5000mAh ဘက်ထရီစွမ်းအားနဲ့ ထွက်လာမယ့် Honor Note 10

0
945




unicode

Huawei ရဲ့ Honor Note 10 မှာ ဘက်ထရီ 5000mAh စွမ်းအားပါဝင်လာဖို့ သေချာသွားပြီ ဖြစ်ပါတယ်။ Honor Note 10 နဲ့ပတ်သတ်ပြီး ဒီနေ့ထွက်ပေါ်လာတဲ့ TEASER ရဲ့အချက်အလက်ဖော်ပြမှုအရ သူ့မှာ စွမ်းအားပြည့်ဘက်ထရီ အသုံးပြုလာတော့မယ်ဆိုတာကို သိရှိခဲ့ရတာပဲ ဖြစ်ပါတယ်။ TEASER ဓာတ်ပုံမှာ 5000 ဆိုတဲ့စာလုံးကို ထင်ရှားအောင် ပြသထားတာကြောင့်ပါ။ အစောပိုင်းထွက်ထားတဲ့ သတင်းတွေအရ Honor Note 10 ကို သတ္တုကိုယ်ထည်နှင့် တည်ဆောက်ထားပြီး 18:9 သုံးထားပါတယ်။

Honor Note 10 ကို P20 စီးရီးမှာ အသုံးပြုထားတဲ့ Kirin 970 SoC နှင့် ပါဝါထောက်ပံ့လာပါမယ်။ ဒါ့အပြင် လတ်တလောနာမည်ကြီးနေတဲ့ Huawei ရဲ့ GPU စွမ်းဆောင်ရည်မြင့် ဆော့ဝဲလ် GPU Turbo နည်းပညာပါဝင်လာပါမယ်။ GPU Turbo 2.0 တောင်သုံးလာမယ်လို့ သတင်းထွက်နေပါတယ်။ မျက်နှာပြင် 6.99″  Display နဲ့  AMOLED display မှာ 2220×1080px နဲ့ဖြစ်မှာပါ။ အချက်အလက်သိုလှောင်မှုအတွက် Honor Note 10 မှာ RAM 8GB နဲ့အတူ Storage 128GB အထိ ပါဝင်လာပါမယ်။

ဓာတ်ပုံပိုင်းအတွက် AI စနစ်ထောက်ပံ့ထားတဲ့ ကျောဘက်ကင်မရာနှစ်လုံး ပါဝင်ပါမယ်။ ကင်မရာစွမ်းအားကတော့ 24MP + 16MP ဖြစ်ပါတယ်။  အရှေ့ဘက်မှာတော့ 13MP ကင်မရာတပ်ဆင်ပေးထားမှာပါ။ OS ပိုင်းအတွက် 8.1.1 Oreo နဲ့အတူ USB type-C port နဲ့ NFC support လုပ်ပါလိမ့်မယ်။ NOTE 10 ကို Rolls Royce EDITION ပါထုတ်လုပ်သွားနိုင်ပါတယ်။   Honor Note 10 ကို global အနေနဲ့ August 31 ရက်ပြုလုပ်မယ့်  IFA Berlin မှာမိတ်ဆက်သွားမှာဖြစ်ပြီး၊ တရုတ်မှာတော့ ယခု၃၁ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။

Leave a Reply