Stock Android ထည့္သြင္းထားတဲ့ Xiaomi Mi A2 ကို ေၾကညာ

0
1042

ေရွာင္မီက Mi A2 နဲ Mi A2 Lite တို႔ကို ေၾကညာလိုက္ပါတယ္။ Stock Android ထည့္သြင္းထားၾကပါတယ္။ Mi A2 ဟာ Mi A2 Lite ထက္ စြမ္းရည္ျမင့္မားပါတယ္။ Mi A2 Lite ကေတာ့ ဘက္ထရီ အပိုင္းမွာ ပိုမိုအားသာပါတယ္။ Mi A2 ကို အလူမီနီယမ္ ကိုယ္ထည္ျဖင့္ တည္ေဆာက္ထားပါတယ္။

သူ႔မွာ ၅.၉၉ လက္မ IPS LCD 1080×2160 Display ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ကို Gorilla Glass 5 ျဖင့္ ကာကြယ္ထားပါတယ္။ သူ႔မွာ မ်က္ႏွာျပင္ အရွည္ ထည့္သြင္းထားတဲ့အတြက္ Mi A1 ထက္ စကရင္ဟာ ၁၂ ရာခုိင္ႏႈန္း ပိုမိုမ်ားလာပါတယ္။

Mi A2 မွာ ဓါတ္ပံုအပိုင္းကို အဓိက အသားေပးထားပါတယ္။ အေရွ႕ဘက္မွာ 20MP Sony IMX376 Sensor ထည့္သြင္းထားၿပီး အေမွာင္ထဲမွာေတာင္ လွပတဲ့ ဓါတ္ပံုမ်ား ဖန္တီးေပးပါတယ္။ LED Flash တစ္လံုးလည္း ထည့္ေပးထားပါတယ္။ ကင္မရာမွာ ဥာဏ္ရည္တု နည္းပညာက ေထာက္ပံ့ေပးတဲ့ Effects မ်ားနဲ႔ HDR ပါပါတယ္။ အေနာက္ဘက္မွာလည္း အဲဒီ ကင္မရာနဲ႔အတူ 12MP Sony IMX486 Sensor ကို အပို ထည့္ထားပါတယ္။

သူဟာ Android One Phone ျဖစ္ပါတယ္။ Snapdragon 660 Chipset, 4GB RAM or 6GB RAM မ်ား ပါပါတယ္။ 32GB /64GB/128GB Storage မ်ား ထုတ္လုပ္ေပးထားပါတယ္။ ဘက္ထရီက 3000mAh ျဖစ္ပါတယ္။ ၾသဂုတ္လ ၁၀ ရက္ေန႔မွာ စပိန္တြင္ေရာင္းမွာပါ။ 4GB/32GB ကို ယူရို ၂၅၀ ၊ 4GB/64GB ကို ယူရို ၂၈၀ နဲ႔ 6GB/128GB ကို ယူရို ၃၅၀ သတ္မွတ္ထားပါတယ္။

unicode

Stock Android ထည့်သွင်းထားတဲ့ Xiaomi Mi A2 ကို ကြေညာ

ရှောင်မီက Mi A2 နဲ Mi A2 Lite တို့ကို ကြေညာလိုက်ပါတယ်။ Stock Android ထည့်သွင်းထားကြပါတယ်။ Mi A2 ဟာ Mi A2 Lite ထက် စွမ်းရည်မြင့်မားပါတယ်။ Mi A2 Lite ကတော့ ဘက်ထရီ အပိုင်းမှာ ပိုမိုအားသာပါတယ်။ Mi A2 ကို အလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။

သူ့မှာ ၅.၉၉ လက်မ IPS LCD 1080×2160 Display ထည့်သွင်းထားပြီး မျက်နှာပြင်ကို Gorilla Glass 5 ဖြင့် ကာကွယ်ထားပါတယ်။ သူ့မှာ မျက်နှာပြင် အရှည် ထည့်သွင်းထားတဲ့အတွက် Mi A1 ထက် စကရင်ဟာ ၁၂ ရာခိုင်နှုန်း ပိုမိုများလာပါတယ်။

Mi A2 မှာ ဓါတ်ပုံအပိုင်းကို အဓိက အသားပေးထားပါတယ်။ အရှေ့ဘက်မှာ 20MP Sony IMX376 Sensor ထည့်သွင်းထားပြီး အမှောင်ထဲမှာတောင် လှပတဲ့ ဓါတ်ပုံများ ဖန်တီးပေးပါတယ်။ LED Flash တစ်လုံးလည်း ထည့်ပေးထားပါတယ်။ ကင်မရာမှာ ဉာဏ်ရည်တု နည်းပညာက ထောက်ပံ့ပေးတဲ့ Effects များနဲ့ HDR ပါပါတယ်။ အနောက်ဘက်မှာလည်း အဲဒီ ကင်မရာနဲ့အတူ 12MP Sony IMX486 Sensor ကို အပို ထည့်ထားပါတယ်။

သူဟာ Android One Phone ဖြစ်ပါတယ်။ Snapdragon 660 Chipset, 4GB RAM or 6GB RAM များ ပါပါတယ်။ 32GB /64GB/128GB Storage များ ထုတ်လုပ်ပေးထားပါတယ်။ ဘက်ထရီက 3000mAh ဖြစ်ပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့မှာ စပိန်တွင်ရောင်းမှာပါ။ 4GB/32GB ကို ယူရို ၂၅၀ ၊ 4GB/64GB ကို ယူရို ၂၈၀ နဲ့ 6GB/128GB ကို ယူရို ၃၅၀ သတ်မှတ်ထားပါတယ်။

Leave a Reply