Posted on Leave a comment

သိန္း ၆ ေထာင္တန္တဲ့ Iron Man ၀တ္စံု

ၿဗိတိန္ လူမ်ိဳး Richard Browning က မိုးေပၚပ်ံႏိုင္တဲ့ Iron Man စတိုင္ ၀တ္စံုကို ဖန္တီးေနတဲ့ သတင္းမ်ား ထြက္ေပၚေနတာ ႏွစ္အနည္းငယ္ ရွိပါၿပီ။ အခုေတာ့ အဲဒီ ၀တ္စံုကို သူက ေအာင္ျမင္စြာ ဖန္တီးႏုိင္ၿပီ ျဖစ္တဲ့အတြက္ ေရာင္းခ်ေပးလိုက္ပါၿပီ။ ေစ်းႏႈန္းမွာ ေဒၚလာ ၄၄၆ ၀၀၀ ျဖစ္တဲ့အတြက္ ျမန္မာေငြ သိန္း ၆ ေထာင္ေက်ာ္ပါတယ္။

၀တ္စံုကို 3D Printing နည္းပညာျဖင့္ ဖန္တီးထားပါတယ္။ ဂ်က္အင္ဂ်င္ ငါးလံုးကို ၀တ္စံုမွာ ထည့္သြင္းထားပါတယ္။ ေလာင္စာဆီ အေျခ အေနကို ျပသေပးတဲ့ Head-Up Display တစ္ခုလည္း ပါပါတယ္။ ဒီ၀တ္စံုနဲ႔ ပ်ံသန္းဖို႔အတြက္လည္း လိုင္စင္မ်ား မလိုအပ္ဘူးလို႔ တီထြင္သူက ေျပာပါတယ္။ ပ်ံသန္းတတ္ဖို႔အတြက္လည္း မိနစ္ အနည္းငယ္သာ သင္ၾကားဖို႔ လိုပါတယ္။ ဘယ္သူမဆို အသံုးျပဳႏိုင္ပါတယ္။

တီထြင္သူက “ ယခု ၀တ္စံုဟာ ၂၀၁၇ ခုႏွစ္ကထက္ မ်ားစြာ စြမ္းရည္ျမင့္မားလာပါတယ္။ စမ္းသပ္ပ်ံသန္းမႈမ်ားစြာကေနလည္း လိုအပ္ေနေသးတာေတြကို သိခဲ့ရပါတယ္။ အခုေတာ့ ျပင္ဆင္မႈမ်ား၊ လိုအပ္မႈမ်ားကို ျပင္ဆင္ ျဖည့္စြက္ထားပါတယ္။ အရြယ္က်စ္လစ္ၿပီး စြမ္းရည္ ပိုမိုျမင့္မားေအာင္လည္း ျပဳလုပ္ခဲ့ရပါတယ္။ အေနာက္ဘက္မွ အင္ဂ်င္ ႏွစ္လံုးကို အရြယ္ႀကီး တစ္လံုးထဲ အျဖစ္ ေပါင္းစပ္ခဲ့ရပါတယ္။ တည္ၿငိမ္မႈအားေကာင္းလာေအာင္လည္း ျပင္ဆင္ခဲ့ရပါတယ္။ ငါးမိနစ္ေလာက္ သင္ေပးလိုက္တာနဲ႔ ပ်ံသန္းတတ္ပါတယ္။ က်န္းမာေရး ေကာင္းတဲ့ လူတိုင္း သူ႔ကို အသံုးျပဳႏုိင္ပါတယ္။ စူပါမင္းမ်ား၊ စူပါဟီးရိုးမ်ား ျဖစ္ဖို႔ မလိုပါဘူး။ “ လို႔ ေျပာပါတယ္။

unicode

သိန်း ၆ ထောင်တန်တဲ့ Iron Man ဝတ်စုံ

ဗြိတိန် လူမျိုး Richard Browning က မိုးပေါ်ပျံနိုင်တဲ့ Iron Man စတိုင် ဝတ်စုံကို ဖန်တီးနေတဲ့ သတင်းများ ထွက်ပေါ်နေတာ နှစ်အနည်းငယ် ရှိပါပြီ။ အခုတော့ အဲဒီ ဝတ်စုံကို သူက အောင်မြင်စွာ ဖန်တီးနိုင်ပြီ ဖြစ်တဲ့အတွက် ရောင်းချပေးလိုက်ပါပြီ။ ဈေးနှုန်းမှာ ဒေါ်လာ ၄၄၆ ၀၀၀ ဖြစ်တဲ့အတွက် မြန်မာငွေ သိန်း ၆ ထောင်ကျော်ပါတယ်။

ဝတ်စုံကို 3D Printing နည်းပညာဖြင့် ဖန်တီးထားပါတယ်။ ဂျက်အင်ဂျင် ငါးလုံးကို ဝတ်စုံမှာ ထည့်သွင်းထားပါတယ်။ လောင်စာဆီ အခြေ အနေကို ပြသပေးတဲ့ Head-Up Display တစ်ခုလည်း ပါပါတယ်။ ဒီဝတ်စုံနဲ့ ပျံသန်းဖို့အတွက်လည်း လိုင်စင်များ မလိုအပ်ဘူးလို့ တီထွင်သူက ပြောပါတယ်။ ပျံသန်းတတ်ဖို့အတွက်လည်း မိနစ် အနည်းငယ်သာ သင်ကြားဖို့ လိုပါတယ်။ ဘယ်သူမဆို အသုံးပြုနိုင်ပါတယ်။

တီထွင်သူက “ ယခု ဝတ်စုံဟာ ၂၀၁၇ ခုနှစ်ကထက် များစွာ စွမ်းရည်မြင့်မားလာပါတယ်။ စမ်းသပ်ပျံသန်းမှုများစွာကနေလည်း လိုအပ်နေသေးတာတွေကို သိခဲ့ရပါတယ်။ အခုတော့ ပြင်ဆင်မှုများ၊ လိုအပ်မှုများကို ပြင်ဆင် ဖြည့်စွက်ထားပါတယ်။ အရွယ်ကျစ်လစ်ပြီး စွမ်းရည် ပိုမိုမြင့်မားအောင်လည်း ပြုလုပ်ခဲ့ရပါတယ်။ အနောက်ဘက်မှ အင်ဂျင် နှစ်လုံးကို အရွယ်ကြီး တစ်လုံးထဲ အဖြစ် ပေါင်းစပ်ခဲ့ရပါတယ်။ တည်ငြိမ်မှုအားကောင်းလာအောင်လည်း ပြင်ဆင်ခဲ့ရပါတယ်။ ငါးမိနစ်လောက် သင်ပေးလိုက်တာနဲ့ ပျံသန်းတတ်ပါတယ်။ ကျန်းမာရေး ကောင်းတဲ့ လူတိုင်း သူ့ကို အသုံးပြုနိုင်ပါတယ်။ စူပါမင်းများ၊ စူပါဟီးရိုးများ ဖြစ်ဖို့ မလိုပါဘူး။ “ လို့ ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.