၆ လက္မ 18:9 Screen ပါလာႏုိင္တဲ့ HTC U12 Life

0
1036

HTC က ယခင္ႏွစ္မွာ စြမ္းရည္ျမင့္ U11 ရဲ႕ အစိတ္အပိုင္း အခ်ိဳ႕ထည့္သြင္းထားတဲ့ U11 Life ကို ေရာင္းခ်ေပးခဲ့ပါတယ္။ ဒီႏွစ္မွာလညး္ U12 Life ကို ထုတ္လုပ္ေရာင္းခ်မယ့္ သတင္းအခ်က္အလက္မ်ား ထြက္ေပၚလာပါတယ္။ ေပါက္ၾကားထြက္ေပၚလာတဲ့ သတင္းမ်ားအရ U12 Life မွာ ေခတ္စားေနတဲ့ မ်က္ႏွာျပင္ အရွည္ ဒီဇိုင္းပါၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 18:9 ျဖစ္ပါတယ္။ မ်က္နွာျပင္ အရြယ္အစားမွာ ၆ လက္မ ျဖစ္ၿပီး အရည္အေသြးမွာ 1080x2160p ျဖစ္ပါတယ္။

သူ႔မွာ Kryo 260 Core ၈ လံုးပါတဲ့ Snapdragon 636 ထည့္သြင္းထားမွာပါ။ အေနာက္ဘက္မွာ 4K Video မ်ား ရိုက္ကူးႏုိင္တဲ့ 16MP+5MP Camera မ်ား ထည့္သြင္းထားပါတယ္။ 13MP Selfie Camera တစ္လံုး တပ္ဆင္ေပးထားပါတယ္။

4GB RAM , 64GB Internal Storage မ်ား ပါလာႏုိင္ပါတယ္။ microSD Card စိုက္ႏုိင္ပါတယ္။ ဘက္ထရီက 3600mAh ျဖစ္ပါတယ္။ Fingerprint Sensor ပါလာမွာပါ။ ေရစိုခံစြမ္းရည္ ပါမလားဆိုတာကိုေတာ့ မသိရေသးပါဘူး။ U11 Life မွာ IP67 ေရစိုခံစံႏႈန္းပါလာတဲ့အတြက္ U12 Life မွာလည္း IP67 ပါလာႏုိင္ပါတယ္။ U11 Life ကို ေဒၚလာ ၃၅၀ ျဖင့္ ေရာင္းခ်ေပးခဲ့တာပါ။ U12 Life ရဲ႕ ေပါက္ၾကားေစ်းကို မသိရေသးပါဘူး။

U11 Life အတြက္ Android One Version ကုိလည္း ထုတ္လုပ္ေပးခဲ့တဲ့အတြက္ U12 Life အတြက္လည္း Android One Version ထြက္လာႏိုင္ပါတယ္။

unicode

၆ လက်မ 18:9 Screen ပါလာနိုင်တဲ့ HTC U12 Life

HTC က ယခင်နှစ်မှာ စွမ်းရည်မြင့် U11 ရဲ့ အစိတ်အပိုင်း အချို့ထည့်သွင်းထားတဲ့ U11 Life ကို ရောင်းချပေးခဲ့ပါတယ်။ ဒီနှစ်မှာလည်း U12 Life ကို ထုတ်လုပ်ရောင်းချမယ့် သတင်းအချက်အလက်များ ထွက်ပေါ်လာပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ သတင်းများအရ U12 Life မှာ ခေတ်စားနေတဲ့ မျက်နှာပြင် အရှည် ဒီဇိုင်းပါပြီး မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစားမှာ ၆ လက်မ ဖြစ်ပြီး အရည်အသွေးမှာ 1080x2160p ဖြစ်ပါတယ်။

သူ့မှာ Kryo 260 Core ၈ လုံးပါတဲ့ Snapdragon 636 ထည့်သွင်းထားမှာပါ။ အနောက်ဘက်မှာ 4K Video များ ရိုက်ကူးနိုင်တဲ့ 16MP+5MP Camera များ ထည့်သွင်းထားပါတယ်။ 13MP Selfie Camera တစ်လုံး တပ်ဆင်ပေးထားပါတယ်။

4GB RAM , 64GB Internal Storage များ ပါလာနိုင်ပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ ဘက်ထရီက 3600mAh ဖြစ်ပါတယ်။ Fingerprint Sensor ပါလာမှာပါ။ ရေစိုခံစွမ်းရည် ပါမလားဆိုတာကိုတော့ မသိရသေးပါဘူး။ U11 Life မှာ IP67 ရေစိုခံစံနှုန်းပါလာတဲ့အတွက် U12 Life မှာလည်း IP67 ပါလာနိုင်ပါတယ်။ U11 Life ကို ဒေါ်လာ ၃၅၀ ဖြင့် ရောင်းချပေးခဲ့တာပါ။ U12 Life ရဲ့ ပေါက်ကြားဈေးကို မသိရသေးပါဘူး။

U11 Life အတွက် Android One Version ကိုလည်း ထုတ်လုပ်ပေးခဲ့တဲ့အတွက် U12 Life အတွက်လည်း Android One Version ထွက်လာနိုင်ပါတယ်။

Leave a Reply