မကြဲအက္ႏိုင္တဲ့ Samsung ရဲ႕ OLED Display

0
1060

ေကြးညႊတ္ ေပ်ာ့ေျပာင္းတဲ့ OLED Display မ်ား ေပၚေနတာ ႏွစ္အနည္းငယ္ၾကာပါၿပီ။ ဒါေပမယ့္ အဲဒီ မ်က္ႏွာျပင္မ်ားပါတဲ့ ေကြးညႊတ္ စမတ္ဖုန္းမ်ားေတာ့ မေပၚေသးပါဘူး။ ေကြးညႊတ္ မ်က္ႏွာျပင္မ်ားရဲ႕ မာေက်ာမႈဟာလည္း အကန္႔အသတ္ရွိပါတယ္။ အခုေတာ့ ဆမ္ေဆာင္းက မကြဲအက္ႏုိင္တဲ့ ေကြးညႊတ္ OLED Display ကို ဖန္တီးလိုက္ႏုိင္ပါတယ္။ အဲဒီ စကရင္ကို UL (Underwriters Laboratories) မွာ မွတ္ပံုတင္ထားပါတယ္။

အဲဒီ စကရင္ကို သမားရိုးက် ဖန္ျဖင့္ ဖန္တီးထားတာ မဟုတ္ပါဘူး။ အဲဒီအစား ျဒပ္ထု အသစ္တစ္မ်ိဳးျဖင့္ ဖန္တီးထားတာ ျဖစ္ပါတယ္။ စကရင္မ်ားရဲ႕ မာေက်ာမႈကို စစ္တပ္စံႏႈန္း အဆင့္ျဖင့္ စမ္းသပ္ၿပီး ျဖစ္ပါတယ္။ ၁.၂ မီတာ ( ၄ ေပ ) အျမင့္ကေန စကရင္ကို ၂၆ ႀကိမ္ လႊတ္ခ်တာေတာင္ မကြဲအပ္ဘူးလို႔ ေျပာပါတယ္။ ျခစ္ရာေတာင္ မထင္ဘူးလို႔ သိရပါတယ္။ ၁.၈ မီတာ ( ၆ ေပ) အျမင့္ကေန လႊတ္ခ်ရာမွာလည္း စကရင္ဟာ မပ်က္ဆီးဘဲ အလုပ္ေကာင္းေကာင္းလုပ္ပါတယ္။

မာေက်ာမႈအျပင္ စကရင္ဟာ အပူဒဏ္ကိုလည္း လြန္စြာ ခံႏုိင္ရည္ရွိပါတယ္။ -32C ကေန 71C အတြင္းမွာ သူက ပ်က္ဆီးမႈ မရွိဘဲ အလုပ္ေကာင္းစြာ လုပ္ပါတယ္။ “ စကရင္ကို ဖန္တီးထားတဲ့ ျဒပ္ထုဟာ Portable Electronics Devices မ်ားအတြက္ အထူး အဆင္ေျပပါတယ္။ သူဟာ မာေက်ာသလို ေပါ့ပါးပါတယ္။ “ လို႔ Samsung Display Company ရဲ႕ Communication Team က ေျပာပါတယ္။

ယခု Flexible OLED Screen မ်ားကို စမတ္ဖုန္းမ်ားအတြက္ ရည္ရြယ္ ဖန္တီးထားေပမယ့္ Game Console, Miitary Devices , E-Learning Tablets , In-Car Displays တို႔လို အျခား အီလက္ထေရာနစ္ ကိရိယာမ်ားမွာလည္း အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။

unicode

မကွဲအက်နိုင်တဲ့ Samsung ရဲ့ OLED Display

ကွေးညွှတ် ပျော့ပြောင်းတဲ့ OLED Display များ ပေါ်နေတာ နှစ်အနည်းငယ်ကြာပါပြီ။ ဒါပေမယ့် အဲဒီ မျက်နှာပြင်များပါတဲ့ ကွေးညွှတ် စမတ်ဖုန်းများတော့ မပေါ်သေးပါဘူး။ ကွေးညွှတ် မျက်နှာပြင်များရဲ့ မာကျောမှုဟာလည်း အကန့်အသတ်ရှိပါတယ်။ အခုတော့ ဆမ်ဆောင်းက မကွဲအက်နိုင်တဲ့ ကွေးညွှတ် OLED Display ကို ဖန်တီးလိုက်နိုင်ပါတယ်။ အဲဒီ စကရင်ကို UL (Underwriters Laboratories) မှာ မှတ်ပုံတင်ထားပါတယ်။

အဲဒီ စကရင်ကို သမားရိုးကျ ဖန်ဖြင့် ဖန်တီးထားတာ မဟုတ်ပါဘူး။ အဲဒီအစား ဒြပ်ထု အသစ်တစ်မျိုးဖြင့် ဖန်တီးထားတာ ဖြစ်ပါတယ်။ စကရင်များရဲ့ မာကျောမှုကို စစ်တပ်စံနှုန်း အဆင့်ဖြင့် စမ်းသပ်ပြီး ဖြစ်ပါတယ်။ ၁.၂ မီတာ ( ၄ ပေ ) အမြင့်ကနေ စကရင်ကို ၂၆ ကြိမ် လွှတ်ချတာတောင် မကွဲအပ်ဘူးလို့ ပြောပါတယ်။ ခြစ်ရာတောင် မထင်ဘူးလို့ သိရပါတယ်။ ၁.၈ မီတာ ( ၆ ပေ) အမြင့်ကနေ လွှတ်ချရာမှာလည်း စကရင်ဟာ မပျက်ဆီးဘဲ အလုပ်ကောင်းကောင်းလုပ်ပါတယ်။

မာကျောမှုအပြင် စကရင်ဟာ အပူဒဏ်ကိုလည်း လွန်စွာ ခံနိုင်ရည်ရှိပါတယ်။ -32C ကနေ 71C အတွင်းမှာ သူက ပျက်ဆီးမှု မရှိဘဲ အလုပ်ကောင်းစွာ လုပ်ပါတယ်။ “ စကရင်ကို ဖန်တီးထားတဲ့ ဒြပ်ထုဟာ Portable Electronics Devices များအတွက် အထူး အဆင်ပြေပါတယ်။ သူဟာ မာကျောသလို ပေါ့ပါးပါတယ်။ “ လို့ Samsung Display Company ရဲ့ Communication Team က ပြောပါတယ်။

ယခု Flexible OLED Screen များကို စမတ်ဖုန်းများအတွက် ရည်ရွယ် ဖန်တီးထားပေမယ့် Game Console, Miitary Devices , E-Learning Tablets , In-Car Displays တို့လို အခြား အီလက်ထရောနစ် ကိရိယာများမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply