128GB ROM နဲ႔ရရွိႏုိင္ၿပီျဖစ္တဲ့ Xiaomi Redmi Note 5

0
1108

Xiaomi အေနနဲ႔  Redmi Note 5 ကိုယခုႏွစ္ ေဖေဖာ္ဝါရီလက မိတ္ဆက္ေပးခဲ့ၿပီး သူ႕မွာေရြးခ်ယ္စရာ အေရာင္၄မ်ိဳး ရွိပါတယ္။ အခ်က္အလက္သိုေလွာင္မႈပိုင္းအတြက္  3GB + 32GB, 4GB + 64GB နဲ႔ 6GB + 64GB ၃မ်ိဳးထုတ္ေပးထားပါတယ္။ ဒီေန႔မွာေတာ့ တရုတ္စမတ္ဖုန္း ထုတ္လုပ္သူဟာ အခ်က္အလက္သိုေလွာင္မႈ ပိုမိုမ်ားျပားတဲ့ ဗားရွင္းကိုထုတ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။

Redmi Note 5 မွာအျမင့္ဆုံးအေနနဲ႔ 6GB/64GB ဗားရွင္းကေန၊ အခုဆိုရင္ 6GB/128GB ဗားရွင္းကိုပါ ရရွိႏုိင္ၿပီ ျဖစ္ပါတယ္။ သိုေလွာင္မႈပိုင္းမွာသာ တိုးျမင့္ေပးလိုက္ၿပီး ဖုန္းရဲ႕အခ်က္အလက္ပိုင္းေတြကေတာ့ အရင္ထြက္ထားတဲ့ ဗားရွင္းေတြနဲ႔ အတူတူပဲ ျဖစ္ပါတယ္။

Redmi Note 5 ရဲ႕ Display အ႐ြယ္အစားက ၅.၉၉ လက္မ ရွိၿပီး IPS LCD Display ကို အသုံးျပဳထားပါတယ္။ FullView Display အမ်ိဴးအစား ျဖစ္ၿပီး Resolution က 1080 x 2160 pixels ပါဝင္ပါတယ္။ သာမန္ တန္းဖိုးနည္း စမတ္ဖုန္းေတြမွာ မေမွ်ာ္လင့္ႏိုင္တဲ့ Resolution ဘဲ ျဖစ္ပါတယ္။ Processor အပိုင္းအတြက္ Snapdragon 636 SoC နဲ႔ Adreno 509 တို႔ကို ထည့္သြင္းထားပါတယ္။

12MP+5MP ကင္မရာ ၂ လုံး ေက်ာဘက္မွာ ေဒါင္လိုက္ တပ္ဆင္ထားတယ္။ ေရွ႕ဘက္ မ်က္ႏွာျပင္မွာေတာ့ Selfie ဆြဲဖို႔ 13MP ကင္မရာ ၁လုံးကို တပ္ဆင္ေပးထားပါတယ္။ ဘက္ထရီက 4000mAh ျဖစ္ၿပီး တစ္ခါအားအျပည့္သြင္းထားရင္ ၂ရက္ေလာက္ေတာ့သံုးလုိ႔ရပါတယ္။

unicode

Xiaomi အနေနဲ့  Redmi Note 5 ကိုယခုနှစ် ဖေဖော်ဝါရီလက မိတ်ဆက်ပေးခဲ့ပြီး သူ့မှာရွေးချယ်စရာ အရောင်၄မျိုး ရှိပါတယ်။ အချက်အလက်သိုလှောင်မှုပိုင်းအတွက်  3GB + 32GB, 4GB + 64GB နဲ့ 6GB + 64GB ၃မျိုးထုတ်ပေးထားပါတယ်။ ဒီနေ့မှာတော့ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူဟာ အချက်အလက်သိုလှောင်မှု ပိုမိုများပြားတဲ့ ဗားရှင်းကိုထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

Redmi Note 5 မှာအမြင့်ဆုံးအနေနဲ့ 6GB/64GB ဗားရှင်းကနေ၊ အခုဆိုရင် 6GB/128GB ဗားရှင်းကိုပါ ရရှိနိုင်ပြီ ဖြစ်ပါတယ်။ သိုလှောင်မှုပိုင်းမှာသာ တိုးမြင့်ပေးလိုက်ပြီး ဖုန်းရဲ့အချက်အလက်ပိုင်းတွေကတော့ အရင်ထွက်ထားတဲ့ ဗားရှင်းတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။

Redmi Note 5 ရဲ့ Display အရွယ်အစားက ၅.၉၉ လက်မ ရှိပြီး IPS LCD Display ကို အသုံးပြုထားပါတယ်။ FullView Display အမျိူးအစား ဖြစ်ပြီး Resolution က 1080 x 2160 pixels ပါဝင်ပါတယ်။ သာမန် တန်းဖိုးနည်း စမတ်ဖုန်းတွေမှာ မမျှော်လင့်နိုင်တဲ့ Resolution ဘဲ ဖြစ်ပါတယ်။ Processor အပိုင်းအတွက် Snapdragon 636 SoC နဲ့ Adreno 509 တို့ကို ထည့်သွင်းထားပါတယ်။

12MP+5MP ကင်မရာ ၂ လုံး ကျောဘက်မှာ ဒေါင်လိုက် တပ်ဆင်ထားတယ်။ ရှေ့ဘက် မျက်နှာပြင်မှာတော့ Selfie ဆွဲဖို့ 13MP ကင်မရာ ၁လုံးကို တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီက 4000mAh ဖြစ်ပြီး တစ်ခါအားအပြည့်သွင်းထားရင် ၂ရက်လောက်တော့သုံးလို့ရပါတယ်။

Leave a Reply