Xiaomi Mi 8 SE ကို 128 GB ဗားရှင်းပါထပ်မံထုတ်လုပ်

0
1041




unicode

Xiaomi  အနေနဲ့ Mi 8 SE ကိုစတင် မိတ်ဆက်တဲ့ အချိန်တုန်းက 64 GB storage နဲ့အတူ၊ မတူညီတဲ့  RAM  ဗားရှင်း၂မျိုးနဲ့ ဖြန့်ချိခဲ့ပါတယ်။ 4 GB (သို့) 6 GB RAm ဖုန်းတွေပါ။ အခုတော့ ကုမ္ပဏီအနေနဲ့128 GB storage နဲ့ Xiaomi Mi 8 SE ကို Mi Store မှာတင်ပေးလိုက်ပါပြီ။ အသစ်ထွက်လာတဲ့ စမတ်ဖုန်းဟာ ယခင်ထွက်ထားတဲ့ Mi 8 SE ဖုန်းတွေနဲ့ အချက်အလက်အကုန်တူညီပြီး ROM ပိုင်းသာကွဲပြားသွားမှာပါ။  Xiaomi Mi 8 SE ဗားရှင်းအသစ်ကို ဈေးနှုန်း $380/€290 နဲ့ရောင်းချသွားမှာဖြစ်ပြီး စိတ်မကောင်းစရာကတော့ Gray အရောင်တစ်မျိုးထဲသာ ရနိုင်အုံးမှာ ဖြစ်ပါတယ်။

Xiaomi Mi 8 SE က မျက်နှာပြင် ၅.၈၈ လက်မရှိပြီး Super AMOLED FHD+ (1080×2244) ရုပ်ထွက်နှင့် ထောက်ပံ့ထားပြီး 18:7:9 သုံးထားပါတယ်။ Notch လည်းပါဝင်လာပါတယ်။  ဈေးသက်သာတဲ့ဖုန်းဖြစ်တာကြောင့် Mi 8 SE မှာ Mi 8 မှာလို 3D Face ID မပါဝင်ပါဘူး။ ဖုန်းဖွင့် ဖို့အတွက် ကျောဘက်မှာ ထည့်သွင်းထားတဲ့ လက်ဗွေရာစနစ်ကိုပဲ အသုံးပြုရပါမယ်။

Xiaomi Mi 8 SE ဟာ Qualcomm ရဲ့ Snapdragon 710 chip တွေကို ပထမဆုံးသုံးထားတဲ့စမတ်ဖုန်းဖြစ်ပြီး ဒီ Chipset က 10nm နှင့်ဖန်တီးထားတာဖြစ်ပြီး AR နှင့် AI စနစ်တို့ ပါဝင်ပါတယ်။ သူ့မှာ 2.2GHz အမြန်နှုန်းရှိတဲ့  Octa-core Kryo 360 CPU နဲ့ ဂရပ်ဖစ်ပိုင်းအတွက် Adreno 616 GPU ပါဝင်ပါတယ်။  အနောက်ဘက်မှာ 12MP+5MP dual ကင်မရာကိုတပ်ဆင်ပေးထားပြီး Selfie ကင်မရာ ပိုင်းမှာတော့ 20MP နဲ့အတူ AI Portrait Selfie တွေလည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Battery ကတော့ 3120mAh ပါဝင်ပြီး၊ 18W Quick Charge 3.0 ဖြင့် အလျှင်အမြန် အားသွင်းနိုင်ပါမယ်။

Leave a Reply