Oppo Find X ကိုပိုမိုအဆင့္ျမင့္တဲ့ Super Flash Edition ပါထပ္ထုတ္အုံးမည္

0
1052

OPPO အေနနဲ႔ သူတို႔ရဲ႕ ေနာက္ဆုံးေပၚ စမတ္ဖုန္းလို႔ ဆိုႏုိင္မယ့္  Find  စီးရီးဖုန္းသစ္ကို ပုံမွန္ Oppo Find X အျပင္၊ Super VOOC charging စနစ္ကို သုံးထားတဲ့  Lamborghini Edition ကိုပါထုတ္လုပ္ေပးထားပါတယ္။ ဒီေန႔မွာေတာ့ တရုတ္စမတ္ဖုန္း ကုမၸဏီအေနနဲ႔ Lamborghini အဆင့္ျမင့္ ဖုန္းလို႔မ်ိဳး ေနာက္ဆုံးေပၚအားသြင္းစနစ္နဲ႔ super_flash_edition ဖုန္းကိုပါ ထပ္မံထုတ္လုပ္ဖုိ႔ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။အခုဆိုရင္ အသစ္ထြက္လာမယ့္ super flash edition ဖုန္းဟာ 3C ရဲ႕ အသိအမွတ္ျပဳခြင့္ျပဳခ်က္ကို ရရွိၿပီ ျဖစ္ပါတယ္။ 3C မွာအသစ္ထြက္မယ့္ စမတ္ဖုန္းရဲ႕ ေမာ္ဒယ္ကို VCA5JACH လို႔ေဖာ္ျပေပးထားပါတယ္။

သူ႕မွာoutput ကို 10V/5A  ဆိုၿပီးေပးထားပါတယ္။ Oppo Find X Super Flash Edition ရဲ႕ေစ်းႏႈန္းက ေဒၚလာ ၈၈၆ ျဖစ္လာပါမယ္။ မူလဖုန္းရဲ႕ ေစ်းႏႈန္းကေတာ့ ယြမ္  4,999 ($738) ျဖစ္ပါတယ္။ သူ႕မွာ Super VOOC charger ပါဝင္လာမွာျဖစ္ၿပီး  256GB  internal storage ျဖစ္မွာပါ။ OPPO ရဲ႕ မူလ Find X မွာေတာ့ လုပ္ေဆာင္ခ်က္ေတြအေနနဲ႔ Qualcomm ရဲ႕ Snapdragon 845 ပရိုဆက္ဆာကို တပ္ဆင္ထားၿပီး Octa-core (4×2.8 GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver) ျဖစ္ပါတယ္။

အေရွ႕ဘက္မွာ 25-megapixel (f/2.0)ကင္မရာကို တပ္ဆင္ေပး ထားၿပီး 3D facial scanning စနစ္နဲ႔ ေထာက္ပံ့ေပးထားပါတယ္။ အေနာက္ဘက္ျခမ္း မွာေတာ့ 16-megapixel + 20-megapixel ကို dual တပ္ဆင္ထားၿပီး Oppo ကုမၸဏီရဲ႕ေျပာၾကားခ်က္အရ ဖုန္းကို unlock ျပဳလုပ္ဖုိ႔ၾကာ ခ်ိန္ဟာ 0.5 သာရွိမယ္လို႔ ဆိုပါတယ္။  Find X မွာအစဥ္အလာပုံစံအတုိင္း လက္ေဗြဖတ္စနစ္မပါဝင္သလို၊ Nex လိုမ်ိဳး under-screen လက္ေဗြဖတ္စနစ္ကို မသုံးထားပါဘူး။ အဲ့ဒီနည္းပညာေတြအစား ဖုန္းကို biometric အသိအမွတ္ျပဳမႈစနစ္နဲ႔ ဝင္ေရာက္ႏုိင္မယ့္3D facial scanner ကိုသုံးေပးထားပါတယ္။

unicode

OPPO အနေနဲ့ သူတို့ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းလို့ ဆိုနိုင်မယ့်  Find  စီးရီးဖုန်းသစ်ကို ပုံမှန် Oppo Find X အပြင်၊ Super VOOC charging စနစ်ကို သုံးထားတဲ့  Lamborghini Edition ကိုပါထုတ်လုပ်ပေးထားပါတယ်။ ဒီနေ့မှာတော့ တရုတ်စမတ်ဖုန်း ကုမ္ပဏီအနေနဲ့ Lamborghini အဆင့်မြင့် ဖုန်းလို့မျိုး နောက်ဆုံးပေါ်အားသွင်းစနစ်နဲ့ super_flash_edition ဖုန်းကိုပါ ထပ်မံထုတ်လုပ်ဖို့ ပြုလုပ်နေတယ်လို့ သိရပါတယ်။အခုဆိုရင် အသစ်ထွက်လာမယ့် super flash edition ဖုန်းဟာ 3C ရဲ့ အသိအမှတ်ပြုခွင့်ပြုချက်ကို ရရှိပြီ ဖြစ်ပါတယ်။ 3C မှာအသစ်ထွက်မယ့် စမတ်ဖုန်းရဲ့ မော်ဒယ်ကို VCA5JACH လို့ဖော်ပြပေးထားပါတယ်။

သူ့မှာoutput ကို 10V/5A  ဆိုပြီးပေးထားပါတယ်။ Oppo Find X Super Flash Edition ရဲ့ဈေးနှုန်းက ဒေါ်လာ ၈၈၆ ဖြစ်လာပါမယ်။ မူလဖုန်းရဲ့ ဈေးနှုန်းကတော့ ယွမ်  4,999 ($738) ဖြစ်ပါတယ်။ သူ့မှာ Super VOOC charger ပါဝင်လာမှာဖြစ်ပြီး  256GB  internal storage ဖြစ်မှာပါ။ OPPO ရဲ့ မူလ Find X မှာတော့ လုပ်ဆောင်ချက်တွေအနေနဲ့ Qualcomm ရဲ့ Snapdragon 845 ပရိုဆက်ဆာကို တပ်ဆင်ထားပြီး Octa-core (4×2.8 GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver) ဖြစ်ပါတယ်။

အရှေ့ဘက်မှာ 25-megapixel (f/2.0)ကင်မရာကို တပ်ဆင်ပေး ထားပြီး 3D facial scanning စနစ်နဲ့ ထောက်ပံ့ပေးထားပါတယ်။ အနောက်ဘက်ခြမ်း မှာတော့ 16-megapixel + 20-megapixel ကို dual တပ်ဆင်ထားပြီး Oppo ကုမ္ပဏီရဲ့ပြောကြားချက်အရ ဖုန်းကို unlock ပြုလုပ်ဖို့ကြာ ချိန်ဟာ 0.5 သာရှိမယ်လို့ ဆိုပါတယ်။  Find X မှာအစဉ်အလာပုံစံအတိုင်း လက်ဗွေဖတ်စနစ်မပါဝင်သလို၊ Nex လိုမျိုး under-screen လက်ဗွေဖတ်စနစ်ကို မသုံးထားပါဘူး။ အဲ့ဒီနည်းပညာတွေအစား ဖုန်းကို biometric အသိအမှတ်ပြုမှုစနစ်နဲ့ ဝင်ရောက်နိုင်မယ့်3D facial scanner ကိုသုံးပေးထားပါတယ်။

Leave a Reply