွားမှာဖြစ်ပြီး Android 8.1 Oreo တပါတည်း ထည့်သွင်းလာမှာပါ။ အချက်အလက်တွေ ဝေမျှနိုင်စေဖို့အတွက် မြန်ဆန်သွက်လက်တဲ့ Bluetooth 5.0 ကွန်ရက်ချိတ်ဆက်မှုနဲ့အတူ Samsung Dex ကိုပါထောက်ပံ့ပေးမှာပါ။  Samsung အနေနဲ့ Galaxy Tab S4  အပြင် Tab A2 ကိုပါတပါတည်း မိတ်ဆက်လာနိုင်ပါတယ်။ Galaxy Tab S4  ဟာ premium အဆင့်ဖြစ်ပြီး၊Galaxy Tab A2 ကတော့ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ထွက်လာမှာပါ။ တက်ဘလက်၂မျိုးလုံးဟာ ဘေးဘောင်တွေကျဉ်းမြောင်းပြီး physical home button ပါဝင်မှာ မဟုတ်ပါဘူး။

Leave a Reply