Android Phone မ်ားထက္ အင္တာနက္ ေႏွးသြားမယ့္ ယခုႏွစ္ထုတ္ iPhone မ်ား

0
1218

Qualcomm ဟာ ယခင္က iPhone အားလံုးအတြက္ Modem မ်ားကို ေရာင္းခ်ေပးခဲ့ပါတယ္။ Apple နဲ႔ Qualcomm တို႔ဟာ ၂၀၁၇ ခုႏွစ္ကစၿပီး မူပိုင္ခြင့္ နဲ႔ ပတ္သက္ၿပီး တရားရင္ဆိုင္မႈမ်ား ရွိခဲ့ပါတယ္။ ကုမၸဏီႏွစ္ခုဟာ အခုေနာက္ပိုင္း ဆက္ဆံေရး ၾကဲသြားပါတယ္။ Apple က အခုေနာက္ပိုင္းမွာ Intel Modem မ်ားကို သူ႔ရဲ႕ အိုင္ဖုန္း ထက္၀က္ခန္႔မွာ ထည့္သံုးခဲ့ပါတယ္။ အခုေတာ့ Qualcomm က ေနာက္ထုတ္မယ့္ အိုင္ဖုန္းမ်ားအတြက္ Chips မ်ားကို ေရာင္းမွာ မဟုတ္ဘူးလို႔ ဗုဒၶဟူးေန႔က ေၾကညာခဲ့ပါတယ္။

အဲဒီအတြက္ Intel Modem ထည့္ထားတဲ့ ယခုႏွစ္ထုတ္ အိုင္ဖုန္းမ်ားဟာ Qualcomm Modem ပါတဲ့ Android Phone မ်ားထက္ အင္တာနက္ အျမန္ႏႈန္း ေႏွးသြားမွာျဖစ္ပါတယ္။ အင္တာနက္ အျမန္ႏႈန္းကို တိုင္းတာေပးတဲ့ Speedtest App ကို ဖန္တီးထားတဲ့ Ookla က တူညီတဲ့ ကြန္ယက္တစ္ခုထဲမွာ Intel Modems ပါတဲ့ iPhone မ်ားဟာ Qualcomm Modems ထည့္ထားတဲ့ Android Phone မ်ားထက္ အင္တာနက္ လိုင္း ေႏွးတယ္လို႔ ယခုတစ္ပတ္ အေစာပိုင္းကပဲ ေျပာျပခဲ့ပါတယ္။

Shrout Research မွ ကြ်မ္းက်င္သူ Ryan Shrout က ႏွစ္မ်ားစြာၾကာ Qualcomm ဟာ အေကာင္းဆံုး 4G, 5G Modem မ်ားကို ထုတ္လုပ္ေနတာပါလို႔ ေျပာပါတယ္။ စမ္းသပ္မႈမ်ားအရ အေမရိကန္မွ T-Mobile ကြန္ယက္မွာ Snapdragon 845 ပါတဲ့ Android Phone နဲ႔ Intel XMM 7480 Chip ပါတဲ့ ဖုန္းတို႔ရဲ႕ အျမန္ႏႈန္းကို စမ္းသပ္ခဲ့ပါတယ္။ Android Phone ဟာ ၅၃ ရာခုိင္ႏႈန္း ပိုျမန္တာကို ေတြ႕ရပါတယ္။ အဲဒီ Android Phone ကိုပဲ Intel XMM 7360 Modem ပါတဲ့ ဖုန္းနဲ႔ စမ္းသပ္ရာမွာ ၆၈ ရာခုိင္ႏႈန္း ပိုျမန္ပါတယ္။

unicode

Android Phone များထက် အင်တာနက် နှေးသွားမယ့် ယခုနှစ်ထုတ် iPhone များ

Qualcomm ဟာ ယခင်က iPhone အားလုံးအတွက် Modem များကို ရောင်းချပေးခဲ့ပါတယ်။ Apple နဲ့ Qualcomm တို့ဟာ ၂၀၁၇ ခုနှစ်ကစပြီး မူပိုင်ခွင့် နဲ့ ပတ်သက်ပြီး တရားရင်ဆိုင်မှုများ ရှိခဲ့ပါတယ်။ ကုမ္ပဏီနှစ်ခုဟာ အခုနောက်ပိုင်း ဆက်ဆံရေး ကြဲသွားပါတယ်။ Apple က အခုနောက်ပိုင်းမှာ Intel Modem များကို သူ့ရဲ့ အိုင်ဖုန်း ထက်ဝက်ခန့်မှာ ထည့်သုံးခဲ့ပါတယ်။ အခုတော့ Qualcomm က နောက်ထုတ်မယ့် အိုင်ဖုန်းများအတွက် Chips များကို ရောင်းမှာ မဟုတ်ဘူးလို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

အဲဒီအတွက် Intel Modem ထည့်ထားတဲ့ ယခုနှစ်ထုတ် အိုင်ဖုန်းများဟာ Qualcomm Modem ပါတဲ့ Android Phone များထက် အင်တာနက် အမြန်နှုန်း နှေးသွားမှာဖြစ်ပါတယ်။ အင်တာနက် အမြန်နှုန်းကို တိုင်းတာပေးတဲ့ Speedtest App ကို ဖန်တီးထားတဲ့ Ookla က တူညီတဲ့ ကွန်ယက်တစ်ခုထဲမှာ Intel Modems ပါတဲ့ iPhone များဟာ Qualcomm Modems ထည့်ထားတဲ့ Android Phone များထက် အင်တာနက် လိုင်း နှေးတယ်လို့ ယခုတစ်ပတ် အစောပိုင်းကပဲ ပြောပြခဲ့ပါတယ်။

Shrout Research မှ ကျွမ်းကျင်သူ Ryan Shrout က နှစ်များစွာကြာ Qualcomm ဟာ အကောင်းဆုံး 4G, 5G Modem များကို ထုတ်လုပ်နေတာပါလို့ ပြောပါတယ်။ စမ်းသပ်မှုများအရ အမေရိကန်မှ T-Mobile ကွန်ယက်မှာ Snapdragon 845 ပါတဲ့ Android Phone နဲ့ Intel XMM 7480 Chip ပါတဲ့ ဖုန်းတို့ရဲ့ အမြန်နှုန်းကို စမ်းသပ်ခဲ့ပါတယ်။ Android Phone ဟာ ၅၃ ရာခိုင်နှုန်း ပိုမြန်တာကို တွေ့ရပါတယ်။ အဲဒီ Android Phone ကိုပဲ Intel XMM 7360 Modem ပါတဲ့ ဖုန်းနဲ့ စမ်းသပ်ရာမှာ ၆၈ ရာခိုင်နှုန်း ပိုမြန်ပါတယ်။

Leave a Reply