Zawgyi Version
Xiaomi Mi A2/Mi A2 Lite: Specs
Category | Xiaomi Mi A2 | Xiaomi Mi A2 Lite |
---|---|---|
Operating System | Android 8.1 Oreo Android One |
Android 8.1 Oreo Android One |
Display | 5.99-inch 18:9 FHD+ (2160×1080) IPS LCD panel Gorilla Glass 5 |
5.84-inch 19:9 FHD+ (2220×1080) IPS LCD panel |
SoC | Octa-core Qualcomm Snapdragon 660 4×2.2GHz Kryo 260 + 4×1.8GHz Kryo 260 14nm |
Octa-core Qualcomm Snapdragon 625 Eight Cortex A53 cores up to 2.0GHz 14nm |
GPU | Adreno 512 | Adreno 506 |
RAM | 4GB/6GB | 3GB/4GB |
Storage | 32GB/64GB/128GB | 32GB/64GB |
Rear camera | 12MP (f/1.8, 1.25um) + 20MP (f/1.75, 2.0um) PDAF, LED flash, 4K video recording |
12MP (f/1.8, 1.25um) + 5MP (f/1.8, 1.0um) PDAF, LED flash 1080p video recording |
Front camera | 20MP (f/1.75, 2.0um) AI portrait mode LED Selfie light Beautify 4.0 |
5MP f/2.2 lens AI portrait mode |
Connectivity | LTE with VoLTE Wi-Fi 802.11 ac, Bluetooth 5.0 GPS, GLONASS |
LTE with VoLTE Wi-Fi 802.11 a/b/g/n, Bluetooth 4.2 3.5mm audio jack GPS, GLONASS |
Battery | 3010mAh battery Quick Charge 3.0 (USB-C) |
4000mAh battery Fast charging (5V/2A over Micro-USB) |
Fingerprint | Rear fingerprint sensor | Rear fingerprint sensor |
- Mi A2 (4GB/32GB): €249 ($290)
- Mi A2 (4GB/64GB): €279 ($325)
- Mi A2 (6GB/128GB): €349 ($410)
Unicode Version
Xiaomi ရဲ့ 2018 Android One ဖုန်းတွေက မနှစ်ကထက် ပိုမိုကောင်းမွန်လာတာကို တွေ့မြင်ရမှာပါ။ Xiaomi ဟာ Google နဲ့ပေါင်းပြီးတော့ Android One တစ်လုံး(Mi A1)ကို မနှစ်ကထုတ်လုပ်ခဲ့ပါတယ်။ Xiaomi ရဲ့ hardware လုပ်ဆောင်ချက်တွေနဲ့ Android One တို့ရဲ့ရိုးရှင်းမှုတွေကိုပေါင်းစပ်ထားတာဖြစ်လို့ ၂၀၁၈အတွက် အကောင်းဆုံးဘတ်ဂျက်ဖုန်းတစ်လုံး ဖြစ်လာခဲ့ပါတယ်။
တစ်နှစ်အကြာမှာတော့ Xiaomi က Google နဲ့ပတ်သတ်မှုကို ထပ်တိုးပြီးတော့ Android One ဖုန်းနှစ်လုံး ထုတ်လုပ်လိုက်ပါတယ်။ Mi A2 နဲ့ Mi A2 Lite တို့ဟာ Mi A1 ထက် upgrade လုပ်ထားပြီး ကမ္ဘာ့ဈေးကွက် ၄၀ လောက်ကို ဖြန့်ဖြူးသွားမှာပါ။
ဖုန်းနှစ်လုံးရဲ့ အဓိကခြားနားချက်ကတော့ သွင်ပြင်ပိုင်းပါပဲ။ Mi A2 ဟာ standard 18:9 display ကို အသုံးပြုထားပြီးတော့ Mi A2 Lite ကတော့ 19:9 panel လေးမှာ notch လေးနဲ့ထုတ်လုပ်ထားတာပါ။ အတွင်းပိုင်းကိုပြောရမယ်ဆိုရင်တော့ Mi A2 မှာ Snapdragon 660 ကို အသုံးပြုထားပြီးတော့ A2 Lite ဟာ Snapdragon 625 ကို အသုံးပြုထားပါတယ်။ Android 8.1 Oreo ကို အားလုံးမှာအသုံးပြုထားပြီးတော့ Android P update ကို ပထမဆုံးရရှိမယ့်ဖုန်းတွေလည်း ဖြစ်လာမှာပါ။
Android One ဖုန်းလေးတွေအကြောင်း အသေးစိတ်ကြည့်လိုက်ရအောင်။
Xiaomi Mi A2: performance beast အသစ်
5.99-inch FHD+ 18:9 display ကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပါတယ်။ 2.5D curved glass က အလယ်ဖရိန်ထဲကို ကွေးညွတ်ဝင်နေပါတယ်။ အနောက်ဘက်မှာလည်း သာသာလေးကွေးထားတဲ့အတွက်ကြောင့် ကိုင်ရတာ အဆင်ပြေချောမွေ့ပါတယ်။
Xiaomi ဟာ Snapdragon 660 ကို အသုံးပြုထားပြီးတော့ ပြီးခဲ့တဲ့နှစ်တွေမှာ flagships SoC ဖြစ်ခဲ့ဖူးတဲ့ chipset ပါ။ ဒါကြောင့် Qualcomm ရဲ့ အကောင်းဆုံးတစ်ခုလို့ စိတ်ချလက်ချပြောနိုင်ပါတယ်။
3010mAh ဘတ်ထရီကိုအသုံးပြုထားပြီး 6GB RAM ၊ 128GB storage၊ Wi-Fi ac ၊ Bluetooth 5.0 ၊ USB-C port ကိုထည့်သွင်းပေးထားပါတယ်။ ကင်မရာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ primary 12MP IMX 376 sensor ကို 20MP module ၊ 2.0um pixels နဲ့ တွဲဖက်ထားပါတယ်။ အရှေ့ကင်မရာကတော့ 20MP sensor ၊ 2.0um pixels ဖြစ်ပါတယ်။ Redmi Note 5 Pro လိုပဲ Mi A2 မှာလည်း AI-enabled portrait mode ပါဝင်မှာပါ။
Xiaomi Mi A2 Lite: ဘတ်ထရီအမိုက်စား
Mi A2 နဲ့အရမ်းကြီးမကွာထားပါဘူး။ ကင်မရာနဲ့ sensor ပိုင်းလောက်ပါပဲ။
Snapdragon 625 ကို အသုံးပြုထားပြီး efficiency နဲ့ performance ကို ဟန်ချက်ထိန်းထားပါတယ်။ မနှစ်ကဖုန်းတွေမှာ အသုံးပြုထားတဲ့ chipset ဆိုတော့ ယှဉ်ကြည့်လို့အဆင်ပြေမှာပါ။
Mi A2 Lite ကတော့ ၂၀၁၈အတွက် ဒီဇိုင်းပိုင်းကို သေချာပြင်ဆင်ထားပါတယ်။ ဒါပေမယ့်လည်း အားနည်းချက်ကတော့ Micro-USB port ဖြစ်ပါတယ်။ Mi A1 မှာက USB-C charging port လေ။
Xiaomi က headphone jack ကို ပရီမီယမ်မော်ဒယ်လ်တွေမှာ ဖြုတ်ထားပါတယ်။ ဒါပေမယ့် ဘတ်ဂျက်ဖုန်းတွေမှာတော့ ထည့်သွင်းပေးနေကြပါပဲ။ ဒါပေမယ့်လည်း headphone jack ကို Mi A2 မှာ တွေ့မြင်ရမှာမဟုတ်ပါဘူး။ analog port သာ ထည့်ပေးထားပါတယ်။
Xiaomi Mi A2/Mi A2 Lite: ဈေးနှုန်းနဲ့ ရရှိနိုင်မှု
Mi A2 နဲ့ A2 Lite တို့ကို ကွာခြားအောင်လုပ်ဆောင်ထားပြီးတော့ Android One ဖုန်းသုံးမယ့်သူတွေကို အမျိုးမျိုးအတွက် အဆင်ပြေအောင်လုပ်ဆောင်ပေးထားပါတယ်။
ဈေးနှုန်းတွေကတော့ Mi A2 ဟာ $410 ဖြစ်နိုင်ပါတယ်။ Mi A2 Lite ကတော့ $210 နဲ့ ဈေးဖွင့်မှာပါ။ အသေးစိတ်ကိုကြည့်ချင်ရင်တော့
• Mi A2 (4GB/32GB): €249 ($290)
• Mi A2 (4GB/64GB): €279 ($325)
• Mi A2 (6GB/128GB): €349 ($410)
• Mi A2 Lite (3GB/32GB): €179 ($210)
• Mi A2 Lite (4GB/64GB): €229 ($270)
ဈေးကွက်ပေါင်း ၄၀ ကျော်ကို ဖြန့်ဖြူးသွားမှာဖြစ်ပြိးတော့ ဒီလနောက်ပိုင်းမှာ ဘယ်နိုင်ငံတွေကို ဖြန့်မလဲဆိုတာ သိမြင်ရမှာပါ။ အများစုကတော့ အိန္ဒိယမှာဖြစ်မှာပါ။ မကြာခင်ရောင်းချနိုင်ပါတယ်။
တန်ဖိုးကိုတွက်ချက်ကြည့်မယ်ဆိုရင်တော့ အိန္ဒိယမှာ $200 အောက်နဲ့ Mi A2 Lite ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ₹10,999 ($160) တန် Redmi Note 5 ကလည်း စဉ်းစားစရာဖြစ်နေပါတယ်။
Mi A2 ကတော့ $375 Nokia 7 Plus ကို ယှဉ်မှာပါ။ ဒီတော့ ဘယ်လိုဈေးနှုန်းနဲ့ရောင်းမလဲဆိုတာ စိတ်ဝင်စားဖွယ်ရာဖြစ်တာမို့ စောင့်ကြည့်ရအောင်လား။