Xiaomi Pocophone F1 မွာ Snapdragon 845 သုံးလာမည္

0
1122

ယခုလအစပိုင္းေလာက္မွာ တရုတ္စမတ္ဖုန္း ထုတ္လုပ္သူ Xiaomi အေနနဲ႔ Mi မဟုတ္တဲ့ ေနာက္ထပ္စမတ္ဖုန္း စီးရီးတစ္မ်ိဳးကို ထုတ္လုပ္ဖုိ႔ျပင္ဆင္ေနေၾကာင္း သတင္းေတြထြက္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Xiaomi အေနနဲ႔ Mi Max 3၊  Mi A2 နဲ႔ Mi A2 Lite ဖုန္းေတြကို တရားဝင္ မိတ္ဆက္ထားပါတယ္။ Xiaomi ကေန ေနာက္ထပ္ထပ္မံထုတ္လုပ္မယ့္ စမတ္ဖုန္းကေတာ့  Pocophone ဖုန္းလို႔သိရပါတယ္။

စမတ္ဖုန္းရဲ႕ေမာ္ဒယ္နာမည္ကေတာ့ Xiaomi Pocophone F1 ျဖစ္ၿပီးသူ႕ကို ဥေရာပအေရွ႕ပိုင္းနဲ႔ အိႏိၵယစမတ္ဖုန္း ေစ်းကြက္အတြက္ ရည္ရြယ္ထုတ္လုပ္မွာ ျဖစ္ပါတယ္။ Pocophone F1 ကိုျဖန္႔ခ်ိတဲ့ အခ်ိန္မွာ ေစ်းႏႈန္းက 6/64GB model ကို ယူရို420 နဲ႔ 6/128GB ဗားရွင္းကိုေတာ့ ယူရို 460 သတ္မွတ္ထားပါတယ္။ Pocophone brand နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြဟာ  FCC မွာလည္း ထြက္ေပၚလာခဲ့ဘူးပါတယ္။ သူရဲ႕ code-named ကိုေတာ့ “beryllium” လို႔ေပးထားပါတယ္။

သူ႕မွာ Snapdragon 845 ပရိုဆက္ဆာသုံးလာမွာျဖစ္ၿပီး ေစ်းႏႈန္းကလက္ရွိထြက္ထားတဲ့ ဖုန္းေတြထက္ ပိုသက္သာပါလိမ့္မယ္။ လက္ရွိအခ်ိန္မွာ Xiaomi ရဲ႕ Snapdragon 845 သုံးထားတဲ့ ဖုန္းကေတာ့ Mi 8 ျဖစ္ၿပီး သူ႕မွာ 6.21″ Full Screen Display နဲ့အတူ Notch လည္းပါ၀င္လာခဲ့ပါတယ္။ ဒါ့အျပင္ Xiaomi Flagship ဖုုန္းေတြမွာ ပထမဆုံးအေနနဲ႔ AMOLED Display ကိုု အသံုုးျပဳထားပါတယ္။ ဖုန္းအသစ္နဲ႔ ပတ္သတ္ၿပီးေနာက္ထပ္သိရတာကေတာ့ သူ႕မွာ 6.00-inch 1080x2160px display နဲ႔အတူ Grey ၊ Blue အေရာင္ေတြထြက္လာမယ္လို႔ ဆိုပါတယ္။ ဖုန္းအသစ္ကို ေနာက္ထပ္၂ပတ္အတြင္းေလာက္မွာ မိတ္ဆက္လာႏုိင္ေျခ ရွိပါတယ္။

unicode

ယခုလအစပိုင်းလောက်မှာ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Xiaomi အနေနဲ့ Mi မဟုတ်တဲ့ နောက်ထပ်စမတ်ဖုန်း စီးရီးတစ်မျိုးကို ထုတ်လုပ်ဖို့ပြင်ဆင်နေကြောင်း သတင်းတွေထွက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Xiaomi အနေနဲ့ Mi Max 3၊  Mi A2 နဲ့ Mi A2 Lite ဖုန်းတွေကို တရားဝင် မိတ်ဆက်ထားပါတယ်။ Xiaomi ကနေ နောက်ထပ်ထပ်မံထုတ်လုပ်မယ့် စမတ်ဖုန်းကတော့  Pocophone ဖုန်းလို့သိရပါတယ်။

စမတ်ဖုန်းရဲ့မော်ဒယ်နာမည်ကတော့ Xiaomi Pocophone F1 ဖြစ်ပြီးသူ့ကို ဥရောပအရှေ့ပိုင်းနဲ့ အိန္ဒိယစမတ်ဖုန်း ဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Pocophone F1 ကိုဖြန့်ချိတဲ့ အချိန်မှာ ဈေးနှုန်းက 6/64GB model ကို ယူရို420 နဲ့ 6/128GB ဗားရှင်းကိုတော့ ယူရို 460 သတ်မှတ်ထားပါတယ်။ Pocophone brand နဲ့ပတ်သတ်တဲ့ အချက်အလက်တွေဟာ  FCC မှာလည်း ထွက်ပေါ်လာခဲ့ဘူးပါတယ်။ သူရဲ့ code-named ကိုတော့ “beryllium” လို့ပေးထားပါတယ်။

သူ့မှာ Snapdragon 845 ပရိုဆက်ဆာသုံးလာမှာဖြစ်ပြီး ဈေးနှုန်းကလက်ရှိထွက်ထားတဲ့ ဖုန်းတွေထက် ပိုသက်သာပါလိမ့်မယ်။ လက်ရှိအချိန်မှာ Xiaomi ရဲ့ Snapdragon 845 သုံးထားတဲ့ ဖုန်းကတော့ Mi 8 ဖြစ်ပြီး သူ့မှာ 6.21″ Full Screen Display နဲ့အတူ Notch လည်းပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် Xiaomi Flagship ဖုန်းတွေမှာ ပထမဆုံးအနေနဲ့ AMOLED Display ကို အသုံးပြုထားပါတယ်။ ဖုန်းအသစ်နဲ့ ပတ်သတ်ပြီးနောက်ထပ်သိရတာကတော့ သူ့မှာ 6.00-inch 1080x2160px display နဲ့အတူ Grey ၊ Blue အရောင်တွေထွက်လာမယ်လို့ ဆိုပါတယ်။ ဖုန်းအသစ်ကို နောက်ထပ်၂ပတ်အတွင်းလောက်မှာ မိတ်ဆက်လာနိုင်ခြေ ရှိပါတယ်။

Leave a Reply