0
1057
unicode
သြဂုတ်လ ၁ ရက်နေ့မှာ ကြေညာမယ့် Honor Play Special Edition
Huawei က ပြီးခဲ့တဲ့ လက ဂိမ်းအသားပေး Honor Play ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ အထူးထုတ် မော်ဒယ်ကို သြဂုတ်လ ၁ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။ သူ့မှာ လေဆာဖြင့် ထွင်းထားတဲ့ မျဉ်းကြောင်းများပါတဲ့ အနောက် ကိုယ်ထည် ထည့်သွင်းထားပါတယ်။ ဉာဏ်ရည်တု နည်းပညာပါတဲ့ ကင်မရာများ ပါပါတယ်။ အနက်နဲ့ အနီရောင်များ ထုတ်လုပ်ပေးထားမှာပါ။ Game ကစားဖို့ ကောင်းမွန်တဲ့ GPU Turbo နည်းပညာလည်း ပါပါတယ်။ ၃၆၆ ဒေါ်လာ ဝန်းကျင်ကျသင့်နိုင်ပါတယ်။
အခြား Specifications များကတော့ မူလမော်ဒယ်နဲ့ တူညီကြပါတယ်။ သူ့မှာ Kirin 970 Chipset ထည့်သွင်းထားပါတယ်။ သူ့မှာမျက်နှာပြင် 6.3” လက်မရှိပြီး 19:9 Aspect Ratio ဖြစ်တာကြောင့် ခပ်ရှည်ရှည်ပုံစံကို မြင်တွေ့ရမှာပါ။
မျက်နှာပြင်ဖော်ပြနိုင်မှုကတော့ 1,080 x 2,280 px နဲ့ဖြစ်ပါတယ်။ 3D Game အသံထွက်နဲ့ 7.1 Channel အသံပတ်လည်ပြေးစနစ်အတွက် Histen Audio Tech ကိုထောက်ပံ့ပေးထားပါတယ်။ 3,750 mAh ဘက်ထရီကိုသုံးထားပြီး Nubia Red Magic ဖုန်းနဲ့ဘက်ထရီ အရွယ်အစားတူညီပါတယ်။ Android 8.1 Oreo နဲ့အတူ EMUI 8.2 ကိုတစ်ပါတည်း သုံးနိုင်မှာဖြစ်ပါတယ်။
ကင်မရာပိုင်းမှာတော့ 16 MP + 2 MP dual camera ကိုနောက်ကျောဘက်မှာ တပ်ဆင်ထားပြီး 16 MP Selfie Camera ဟာ iPhone မှာလိုမျိုး 3D Portrait Lighting စနစ်ထည့်သွင်းပေးထားပါတယ်။ 4GB RAM or 6GB RAM များ ရွေးချယ်နိုင်ပါတယ်။ 64GB Storage ပါပါတယ်။
Leave a Reply