Xiaomi Mi A2 နဲ႔ Mi A2 Lite အတြက္သိသင့္တဲ့အခ်က္အလက္မ်ား

0
1105

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက Xiaomi အေနနဲ႔  Mi A1 ရဲ႕မ်ိဳးဆက္သစ္ဖုန္းလို႔ ဆိုႏိုင္မယ့္  Mi A2 (above) နဲ႔ Mi A2 Lite ဖုန္းေတြကို မိတ္ဆက္ေပးခဲ့ပါတယ္။ Xiaomi ရဲ႕ Mi A2 စမတ္ဖုန္းကို Qualcomm ရဲ႕Snapdragon 660 ပရိုဆက္ဆာနဲ႔အတူ မိတ္ဆက္ထားပါတယ္။ သူ႕မွာ 4 GB RAM နဲ႔အတူ Adreno 512 ဂရပ္ဖစ္သုံးထားၿပီး  64 GB  အခ်က္အလက္ သိုေလွာင္မႈနဲ႔ျဖစ္ပါတယ္။ Xiaomi Mi A2၊ Mi A2 Lite မွာ ဘယ္လိုဒီဇုိင္းအျပင္အဆင္နဲ႔ စြမ္းအားေတြပါဝင္ လာလဲဆိုတာ ေလ့လာၾကည့္ရေအာင္ . . . .

Xiaomi Mi A2 launch

ဒီဇုိင္း

Xiaomi Mi A2 (Mi 6X) မွာ5.99-inch မ်က္ႏွာျပင္၊ 18:9 အခ်ိဳး 1080 x 2160 full HD+ ေဖာ္ျပႏုိင္စြမ္းနဲ႔ ထုတ္လုပ္ထားပါတယ္။ ပုံရိပ္အေသးစိတ္ ျပသမႈအတြက္ 403ppi နဲ႔ေထာက္ပံ့ေပးထားတဲ့အျပင္ သူ႕မွာEye Mode, Night Mode, Standard mode နဲ႔ temperature change bolster လိုလုပ္ေဆာင္ခ်က္ေတြ ထည့္သြင္းေပးထားပါတယ္။ Xiaomi Mi A2 Lite ကေတာ့မူရင္ Xiaomi Mi A2 နဲ႔ကြဲျပားစြာပဲ ထိပ္ဘက္မွာ Notch ဒီဇုိင္းနဲ႔ျဖစ္ပါတယ္။ သူရဲ႕ဒီဇုိင္းပိုင္းနဲ႔ ပါဝင္တဲ့အခ်က္အလက္ေတြကေတာ့ Xiaomi Redmi 6 Pro နဲ႔တူညီပါတယ္။ မ်က္ႏွာျပင္ 5.84-inch display မွာ 2280 x 1080 pixel နဲ႔ျဖစ္ၿပီး 19:9 အခ်ိဳးနဲ႔ပါ။

Xiaomi Mi A2 front

ကင္မရာ

Mi A2 ရဲ႕ကင္မရာပိုင္းမွာေတာ့ ေနာက္ေက်ာဘက္မွာ 12 + 20 megapixel  နဲ႔အတူ၊အေရွ႕ဘက္မွာ  20 megapixel ကိုသုံးထားပါတယ္။ ကင္မရာေတြဟာ Face Detection အျပင္ စြမ္းအားျပည့္ HDR လုပ္ေဆာင္ခ်က္ကိုပါ ေထာက္ပံ့ေပးပါတယ္။ A2 Lite ရဲ႕ေနာက္ေက်ာဘက္မွာေတာ့ Mi A2 ထက္နိမ့္တဲ့ 12MP+5MP ကိုသာထည့္ေပး ထားပါတယ္။ AI စြမ္းေဆာင္ခ်က္နဲ႔ bokeh shots ေတြကိုေတာ့ ရိုက္ကူးႏုိင္မွာပါ။

Xiaomi Mi A2 Lite launch

Hardware

စမတ္ဖုန္းတစ္လုံးအတြက္ အေရးႀကီးတယ္လို႔ ဆိုႏုိင္တဲ့ဒီအပိုင္းမွာေတာ့ Mi A2  ဟာ 2.2GHz octa ပရိုဆက္ဆာမွာ 4GB RAM နဲ႔ျဖစ္ပါတယ္။  64GB သိုေလွာင္မႈဆိုေပမယ့္ အခ်က္အလက္ေတြကို ထပ္မံတိုးျမင့္ႏိုင္ပါလိမ့္မယ္။ ကင္မရာပိုင္းမွာလည္း ေနာက္ဆုံးေပၚဖုန္းေတြမွာ ပါဝင္တဲ့လုပ္ေဆာင္ခ်က္ေတြအျပင္ Selfie ကိုအေကာင္းဆုံးပံ့ပိုးႏုိင္မွာပါ။  A2 Lite  မွာေတာ့ Snapdragon 625 ပရိုဆက္ဆာကို သုံးထားၿပီး 3GB (သို႔) 4GB  RAM နဲ႔ေရြးခ်ယ္ႏုိင္မွာပါ။ အခ်က္အလက္ သုိေလွာင္မႈပိုင္းအတြက္လည္း 32GB (သို႔) 64GB ဆုိၿပီးရွိပါတယ္။

Xiaomi Mi A2

ဘက္ထရီစြမ္းအား 

Xiaomi Mi A2 မွာAndroid 8.1 Oreo နဲ႔အတူ 3010mAh ဘက္ထရီကုိ ေထာက္ပံ့ေပးထားပါတယ္။ ဖုန္းရဲ႕အရြယ္အစားကေတာ့ 158.70 x 75.40 x 7.30 ရွိၿပီး အေလးခ်ိန္ 168.00 ဂရပ္ရွိပါတယ္။ A2 Lite ရဲ႕ဘက္ထရီစြမ္းအားပိုင္းအတြက္ ႀကီးမားတဲ့ 4,000mAh စြမ္းအားကို သုံးထားၿပီး တစ္ႀကိမ္အားသြင္းထားရင္ ၂ရက္တိတိခံႏုိင္စြမ္းရွိပါတယ္။ 8.75mm အထူရွိၿပီး 178 အေလးခ်ိန္ရွိပါတယ္။

Xiaomi Mi A2 dual camera

ကြန္ရက္ခ်ိတ္ဆက္မႈ

ကြန္ရက္ခ်ိတ္ဆက္မႈပိုင္းအတြက္ Mi A2 နဲ႔ A2 Lite မွာ SIMကတ္၂ခုသုံးအမ်ိဳးအစားျဖစ္ၿပီး Wi-Fi, Bluetooth နဲ႔ NFC ေထာက္ပံ့ပါတယ္။ Sensors ပါဝင္မႈအပိုင္းမွာေတာ့ Proximity sensor, Accelerometer, Ambient light sensor နဲ႔ Gyroscope တို႔ကိုထည့္သြင္းေပးထားပါတယ္။ ေနာက္ေက်ာဘက္မွာေတာ့ လက္ေဗြဖတ္စနစ္ တပ္ဆင္ထားပါတယ္။

ေစ်းႏႈန္း

Mi A2 (4GB/32GB): €249 ($290)

Mi A2 (4GB/64GB): €279 ($325)

Mi A2 (6GB/128GB): €349 ($410)

Mi A2 Lite (3GB/32GB): €179 ($210)

Mi A2 Lite (4GB/64GB): €229 ($270) ျဖစ္ပါတယ္။

unicode

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက Xiaomi အနေနဲ့  Mi A1 ရဲ့မျိုးဆက်သစ်ဖုန်းလို့ ဆိုနိုင်မယ့်  Mi A2 (above) နဲ့ Mi A2 Lite ဖုန်းတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ Xiaomi ရဲ့ Mi A2 စမတ်ဖုန်းကို Qualcomm ရဲ့Snapdragon 660 ပရိုဆက်ဆာနဲ့အတူ မိတ်ဆက်ထားပါတယ်။ သူ့မှာ 4 GB RAM နဲ့အတူ Adreno 512 ဂရပ်ဖစ်သုံးထားပြီး  64 GB  အချက်အလက် သိုလှောင်မှုနဲ့ဖြစ်ပါတယ်။ Xiaomi Mi A2၊ Mi A2 Lite မှာ ဘယ်လိုဒီဇိုင်းအပြင်အဆင်နဲ့ စွမ်းအားတွေပါဝင် လာလဲဆိုတာ လေ့လာကြည့်ရအောင် . . . .

ဒီဇိုင်း

Xiaomi Mi A2 (Mi 6X) မှာ5.99-inch မျက်နှာပြင်၊ 18:9 အချိုး 1080 x 2160 full HD+ ဖော်ပြနိုင်စွမ်းနဲ့ ထုတ်လုပ်ထားပါတယ်။ ပုံရိပ်အသေးစိတ် ပြသမှုအတွက် 403ppi နဲ့ထောက်ပံ့ပေးထားတဲ့အပြင် သူ့မှာEye Mode, Night Mode, Standard mode နဲ့ temperature change bolster လိုလုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားပါတယ်။ Xiaomi Mi A2 Lite ကတော့မူရင် Xiaomi Mi A2 နဲ့ကွဲပြားစွာပဲ ထိပ်ဘက်မှာ Notch ဒီဇိုင်းနဲ့ဖြစ်ပါတယ်။ သူရဲ့ဒီဇိုင်းပိုင်းနဲ့ ပါဝင်တဲ့အချက်အလက်တွေကတော့ Xiaomi Redmi 6 Pro နဲ့တူညီပါတယ်။ မျက်နှာပြင် 5.84-inch display မှာ 2280 x 1080 pixel နဲ့ဖြစ်ပြီး 19:9 အချိုးနဲ့ပါ။

ကင်မရာ

Mi A2 ရဲ့ကင်မရာပိုင်းမှာတော့ နောက်ကျောဘက်မှာ 12 + 20 megapixel  နဲ့အတူ၊အရှေ့ဘက်မှာ  20 megapixel ကိုသုံးထားပါတယ်။ ကင်မရာတွေဟာ Face Detection အပြင် စွမ်းအားပြည့် HDR လုပ်ဆောင်ချက်ကိုပါ ထောက်ပံ့ပေးပါတယ်။ A2 Lite ရဲ့နောက်ကျောဘက်မှာတော့ Mi A2 ထက်နိမ့်တဲ့ 12MP+5MP ကိုသာထည့်ပေး ထားပါတယ်။ AI စွမ်းဆောင်ချက်နဲ့ bokeh shots တွေကိုတော့ ရိုက်ကူးနိုင်မှာပါ။

Hardware

စမတ်ဖုန်းတစ်လုံးအတွက် အရေးကြီးတယ်လို့ ဆိုနိုင်တဲ့ဒီအပိုင်းမှာတော့ Mi A2  ဟာ 2.2GHz octa ပရိုဆက်ဆာမှာ 4GB RAM နဲ့ဖြစ်ပါတယ်။  64GB သိုလှောင်မှုဆိုပေမယ့် အချက်အလက်တွေကို ထပ်မံတိုးမြင့်နိုင်ပါလိမ့်မယ်။ ကင်မရာပိုင်းမှာလည်း နောက်ဆုံးပေါ်ဖုန်းတွေမှာ ပါဝင်တဲ့လုပ်ဆောင်ချက်တွေအပြင် Selfie ကိုအကောင်းဆုံးပံ့ပိုးနိုင်မှာပါ။  A2 Lite  မှာတော့ Snapdragon 625 ပရိုဆက်ဆာကို သုံးထားပြီး 3GB (သို့) 4GB  RAM နဲ့ရွေးချယ်နိုင်မှာပါ။ အချက်အလက် သိုလှောင်မှုပိုင်းအတွက်လည်း 32GB (သို့) 64GB ဆိုပြီးရှိပါတယ်။

ဘက်ထရီစွမ်းအား

Xiaomi Mi A2 မှာAndroid 8.1 Oreo နဲ့အတူ 3010mAh ဘက်ထရီကို ထောက်ပံ့ပေးထားပါတယ်။ ဖုန်းရဲ့အရွယ်အစားကတော့ 158.70 x 75.40 x 7.30 ရှိပြီး အလေးချိန် 168.00 ဂရပ်ရှိပါတယ်။ A2 Lite ရဲ့ဘက်ထရီစွမ်းအားပိုင်းအတွက် ကြီးမားတဲ့ 4,000mAh စွမ်းအားကို သုံးထားပြီး တစ်ကြိမ်အားသွင်းထားရင် ၂ရက်တိတိခံနိုင်စွမ်းရှိပါတယ်။ 8.75mm အထူရှိပြီး 178 အလေးချိန်ရှိပါတယ်။

ကွန်ရက်ချိတ်ဆက်မှု

ကွန်ရက်ချိတ်ဆက်မှုပိုင်းအတွက် Mi A2 နဲ့ A2 Lite မှာ SIMကတ်၂ခုသုံးအမျိုးအစားဖြစ်ပြီး Wi-Fi, Bluetooth နဲ့ NFC ထောက်ပံ့ပါတယ်။ Sensors ပါဝင်မှုအပိုင်းမှာတော့ Proximity sensor, Accelerometer, Ambient light sensor နဲ့ Gyroscope တို့ကိုထည့်သွင်းပေးထားပါတယ်။ နောက်ကျောဘက်မှာတော့ လက်ဗွေဖတ်စနစ် တပ်ဆင်ထားပါတယ်။

ဈေးနှုန်း

Mi A2 (4GB/32GB): €249 ($290)

Mi A2 (4GB/64GB): €279 ($325)

Mi A2 (6GB/128GB): €349 ($410)

Mi A2 Lite (3GB/32GB): €179 ($210)

Mi A2 Lite (4GB/64GB): €229 ($270) ဖြစ်ပါတယ်။

Leave a Reply