Notch , Stock Android မ်ားပါတဲ့ Xiaomi Mi A2 Lite ကို ေၾကညာ

0
951

Xiaomi က သတင္းေတြထြက္ေနတဲ့ Mi A2 နဲ႔ Mi A2 Lite တို႔ကို တရား၀င္ ေၾကညာလိုက္ပါၿပီ။ Mi A2 Lite မွာ ေခတ္စားေနတဲ့ Notch Design နဲ႔ 19:9 မ်က္ႏွာျပင္အခ်ိဳးကို သံုးထားပါတယ္။ Snapdragon 625 Chipset ေမာင္းႏွင္ထားပါတယ္။ သူ႔ရဲ႕ ဘက္ထရီဟာ Mi A2 ထက္ ႀကီးမားၿပီး 4000mAh ျဖစ္ပါတယ္။ သူဟာ Mi A2 ထက္ အနည္းငယ္ အရြယ္ေသးတဲ့အတြက္ လက္ထဲမွာ ကိုင္တြယ္လို႔ အဆင္ေျပေစပါတယ္။ အားအျပည့္သြင္းထားရင္ ၃၄ နာရီၾကာ သီခ်င္း နားေထာင္ျခင္း သို႔မဟုတ္ ၆ နာရီၾကာ ဂိမ္းကစားျခင္းမ်ား ျပဳလုပ္ႏုိင္တယ္လို႔ ေရွာင္မီက ေျပာပါတယ္။

သူ႔မွာ ၅.၈၄ လက္မ Full HD+ Display ထည့္သြင္းထားပါတယ္။ Notch မွာ 5MP Camera ပါၿပီး ေနာက္ခံမႈန္၀ါးတဲ့ ဓါတ္ပံုမ်ား ဖန္တီးႏုိင္ပါတယ္။ အေနာက္ဘက္မွာ 12MP+5MP Dual Camera မ်ားပါပါတယ္။ Phase Detection Autofocus နည္းပညာလည္း ပါပါတယ္။

microSD Slot သီးျခား ထည့္ထားပါတယ္။ Model ၂ ခု ထုတ္လုပ္ေပးထားပါတယ္။ 3GB RAM/32GB Storage ကို ယူရို ၁၈၀ ၊ 4GB RAM/64GB Storage ကို ယူရို ၂၃၀ သတ္မွတ္ထားပါတယ္။ ဇူလိုင္လ ၂၇ ရက္မွာ ျပင္သစ္၊ ၾသဂုတ္လ ၈ ရက္ေန႔မွာ အီတလီနဲ႔ ၾသဂုတ္လ ၁၀ ရက္ေန႔မွာ စပိန္တြင္ ေရာင္းခ်မွာ ျဖစ္ပါတယ္။

unicode

Notch , Stock Android များပါတဲ့ Xiaomi Mi A2 Lite ကို ကြေညာ

Xiaomi က သတင်းတွေထွက်နေတဲ့ Mi A2 နဲ့ Mi A2 Lite တို့ကို တရားဝင် ကြေညာလိုက်ပါပြီ။ Mi A2 Lite မှာ ခေတ်စားနေတဲ့ Notch Design နဲ့ 19:9 မျက်နှာပြင်အချိုးကို သုံးထားပါတယ်။ Snapdragon 625 Chipset မောင်းနှင်ထားပါတယ်။ သူ့ရဲ့ ဘက်ထရီဟာ Mi A2 ထက် ကြီးမားပြီး 4000mAh ဖြစ်ပါတယ်။ သူဟာ Mi A2 ထက် အနည်းငယ် အရွယ်သေးတဲ့အတွက် လက်ထဲမှာ ကိုင်တွယ်လို့ အဆင်ပြေစေပါတယ်။ အားအပြည့်သွင်းထားရင် ၃၄ နာရီကြာ သီချင်း နားထောင်ခြင်း သို့မဟုတ် ၆ နာရီကြာ ဂိမ်းကစားခြင်းများ ပြုလုပ်နိုင်တယ်လို့ ရှောင်မီက ပြောပါတယ်။

သူ့မှာ ၅.၈၄ လက်မ Full HD+ Display ထည့်သွင်းထားပါတယ်။ Notch မှာ 5MP Camera ပါပြီး နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများ ဖန်တီးနိုင်ပါတယ်။ အနောက်ဘက်မှာ 12MP+5MP Dual Camera များပါပါတယ်။ Phase Detection Autofocus နည်းပညာလည်း ပါပါတယ်။

microSD Slot သီးခြား ထည့်ထားပါတယ်။ Model ၂ ခု ထုတ်လုပ်ပေးထားပါတယ်။ 3GB RAM/32GB Storage ကို ယူရို ၁၈၀ ၊ 4GB RAM/64GB Storage ကို ယူရို ၂၃၀ သတ်မှတ်ထားပါတယ်။ ဇူလိုင်လ ၂၇ ရက်မှာ ပြင်သစ်၊ သြဂုတ်လ ၈ ရက်နေ့မှာ အီတလီနဲ့ သြဂုတ်လ ၁၀ ရက်နေ့မှာ စပိန်တွင် ရောင်းချမှာ ဖြစ်ပါတယ်။

Leave a Reply