GALAXY NOTE 9 ရဲ႕တိက်တဲ့အခ်က္အလက္နဲ႔ ေစ်းႏႈန္းထြက္ရွိလာ

0
1130

Samsung အေနနဲ႔လက္ရွိအခ်ိန္မွာ GALAXY NOTE 9 ကိုႏိုင္ငံတကာ ေစ်းကြက္မွာ ေရာင္းခ်ဖို႔အတြက္ ခြင္ျပဳခ်က္ေတြ ရယူေနတဲ့ အခ်ိန္လည္း ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Note 9 ဖုန္းဟာ  ထုိင္ဝမ္ႏိုင္ငံရဲ႕  NCC ခြင့္ျပဳခ်က္ကို ရရွိသြားၿပီျဖစ္သလို တရုတ္ႏိုင္ငံနဲ႔ ဘရာဇီးႏိုင္ငံတို႔မွာ ေရာင္းခ်ခြင့္အတြက္ TENAA နဲ႔ ANATEL တို႔ရဲ႕ အသိအမွတ္ျပဳမႈကိုလည္း ရရွိထားၿပီးျဖစ္ပါတယ္။ ထုိင္ဝမ္မွာေတာ့ ေမာ္ဒယ္နံပတ္ SM-N960F/DS နဲ႔တင္ထားၿပီး dual-SIM အသုံးျပဳႏုိင္မယ့္ ဗားရွင္းလို႔ သတ္မွတ္ႏိုင္ပါတယ္။

Galaxy Note 9 ရဲ႕အခ်က္အလက္ပိုင္းေတြနဲ႔ ေစ်းႏႈန္းေတြပါ ဒီေန႔မွာထြက္ရွိလာပါတယ္။ သူ႕မွာ screen ကို  6.3 inches မွာ Super AMOLED 2K display  နည္းပညာသုံးလာမွာျဖစ္ၿပီး  18.5: 9 အခ်ိဳးနဲ႔ျဖစ္မွာပါ။ ဒါ့အျပင္ Samsung အေနနဲ႔ ဘက္ထရီစြမ္းအားပိုင္းမွာ 4000mAh ကိုသုံးလာမွာျဖစ္ၿပီး S Pen ဟာ Bluetooth-controller စြမ္းေဆာင္ခ်က္ ေထာက္ပံ့လာမွာျဖစ္ပါတယ္။ ကင္မရာပိုင္းအတြက္ ေနာက္ေက်ာဘက္မွာ Dual ျဖစ္ၿပီး 12MP အဓိကကင္မရာကို သုံးလာမွာျဖစ္ၿပီး ဒုတိယကင္မရာရဲ႕ အရည္အေသြးကိုေတာ့ မသိရေသးပါဘူး။ အေရွ႕ဘက္မွာေတာ့ 8MP ကင္မရာကို သုံးထားမွာပါ။

ပရိုဆက္ဆာပိုင္းမွာေတာ့ Exynos 9810 နဲ႔ Qualcomm Snapdragon 845 ဆိုၿပီးခြဲျခား ထြက္ရွိလာမွာပါ။ Galaxy Note 9 ကို 6GB RAM နဲ႔အတူ 64GB, 128 (သုိ႔) 256GB  နဲ႔ထြက္ရွိလာမွာျဖစ္ၿပီး အထူးဗားရွင္း အေနနဲ႔ 8GBRAM /512GB သိုေလွာင္မႈနဲ႔ပါ ထုတ္လုပ္လာပါလိမ့္မယ္။ ၿပီးခဲ့တဲ့ႏွစ္ကထြက္ထားတဲ့ Note 8 နဲ႔အဓိက ကြာျခားခ်က္အေနနဲ႔ fingerprint scanner ကို dual ကင္မရာရဲ႕ေအာက္ဘက္မွာ တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ ေစ်းႏႈန္းေတြကေတာ့ 128GB ေမာ္ဒယ္ကို ယူရို 1050 (ေဒၚလာ 1230) နဲ႔ 512GB ကို  ယူရို 1250 (ေဒၚလာ1460) ျဖစ္လာမယ္လုိ႔ သိရပါတယ္။

unicode

Samsung အနေနဲ့လက်ရှိအချိန်မှာ GALAXY NOTE 9 ကိုနိုင်ငံတကာ ဈေးကွက်မှာ ရောင်းချဖို့အတွက် ခွင်ပြုချက်တွေ ရယူနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Note 9 ဖုန်းဟာ  ထိုင်ဝမ်နိုင်ငံရဲ့  NCC ခွင့်ပြုချက်ကို ရရှိသွားပြီဖြစ်သလို တရုတ်နိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့မှာ ရောင်းချခွင့်အတွက် TENAA နဲ့ ANATEL တို့ရဲ့ အသိအမှတ်ပြုမှုကိုလည်း ရရှိထားပြီးဖြစ်ပါတယ်။ ထိုင်ဝမ်မှာတော့ မော်ဒယ်နံပတ် SM-N960F/DS နဲ့တင်ထားပြီး dual-SIM အသုံးပြုနိုင်မယ့် ဗားရှင်းလို့ သတ်မှတ်နိုင်ပါတယ်။

Galaxy Note 9 ရဲ့အချက်အလက်ပိုင်းတွေနဲ့ ဈေးနှုန်းတွေပါ ဒီနေ့မှာထွက်ရှိလာပါတယ်။ သူ့မှာ screen ကို  6.3 inches မှာ Super AMOLED 2K display  နည်းပညာသုံးလာမှာဖြစ်ပြီး  18.5: 9 အချိုးနဲ့ဖြစ်မှာပါ။ ဒါ့အပြင် Samsung အနေနဲ့ ဘက်ထရီစွမ်းအားပိုင်းမှာ 4000mAh ကိုသုံးလာမှာဖြစ်ပြီး S Pen ဟာ Bluetooth-controller စွမ်းဆောင်ချက် ထောက်ပံ့လာမှာဖြစ်ပါတယ်။ ကင်မရာပိုင်းအတွက် နောက်ကျောဘက်မှာ Dual ဖြစ်ပြီး 12MP အဓိကကင်မရာကို သုံးလာမှာဖြစ်ပြီး ဒုတိယကင်မရာရဲ့ အရည်အသွေးကိုတော့ မသိရသေးပါဘူး။ အရှေ့ဘက်မှာတော့ 8MP ကင်မရာကို သုံးထားမှာပါ။

ပရိုဆက်ဆာပိုင်းမှာတော့ Exynos 9810 နဲ့ Qualcomm Snapdragon 845 ဆိုပြီးခွဲခြား ထွက်ရှိလာမှာပါ။ Galaxy Note 9 ကို 6GB RAM နဲ့အတူ 64GB, 128 (သို့) 256GB  နဲ့ထွက်ရှိလာမှာဖြစ်ပြီး အထူးဗားရှင်း အနေနဲ့ 8GBRAM /512GB သိုလှောင်မှုနဲ့ပါ ထုတ်လုပ်လာပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်ကထွက်ထားတဲ့ Note 8 နဲ့အဓိက ကွာခြားချက်အနေနဲ့ fingerprint scanner ကို dual ကင်မရာရဲ့အောက်ဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ 128GB မော်ဒယ်ကို ယူရို 1050 (ဒေါ်လာ 1230) နဲ့ 512GB ကို  ယူရို 1250 (ဒေါ်လာ1460) ဖြစ်လာမယ်လို့ သိရပါတယ်။

Leave a Reply