ဇူလိုင် ၃၀ရက်နေ့မှာ စတင်ရောင်းချမယ့် Xiaomi 8 Explorer Edition

0
1355




unicode

xiaomi ရဲ့ annual events 2018 မှာ Xiaomi Mi 8, Xiaomi Mi 8 SE နဲ့ Xiaomi Mi 8 Explorer Edition တို့ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ Xiaomi Mi 8, Xiaomi Mi 8 SE ဖုန်းတွေကိုတော့ ရောင်းချနေပြီဖြစ်ပါတယ်။ EE ဖုန်းကတော့ အချိန်အနည်းငယ် နောက်ကြီးမှ ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုတော့ Xiaomi Mi 8 Explorer Edition ကိုယခုလ ၃၀ရက်နေ့မှာ ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၅၄၀ ဖြစ်မယ်လို့ သိရပါတယ်။

Mi8 EE မှာ မျက်နှာပြင် 6.21″ Full Screen Display နဲ့အတူ AMOLED Display ကို အသုံးပြုထားပါတယ်။ Notch လည်းပါဝင်လာခဲ့ပါတယ်။ Resolution အနေနဲ့ FHD+ Display မှာ 2248p x 1080p ရှိမှာဖြစ်ပြီး  (18.7:9 ratio)  ရှိပါတယ်။ ကျောဘက်ကင်မရာကတော့ dual-camera ဖြစ်ပြီး 1.4μm pixels, f/1.8 aperture နဲ့ Dual Pixel autofocus ရတဲ့ 12MP ကင်မရာနဲ့ aperture f/2.4, 2x optical zoom, 4-axis OIS ပါဝင်တဲ့ 12MP telephoto ကင်မရာတွေကိုသုံးထားပါတယ်။ 4K video တွေကို 60FPS နဲ့ရိုက်ကူးနိုင်ပြီး 1080p slomotion ဗီဒီယိုတွေကို 240fps နဲ့ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Dual Pixel autoflcus, AI portraits, AI scene detection နဲ့ video editing စတဲ့လုပ်ဆောင်ချက်တွေကို ထည့်သွင်းထားပါတယ်။

Mi 8 Explorer Edition မှာ Mi 8 ထပ်ပိုထူးခြားလာ မှာတွေကတော့ In-display Fingerprint Sensor, 3D Face Recognition နဲ့ Transparent Back Cover တို့ပဲဖြစ်ပါတယ်။ Mi 8 နဲ့ Mi 8 Explorer Edition တွေမှာ ဖုန်းရဲ့ကျောဘက်ခြမ်းကို Glass Panel သုံးထားတာခြင်း တူပေမယ့် Mi 8 Explorer Edition စမတ်ဖုန်းမှာတော့ ဖုန်းရဲ့ကျောဘက်ခြမ်းအတွင်းအစိတ်အပိုင်းများကို လှပစွာ ဖောက်ထွင်း မြင်တွေ့နေရမယ့် Glass Panel ဒီဇိုင်းနဲ့တန်ဆာဆင်ထားတာပါ။ ဒီ Design မျိုးကိုတော့ HTC ထုတ်စမတ် ဖုန်းတွေဖြစ်တဲ့ HTC U11 နဲ့ U12 တို့မှာတွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။ Mi 8 Explorer Edition ကိုတော့ 8GB RAM /128GB  တမျိုးတည်းသာ ထုတ်လုပ်ပေးထားပါတယ်။

Leave a Reply