ဇူလိုင္လ ၃၀ ရက္ေန႔မွာ Meizu 16 နဲ႔ 16 Plus တို႔ကို မိတ္ဆက္ဖို႔ ဖိတ္စာမ်ား ပို႔လိုက္ၿပီ

0
621

စြမ္းေဆာင္ရည္ျမင့္ ဖုန္းမ်ားျဖစ္တဲ့ Meizu 16 နဲ႔ 16 Plus တို႔ရဲ႕ သတင္းမ်ား ေပါက္ၾကားထြက္ေပၚေနပါတယ္။ သူတို႔ကို ၾသဂုတ္လ ၈ ရက္ေန႔မွာ ေၾကညာမယ္လို႔ ယခင္က သတင္းထြက္ခဲ့ပါတယ္။ အခုေတာ့ ၾသဂုတ္လ ၈ ရက္ေန႔မွာ သူတို႔ကို ေရာင္းခ်မယ္လို႔ ထင္ရပါတယ္။ ဘာလို႔လဲဆိုေတာ့ ကုမၸဏီက ဇူလိုင္လ ၃၀ ရက္ေန႔မွာ သူတို႔ကို မိတ္ဆက္ဖို႔ ဖိတ္စာမ်ားကို တရုတ္ မီဒီယာမ်ားထံ ပို႔လိုက္လို႔ ျဖစ္ပါတယ္။

Plus Model ရဲ႕ ဓါတ္ပံုတစ္ခုလည္း အြန္လိုင္းမွာ ထြက္ေပၚခဲ့ဖူးပါတယ္။ သူ႔ရဲ႕ အေနာက္မွာ လက္ေဗြရာ ကိရိယာ မပါပါဘူး။ စီအီးအိုက Plus Model မွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ထည့္ထားမယ္လို႔ ေျပာထားပါတယ္။

Meizu ကုမၼဏီတည္ေထာင္သူဟာတစ္ေန႔တစ္မ်ိဳး Meizu 16 ရဲ႕သတင္းအခ်က္လက္ေတြကိုထုတ္ျပန္ေနပါတယ္။ ယခင္ကလည္း Meizu 16 ရဲ႕စြမ္းေဆာင္ရည္ႏွင့္သက္ေတာင့္သက္သာရွိမႈနဲ႔ပတ္သက္တဲ့ သတင္းကို ေျပာခဲ့ဖူးပါတယ္။ Meizu 16 Plus မွာ SD845 အတြက္အပူေလွ်ာ့ခ်ေပးတဲ့နည္းပညာပါ၀င္လာမွာျဖစ္ပါတယ္။

Meizu 16 Plus ဟာ Snapdrragon 845 ရဲ႕စြမ္းရည္မ်ားကိုရယူသံုးစြဲထားတဲ့ စြမ္းရည္ျမင့္ဖုန္း ၁ လံုးျဖစ္ပါတယ္။ အရင္သတင္းမ်ားက Meizu 16 ဟာ Model ၂ မ်ိဴးထြက္ေပၚလာလိမ့္မယ္လို႔ေဖာ္ျပထားပါတယ္။ သာမန္ Model နဲ႔ အရြယ္ႀကီး Model ျဖစ္ပါတယ္။ သာမန္ Model မွာ Snapdragon 710 ပါရွိၿပီး အရြယ္ႀကီး Model မွာ Snapdragon 845 ပါရွိမွာျဖစ္ပါတယ္။

စိတ္၀င္စားစရာေကာင္းတာက SD845 ပါတဲ့ အရြယ္ႀကီး Model မွာ Copper Heat Pipe ပါမွာပါ။ အဲ့ဒီအတြက္ ဒီဖုန္းဟာ SD845 ရဲ႕စြမ္းေဆာင္ရည္အားလံုးကိုရရွိၿပီး ဂိမ္းအၾကာႀကီးကစားစဥ္မွာကိုင္တြယ္ရတာသက္ေတာင့္သက္သာရွိၿပီး ေအးျမေစပါတယ္။

အပူေလွ်ာ့ခ်ေပးတဲ့စနစ္ကို Smartphone မွာသံုးတာဒါပထမဆံုးအႀကိမ္မဟုတ္ပါဘူး။ The Galaxy S7 နဲ႔ S7 Edge မွာအဲ့ဒီစနစ္ပါရွိၿပီးသားပါ။ Meizu 16 Plus ဟာ ျမင့္မားတဲ့ Screen To Body Ratio နဲ႔ မ်က္ႏွာျပင္ေအာက္လက္ေဗြကိရိယာပါတဲ့ စြမ္းေဆာင္ရည္ျမင့္ Device ၁ လံုးျဖစ္လာနိုင္ပါတယ္။

unicode

ဇူလိုင်လ ၃၀ ရက်နေ့မှာ Meizu 16 နဲ့ 16 Plus တို့ကို မိတ်ဆက်ဖို့ ဖိတ်စာများ ပို့လိုက်ပြီ

စွမ်းဆောင်ရည်မြင့် ဖုန်းများဖြစ်တဲ့ Meizu 16 နဲ့ 16 Plus တို့ရဲ့ သတင်းများ ပေါက်ကြားထွက်ပေါ်နေပါတယ်။ သူတို့ကို သြဂုတ်လ ၈ ရက်နေ့မှာ ကြေညာမယ်လို့ ယခင်က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ သြဂုတ်လ ၈ ရက်နေ့မှာ သူတို့ကို ရောင်းချမယ်လို့ ထင်ရပါတယ်။ ဘာလို့လဲဆိုတော့ ကုမ္ပဏီက ဇူလိုင်လ ၃၀ ရက်နေ့မှာ သူတို့ကို မိတ်ဆက်ဖို့ ဖိတ်စာများကို တရုတ် မီဒီယာများထံ ပို့လိုက်လို့ ဖြစ်ပါတယ်။

Plus Model ရဲ့ ဓါတ်ပုံတစ်ခုလည်း အွန်လိုင်းမှာ ထွက်ပေါ်ခဲ့ဖူးပါတယ်။ သူ့ရဲ့ အနောက်မှာ လက်ဗွေရာ ကိရိယာ မပါပါဘူး။ စီအီးအိုက Plus Model မှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်ထားမယ်လို့ ပြောထားပါတယ်။

Meizu ကုမ္မဏီတည်ထောင်သူဟာတစ်နေ့တစ်မျိုး Meizu 16 ရဲ့သတင်းအချက်လက်တွေကိုထုတ်ပြန်နေပါတယ်။ ယခင်ကလည်း Meizu 16 ရဲ့စွမ်းဆောင်ရည်နှင့်သက်တောင့်သက်သာရှိမှုနဲ့ပတ်သက်တဲ့ သတင်းကို ပြောခဲ့ဖူးပါတယ်။ Meizu 16 Plus မှာ SD845 အတွက်အပူလျှော့ချပေးတဲ့နည်းပညာပါဝင်လာမှာဖြစ်ပါတယ်။

Meizu 16 Plus ဟာ Snapdrragon 845 ရဲ့စွမ်းရည်များကိုရယူသုံးစွဲထားတဲ့ စွမ်းရည်မြင့်ဖုန်း ၁ လုံးဖြစ်ပါတယ်။ အရင်သတင်းများက Meizu 16 ဟာ Model ၂ မျိူးထွက်ပေါ်လာလိမ့်မယ်လို့ဖော်ပြထားပါတယ်။ သာမန် Model နဲ့ အရွယ်ကြီး Model ဖြစ်ပါတယ်။ သာမန် Model မှာ Snapdragon 710 ပါရှိပြီး အရွယ်ကြီး Model မှာ Snapdragon 845 ပါရှိမှာဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက SD845 ပါတဲ့ အရွယ်ကြီး Model မှာ Copper Heat Pipe ပါမှာပါ။ အဲ့ဒီအတွက် ဒီဖုန်းဟာ SD845 ရဲ့စွမ်းဆောင်ရည်အားလုံးကိုရရှိပြီး ဂိမ်းအကြာကြီးကစားစဉ်မှာကိုင်တွယ်ရတာသက်တောင့်သက်သာရှိပြီး အေးမြစေပါတယ်။

အပူလျှော့ချပေးတဲ့စနစ်ကို Smartphone မှာသုံးတာဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ The Galaxy S7 နဲ့ S7 Edge မှာအဲ့ဒီစနစ်ပါရှိပြီးသားပါ။ Meizu 16 Plus ဟာ မြင့်မားတဲ့ Screen To Body Ratio နဲ့ မျက်နှာပြင်အောက်လက်ဗွေကိရိယာပါတဲ့ စွမ်းဆောင်ရည်မြင့် Device ၁ လုံးဖြစ်လာနိုင်ပါတယ်။

Leave a Reply