အီလက္ထေရာနစ္နဲ႔ မိုဘိုင္းဖုန္း ထုတ္လုပ္သူ TCL အေနနဲ႔ BlackBerry Key2 စမတ္ဖုန္းကို ၿပီးခဲ့တဲ့ ဇြန္လက နယူးေယာက္မွာ မိတ္ဆက္ခဲ့ပါတယ္။ သိပ္မၾကာခင္အခ်ိန္ကပဲ BlackBerry Key2 ကို Lite အျဖစ္ထုတ္လုပ္ဖို႔ ျပင္ဆင္ေနတယ္ဆိုတဲ့ သတင္းေတြထြက္လာခဲ့ပါတယ္။ စမတ္ဖုန္းနဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေပါက္ၾကားမႈေတြကို အၿမဲေဖာ္ျပေလ့ရွိတဲ့Evan Blass ကသူရဲ႕ twitter မွာKey2 စမတ္ဖုန္းရဲ႕ Lite version ထြက္လာမွာျဖစ္ၿပီး codenamed ‘Luna’ ေပးထားတယ္လို႔ လြန္ခဲ့တဲ့ တစ္ပတ္ေလာက္က တင္ခဲ့ပါတယ္။
ဒီေန႔မွာေတာ့ စမတ္ဖုန္းသစ္၂မ်ိဳးရဲ႕ အခ်က္အလက္ေတြဟာ FCC မွာထြက္ရွိလာပါတယ္။ ေမာ္ဒယ္နံပါတ္ BBE 100-1 နဲ႔ BBE 100-2 တို႔ျဖစ္ၿပီး၊ ဒီဖုန္းေတြဟာ BlackBerry Key2 ရဲ႕မတူညီတဲ့ ဗားရွင္းဖုန္းေတြ ျဖစ္ႏိုင္ပါတယ္။ Lite ဗားရွင္းဖုန္းမွာ ကြန္ရက္အခ်က္အလက္ေတြ အေနနဲ႔ Wi-Fi 802.11 a/b/g/n ac (2.4GHz + 5GHz), Bluetooth , NFC လုပ္ေဆာင္ခ်က္ေတြအျပင္ ဘက္ထရီစြမ္းအား 2,900 mAh ကိုသံုးလာမွာျဖစ္ပါတယ္။
BBE 100-2 ရဲ႕ benchmarking ဆိုက္ျဖစ္တဲ့ GeekBench မွာထြက္ထားတဲ့ အခ်က္အလက္ေတြအရ 1.84GHz အျမန္ႏႈန္းရွိတဲ့ Quad-core Qualcomm Snapdragon ကိုသုံးလာမယ္လုိ႔ ဆိုပါတယ္။ စမတ္ဖုန္းသစ္ေတြနဲ႔ ပတ္သတ္တဲ့ အခ်က္အလက္ေတြကေတာ့ IFA ပဲြမွသာ အေသးစိတ္သိရပါလိမ့္မယ္။ လက္ရွိထြက္ထားတဲ့ အခ်က္အလက္ေတြအရေတာ့ Lite ဖုန္းကို ကြဲျပားတဲ့ပရိုဆက္ဆာနဲ႔ ထုတ္လုပ္လာႏုိင္ပါတယ္။
unicode
အီလက်ထရောနစ်နဲ့ မိုဘိုင်းဖုန်း ထုတ်လုပ်သူ TCL အနေနဲ့ BlackBerry Key2 စမတ်ဖုန်းကို ပြီးခဲ့တဲ့ ဇွန်လက နယူးယောက်မှာ မိတ်ဆက်ခဲ့ပါတယ်။ သိပ်မကြာခင်အချိန်ကပဲ BlackBerry Key2 ကို Lite အဖြစ်ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပါတယ်။ စမတ်ဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်ပေါက်ကြားမှုတွေကို အမြဲဖော်ပြလေ့ရှိတဲ့Evan Blass ကသူရဲ့ twitter မှာKey2 စမတ်ဖုန်းရဲ့ Lite version ထွက်လာမှာဖြစ်ပြီး codenamed ‘Luna’ ပေးထားတယ်လို့ လွန်ခဲ့တဲ့ တစ်ပတ်လောက်က တင်ခဲ့ပါတယ်။
ဒီနေ့မှာတော့ စမတ်ဖုန်းသစ်၂မျိုးရဲ့ အချက်အလက်တွေဟာ FCC မှာထွက်ရှိလာပါတယ်။ မော်ဒယ်နံပါတ် BBE 100-1 နဲ့ BBE 100-2 တို့ဖြစ်ပြီး၊ ဒီဖုန်းတွေဟာ BlackBerry Key2 ရဲ့မတူညီတဲ့ ဗားရှင်းဖုန်းတွေ ဖြစ်နိုင်ပါတယ်။ Lite ဗားရှင်းဖုန်းမှာ ကွန်ရက်အချက်အလက်တွေ အနေနဲ့ Wi-Fi 802.11 a/b/g/n ac (2.4GHz + 5GHz), Bluetooth , NFC လုပ်ဆောင်ချက်တွေအပြင် ဘက်ထရီစွမ်းအား 2,900 mAh ကိုသုံးလာမှာဖြစ်ပါတယ်။
BBE 100-2 ရဲ့ benchmarking ဆိုက်ဖြစ်တဲ့ GeekBench မှာထွက်ထားတဲ့ အချက်အလက်တွေအရ 1.84GHz အမြန်နှုန်းရှိတဲ့ Quad-core Qualcomm Snapdragon ကိုသုံးလာမယ်လို့ ဆိုပါတယ်။ စမတ်ဖုန်းသစ်တွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကတော့ IFA ပွဲမှသာ အသေးစိတ်သိရပါလိမ့်မယ်။ လက်ရှိထွက်ထားတဲ့ အချက်အလက်တွေအရတော့ Lite ဖုန်းကို ကွဲပြားတဲ့ပရိုဆက်ဆာနဲ့ ထုတ်လုပ်လာနိုင်ပါတယ်။