Moto Z3 Play နဲ႔ Moto E5 Plus ဒီဇိုင္းပုံမ်ား TENAA ထြက္ရွိလာ

0
881

Motorola အေနနဲ႔ စမတ္ဖုန္းသစ္၂မ်ိဳးကို တရုတ္ႏုိင္ငံမွာ မိတ္ဆက္ဖို႔ ျပင္ဆင္ေနပါတယ္။  သတင္းေတြအရ အသစ္မိတ္ဆက္မယ့္ စမတ္ဖုန္းေမာ္ဒယ္ေတြဟာ  Moto Z3 Play နဲ႔ Moto E5 Play တို႔ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီေန႔မွာေတာ့ အဲ့ဒီစမတ္ဖုန္း ၂လုံးရဲ႕ အခ်က္အလက္နဲ႔ ဒီဇုိင္းပုံေတြဟာ TENAA မွာထြက္ေပၚလာပါတယ္။ Moto Z3 Play ကိုတရုတ္ႏုိင္ငံ ေစ်းကြက္အတြက္ ထုတ္လုပ္သြားမွာျဖစ္ၿပီး သူ႕မွာ Snapdragon 660 (သို႕) Snapdragon 636  ပရိုဆက္ဆာကို သုံးလာဖို႔ မ်ားပါတယ္။

Z3 Play ဖုန္းကို မူကြဲ၂မိ်ဳးနဲ႔ ထုတ္လုပ္လာႏုိင္ၿပီး တရုတ္ဗားရွင္းဖုန္းမွာေတာ့ 3,300 mAh ဘက္ထရီကို အသုံးျပဳသြားမွာျဖစ္ၿပီး၊ ပုံမွန္ဗားရွင္းမွာေတာ့ 3,000 mAh ဘက္ထရီကုိသာ အသုံးျပဳလာမွာပါ။ အခ်က္အလက္သိုေလွာင္မႈပိုင္းအတြက္  4GB + 64GB နဲ႔ 6GB + 128GB ဆိုၿပီး ထြက္လာႏိုင္ပါတယ္။Moto E5 Plus ကိုတရုတ္ဗားရွင္းနဲ႔ ပုံမွန္ဗားရွင္း ဆုိၿပီးခြဲျခား ထုတ္လုပ္သြားမွာပါ။ တရုတ္ႏုိင္ငံအတြက္ဖုန္းမွာ ဘက္ထရီပိုင္း အနည္းငယ္ေလ်ာ့နည္း လာပါလိမ့္မယ္။ သတင္းေတြအရ တရုတ္ဗားရွင္းမွာ 4,850 mAh ဘက္ထရီကို သုံးသြားမွာျဖစ္ၿပီး ပုံမွန္ဗားရွင္းမွာေတာ့ 5,000 mAh လိုႀကီးမားတဲ့ ဘက္ထရီကို တပ္ဆင္ထားမွာ ျဖစ္ပါတယ္။

အခ်က္အလက္ပိုင္းမွာေတာ့ 2GB/16GB နဲ႔ 3GB/32GB နဲ႔လာဖို႔ မ်ားပါတယ္။တရုတ္ႏုိင္ငံအတြက္ ထုတ္မယ့္Moto E5 Plus မွာေတာ့ GB/32GB, 4GB/128GB နဲ႔ 6GB/128GB ဆိုၿပီး ေရြးခ်ယ္စရာေတြ မ်ားျပားပါလိမ့္မယ္။ TENAA မွာထပ္မံေတြ႕ရတဲ့ အခ်က္အလက္ေတြမွာေတာ့ 1.4GHz octa-core ပရိုဆက္ဆာကို သုံးသြားဖို႔မ်ားၿပီး Snapdragon 425 နဲ႔ Snapdragon 430 ဆိုၿပီး chips ပိုင္းကြဲျပားမယ္လို႔ သိရပါတယ္။ အျခားဖုန္းတည္ေဆာက္မႈ အပိုင္းမွာေတာ့ ဖုန္းေတြဟာတူညီမွာပါ။

unicode

Motorola အနေနဲ့ စမတ်ဖုန်းသစ်၂မျိုးကို တရုတ်နိုင်ငံမှာ မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။  သတင်းတွေအရ အသစ်မိတ်ဆက်မယ့် စမတ်ဖုန်းမော်ဒယ်တွေဟာ  Moto Z3 Play နဲ့ Moto E5 Play တို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီစမတ်ဖုန်း ၂လုံးရဲ့ အချက်အလက်နဲ့ ဒီဇိုင်းပုံတွေဟာ TENAA မှာထွက်ပေါ်လာပါတယ်။ Moto Z3 Play ကိုတရုတ်နိုင်ငံ ဈေးကွက်အတွက် ထုတ်လုပ်သွားမှာဖြစ်ပြီး သူ့မှာ Snapdragon 660 (သို့) Snapdragon 636  ပရိုဆက်ဆာကို သုံးလာဖို့ များပါတယ်။

Z3 Play ဖုန်းကို မူကွဲ၂မျိုးနဲ့ ထုတ်လုပ်လာနိုင်ပြီး တရုတ်ဗားရှင်းဖုန်းမှာတော့ 3,300 mAh ဘက်ထရီကို အသုံးပြုသွားမှာဖြစ်ပြီး၊ ပုံမှန်ဗားရှင်းမှာတော့ 3,000 mAh ဘက်ထရီကိုသာ အသုံးပြုလာမှာပါ။ အချက်အလက်သိုလှောင်မှုပိုင်းအတွက်  4GB + 64GB နဲ့ 6GB + 128GB ဆိုပြီး ထွက်လာနိုင်ပါတယ်။Moto E5 Plus ကိုတရုတ်ဗားရှင်းနဲ့ ပုံမှန်ဗားရှင်း ဆိုပြီးခွဲခြား ထုတ်လုပ်သွားမှာပါ။ တရုတ်နိုင်ငံအတွက်ဖုန်းမှာ ဘက်ထရီပိုင်း အနည်းငယ်လျော့နည်း လာပါလိမ့်မယ်။ သတင်းတွေအရ တရုတ်ဗားရှင်းမှာ 4,850 mAh ဘက်ထရီကို သုံးသွားမှာဖြစ်ပြီး ပုံမှန်ဗားရှင်းမှာတော့ 5,000 mAh လိုကြီးမားတဲ့ ဘက်ထရီကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

အချက်အလက်ပိုင်းမှာတော့ 2GB/16GB နဲ့ 3GB/32GB နဲ့လာဖို့ များပါတယ်။တရုတ်နိုင်ငံအတွက် ထုတ်မယ့်Moto E5 Plus မှာတော့ GB/32GB, 4GB/128GB နဲ့ 6GB/128GB ဆိုပြီး ရွေးချယ်စရာတွေ များပြားပါလိမ့်မယ်။ TENAA မှာထပ်မံတွေ့ရတဲ့ အချက်အလက်တွေမှာတော့ 1.4GHz octa-core ပရိုဆက်ဆာကို သုံးသွားဖို့များပြီး Snapdragon 425 နဲ့ Snapdragon 430 ဆိုပြီး chips ပိုင်းကွဲပြားမယ်လို့ သိရပါတယ်။ အခြားဖုန်းတည်ဆောက်မှု အပိုင်းမှာတော့ ဖုန်းတွေဟာတူညီမှာပါ။

Leave a Reply