slo-mo ဗီဒီယိုရုိက္ကူးမႈမွာ S9 ထက္ပိုေကာင္းလာမယ့္ Galaxy Note9

0
1128

Samsung ရဲ႕အသစ္ထြက္လာမယ့္ Galaxy Note9 နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြဟာ နည္းပညာဝက္ဘ္ဆုိက္ အမ်ားစုမွာ ထြက္ေပၚေနပါၿပီ။ ဒီေန႔မွာလည္း Galaxy Note9 ရဲ႕ ကင္မရာပိုင္းနဲ႔ ပတ္သတ္လို႔ လုပ္ေဆာင္ခ်က္ တစ္ခုထြက္ရွိလာပါတယ္။ အသစ္ထြက္ စမတ္ဖုန္းေတြရဲ႕ အခ်က္အလက္ေတြကို ေဖာ္ျပေပးေနတဲ့ gsmarena မွာျဖစ္ၿပီး Note9 မွာ ဗီဒီယုိေတြကို 960fps ႏႈန္းနဲ႔ရိုက္ကူးႏုိင္ေတာ့မယ္လို ႔ေဖာ္ျပထားပါတယ္။

အဲ့ဒီဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားခ်က္အရ ဗီဒီယုိေတြကို 2160p@60fps, 1080p@240fps, 720p@960fps ႏႈန္းေတြနဲ႔ ရိုက္ကူးႏိုင္မယ္လို႔ သိရပါတယ္။ ဒီစြမ္းေဆာင္ခ်က္ဟာ Galaxy S9 and S9+ ထက္စာရင္ ၂ဆပိုၾကာတဲ့ ႏႈန္းျဖစ္ပါတယ္။ ဒါေၾကာင့္ Galaxy S9 ထက္ပိုေကာင္းတဲ့ slo-mo video ေတြကိုရိုက္ကူးႏိုင္ေတာ့မွာပါ။

အေစာပိုင္းထြက္ထားတဲ့ သတင္းေတြအရ Galaxy Note 9 ရဲ႕ screen ကို Infinity Display 2.0 ကိုသုံးလာမယ္လို႔ ဆိုပါတယ္။  6.3 inches မွာSuper AMOLED နည္းပညာသုံးလာမွာျဖစ္ၿပီး  18.5: 9 အခ်ိဳးနဲ႔ျဖစ္မွာပါ။ ၿပီးခဲ့တဲ့ႏွစ္ကထြက္ထားတဲ့ Note 8 နဲ႔အဓိက ကြာျခားခ်က္အေနနဲ႔ fingerprint scanner ကို dual ကင္မရာရဲ႕ေအာက္ဘက္မွာ တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Samsung အေနနဲ႔ ဘက္ထရီစြမ္းအားပိုင္းမွာ 4000mAh ကိုသုံးလာမွာျဖစ္ၿပီး S Pen ဟာ Bluetooth-controller စြမ္းေဆာင္ခ်က္ ေထာက္ပံ့လာမွာျဖစ္ပါတယ္။

ပရိုဆက္ဆာပိုင္းမွာေတာ့ Exynos 9810 နဲ႔ Qualcomm Snapdragon 845 ဆိုၿပီးခြဲျခား ထြက္ရွိလာမွာပါ။ Galaxy Note 9 ကို 6GB RAM နဲ႔အတူ 64GB, 128 (သုိ႔) 256GB  နဲ႔ထြက္ရွိလာမွာျဖစ္ၿပီး အထူးဗားရွင္း အေနနဲ႔ 8GBRAM /512GB သိုေလွာင္မႈနဲ႔ပါ ထုတ္လုပ္လာပါလိမ့္မယ္။ ၾသဂုတ္လ ၉ရက္ေန႔ နယူးေယာက္မွာ ျပဳလုပ္မယ့္ Galaxy unpacked ပြဲမွာ Galaxy Note 9 ၊ Galaxy Watch တို႔နဲ႔အတူ  Wireless Charger Duo ကိုပါပြဲထုတ္မိတ္ဆက္လာႏုိင္ ေျခရွိပါတယ္။

unicode

Samsung ရဲ့အသစ်ထွက်လာမယ့် Galaxy Note9 နဲ့ပတ်သတ်တဲ့ အချက်အလက်တွေဟာ နည်းပညာဝက်ဘ်ဆိုက် အများစုမှာ ထွက်ပေါ်နေပါပြီ။ ဒီနေ့မှာလည်း Galaxy Note9 ရဲ့ ကင်မရာပိုင်းနဲ့ ပတ်သတ်လို့ လုပ်ဆောင်ချက် တစ်ခုထွက်ရှိလာပါတယ်။ အသစ်ထွက် စမတ်ဖုန်းတွေရဲ့ အချက်အလက်တွေကို ဖော်ပြပေးနေတဲ့ gsmarena မှာဖြစ်ပြီး Note9 မှာ ဗီဒီယိုတွေကို 960fps နှုန်းနဲ့ရိုက်ကူးနိုင်တော့မယ်လို့ဖော်ပြထားပါတယ်။

အဲ့ဒီဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ ဗီဒီယိုတွေကို 2160p@60fps, 1080p@240fps, 720p@960fps နှုန်းတွေနဲ့ ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။ ဒီစွမ်းဆောင်ချက်ဟာ Galaxy S9 and S9+ ထက်စာရင် ၂ဆပိုကြာတဲ့ နှုန်းဖြစ်ပါတယ်။ ဒါကြောင့် Galaxy S9 ထက်ပိုကောင်းတဲ့ slo-mo video တွေကိုရိုက်ကူးနိုင်တော့မှာပါ။

အစောပိုင်းထွက်ထားတဲ့ သတင်းတွေအရ Galaxy Note 9 ရဲ့ screen ကို Infinity Display 2.0 ကိုသုံးလာမယ်လို့ ဆိုပါတယ်။  6.3 inches မှာSuper AMOLED နည်းပညာသုံးလာမှာဖြစ်ပြီး  18.5: 9 အချိုးနဲ့ဖြစ်မှာပါ။ ပြီးခဲ့တဲ့နှစ်ကထွက်ထားတဲ့ Note 8 နဲ့အဓိက ကွာခြားချက်အနေနဲ့ fingerprint scanner ကို dual ကင်မရာရဲ့အောက်ဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Samsung အနေနဲ့ ဘက်ထရီစွမ်းအားပိုင်းမှာ 4000mAh ကိုသုံးလာမှာဖြစ်ပြီး S Pen ဟာ Bluetooth-controller စွမ်းဆောင်ချက် ထောက်ပံ့လာမှာဖြစ်ပါတယ်။

ပရိုဆက်ဆာပိုင်းမှာတော့ Exynos 9810 နဲ့ Qualcomm Snapdragon 845 ဆိုပြီးခွဲခြား ထွက်ရှိလာမှာပါ။ Galaxy Note 9 ကို 6GB RAM နဲ့အတူ 64GB, 128 (သို့) 256GB  နဲ့ထွက်ရှိလာမှာဖြစ်ပြီး အထူးဗားရှင်း အနေနဲ့ 8GBRAM /512GB သိုလှောင်မှုနဲ့ပါ ထုတ်လုပ်လာပါလိမ့်မယ်။ သြဂုတ်လ ၉ရက်နေ့ နယူးယောက်မှာ ပြုလုပ်မယ့် Galaxy unpacked ပွဲမှာ Galaxy Note 9 ၊ Galaxy Watch တို့နဲ့အတူ  Wireless Charger Duo ကိုပါပွဲထုတ်မိတ်ဆက်လာနိုင် ခြေရှိပါတယ်။

Leave a Reply