Samsung Galaxy Note 9 ကို အရင် Note 8 ထက်အများကြီး upgrade မြှင့်လိုက်ပါပြီ

0
1308

Zawgyi version




Unicode version

Samsung fan တွေကတော့ သတင်းဆိုးရော သတင်းကောင်းရော တစ်ပြိုင်နက်ကြားရမှာပဲ ဖြစ်ပါတယ်။ သတင်းကောင်းကတော့ နောက်နှစ်ပတ်အတွင်းမှာ အားလုံးစောင့်ဆိုင်းနေကြတဲ့ Galaxy Note 9 flagship phablet အသစ်ကထွက်ရှိလာမှာဖြစ်ပြီး သတင်းဆိုးကတော့ Galaxy Note 9 ကိုသုံးရတာကတော့ Galaxy S9 နဲ့ Galaxy S9+ တို့နဲ့ ပုံစံတူမှာပဲဖြစ်ပါတယ်။
Samsung fan တွေကတော့ အသစ်ထွက်ရှိတဲ့ စမတ်ဖုန်းက ကင်မရာတွေ feature တွေ သိသိသာသာအများကြီးပြောင်းလဲသွားတာမရှိဘဲနဲ့ ဈေးကြီးကြီးပေးကိုင်ရမှာကိုတော့ သိပ်သဘောမတွေ့လှကြပါဘူး။
Samsung ရဲ့ Note 9 ကိုတော့ Apple ရဲ့အသစ်ထွက်ရှိမဲ့ iPhone မတိုင်ခင်မှာ ထွက်ရှိမှာပဲ ဖြစ်ပါတယ်။
Samsung ရဲ့ အသစ်ထွက်ရှိမဲ့ flagship phablet က လုပ်ဆောင်ချက်တွေနဲ့ feature တွေကို သိသိသာသာ upgrade မြှင့်လိုက်မှာဖြစ်ပေမဲ့ ဒီဇိုင်းကတော့ အရင်ထွက်ရှိခဲ့တဲ့ Galaxy Note 8 နဲ့ သိပ်ကွာမှာမဟုတ်ပါဘူး။ သူ့ကိုတော့ S Pen stylus အသစ်ကိုသုံးပေးထားပြီး တစ်ခြား novel feature တွေကိုလဲ Bluetooth နဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ Galaxy Note 9 ကိုတော့ Note 8 မတူအောင် upgrade မြှင့်မှာပဲ ဖြစ်ပါတယ်။ ခု website တွေမှာတွေ့နေရတဲ့ သတင်းတွေက Galaxy Note 9 ရဲ့ဘက်ထရီကိုလဲ 4,000 mAh လို့ပြောထားပါသေးတယ်။ အရင် Note 8 ကတော့ ဘက်ထရီ 3,3000 mAh ပါဝင်ပါတယ်။ Note 8 မှာတုန်းက ဘက်ထရီက အသုံးများသွားရင် တစ်နေကုန်ထိမခံနိုင်ပါဘူး။ ခုအသစ်ထွက်မဲ့ Galaxy Note 9 ကတော့ အဲ့လိုမျိုးတွေဖြစ်မှာ မဟုတ်တော့ပါဘူး။

Leave a Reply