Xiaomi အေနနဲ႔ Mi Max 3 ဖုန္းကိုျဖန္႔ခ်ိၿပီးတဲ့ ေနာက္မွာ Pro ဗားရွင္းဖုန္းကိုပါ ေစ်းကြက္တင္ဖို႔ ျပဳဳလုပ္လ်က္ရွိေနပါတယ္။ Mi Max 3 မိတ္ဆက္ပြဲတုန္းက ပရိုဗားရွင္းနဲ႔ ပတ္သတ္ၿပီး အရမ္းႀကီးမသိရွိခဲ့ရ ေပမယ့္ ဒီေန႔မွာေတာ့ QUALCOMM ဝက္ဘ္ဆိုက္မွာ MAX 3 PRO နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြ ထြက္ရွိလာပါတယ္။ သူ႕မွာ 6.9လက္မမ်က္ႏွာျပင္ သုံးထားမွာျဖစ္ၿပီး Snapdragon 710 ပရိုဆက္ဆာ ပါဝင္လာမွာပါ။
Snapdragon 710 ပရိုဆက္ဆာကိုေတာ့ Vivo Nex နဲ႔ Mi 8 SE တို႔မွာ သုံးထားပါတယ္။ လက္ရွိထြက္ထားတဲ့ သတင္းေတြအရ MAX 3 PRO ေနာက္လေလာက္မွသာ မိတ္ဆက္ႏုိင္ပါလိမ့္မယ္။ Mi Max 3 မွာတုန္းကေတာ့ 6.9” မ်က္ႏွာျပင္မွာ Full HD+ resolution ၊ 18:9 ratio သုံးထားၿပီး 6GB Ram နဲ႔အတူ 5500mAh ဘက္ထရီစြမ္းအားနဲ႔ပါ။ octa-core CPU at 1.8 GHz အျမန္ႏႈန္းနဲ႔ Qualcomm Snapdragon 636 chipset ကိုသာသုံးထားပါတယ္။
Max 3 ရဲ႕ကင္မရာဟာ dual camera နဲ႔ျဖစ္ၿပီး 12 MP အဓိကင္မရာမွာ f/1.9 aperture နဲ႔ျဖစ္ၿပီး 1.4µm pixel size ၊ dual-pixel phase detection AF တို႔ေထာက္ပံ့ေပးထားပါတယ္။ ဒုတိယကင္မရာငယ္ကေတာ့ 5 MP နဲ႔အတူ f/2.0 lens နဲ႔ျဖစ္ၿပီး portrait shots ေတြျပဳလုပ္ႏိုင္မွာပါ။ အေရွ႕ဘက္ကင္မရာကိုေတာ့ 8 MP sensor သုံးထားပါတယ္။ ကြန္ရက္ခ်ိတ္ဆက္မႈ အပုိင္းအတြက္Dual VoLTE, Wi-Fi 802.11ac, Bluetooth 5.0 နဲ႔အတူ USB-C port ပါဝင္တယ္။ OS ပိုင္းမွာေတာ့ Android 8.1 နဲ႔အတူ MIUI 9.5 ကိုသာထည့္သြင္းေပးထားပါတယ္။ ဒါေၾကာင့္ Max 3 Pro ဖုန္းဟာ၊ Max 3 နဲ႔အခ်က္အလက္ပိုင္းဆိုင္ရာ အမ်ားစုတူညီၿပီး ပရိုဆက္ဆာပိုင္းမွာသာ ကြဲျပားၿပီး ထြက္လာဖို႔မ်ားပါတယ္။
unicode
Xiaomi အနေနဲ့ Mi Max 3 ဖုန်းကိုဖြန့်ချိပြီးတဲ့ နောက်မှာ Pro ဗားရှင်းဖုန်းကိုပါ ဈေးကွက်တင်ဖို့ ပြုုလုပ်လျက်ရှိနေပါတယ်။ Mi Max 3 မိတ်ဆက်ပွဲတုန်းက ပရိုဗားရှင်းနဲ့ ပတ်သတ်ပြီး အရမ်းကြီးမသိရှိခဲ့ရ ပေမယ့် ဒီနေ့မှာတော့ QUALCOMM ဝက်ဘ်ဆိုက်မှာ MAX 3 PRO နဲ့ပတ်သတ်တဲ့ အချက်အလက်တွေ ထွက်ရှိလာပါတယ်။ သူ့မှာ 6.9လက်မမျက်နှာပြင် သုံးထားမှာဖြစ်ပြီး Snapdragon 710 ပရိုဆက်ဆာ ပါဝင်လာမှာပါ။
Snapdragon 710 ပရိုဆက်ဆာကိုတော့ Vivo Nex နဲ့ Mi 8 SE တို့မှာ သုံးထားပါတယ်။ လက်ရှိထွက်ထားတဲ့ သတင်းတွေအရ MAX 3 PRO နောက်လလောက်မှသာ မိတ်ဆက်နိုင်ပါလိမ့်မယ်။ Mi Max 3 မှာတုန်းကတော့ 6.9” မျက်နှာပြင်မှာ Full HD+ resolution ၊ 18:9 ratio သုံးထားပြီး 6GB Ram နဲ့အတူ 5500mAh ဘက်ထရီစွမ်းအားနဲ့ပါ။ octa-core CPU at 1.8 GHz အမြန်နှုန်းနဲ့ Qualcomm Snapdragon 636 chipset ကိုသာသုံးထားပါတယ်။
Max 3 ရဲ့ကင်မရာဟာ dual camera နဲ့ဖြစ်ပြီး 12 MP အဓိကင်မရာမှာ f/1.9 aperture နဲ့ဖြစ်ပြီး 1.4µm pixel size ၊ dual-pixel phase detection AF တို့ထောက်ပံ့ပေးထားပါတယ်။ ဒုတိယကင်မရာငယ်ကတော့ 5 MP နဲ့အတူ f/2.0 lens နဲ့ဖြစ်ပြီး portrait shots တွေပြုလုပ်နိုင်မှာပါ။ အရှေ့ဘက်ကင်မရာကိုတော့ 8 MP sensor သုံးထားပါတယ်။ ကွန်ရက်ချိတ်ဆက်မှု အပိုင်းအတွက်Dual VoLTE, Wi-Fi 802.11ac, Bluetooth 5.0 နဲ့အတူ USB-C port ပါဝင်တယ်။ OS ပိုင်းမှာတော့ Android 8.1 နဲ့အတူ MIUI 9.5 ကိုသာထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် Max 3 Pro ဖုန်းဟာ၊ Max 3 နဲ့အချက်အလက်ပိုင်းဆိုင်ရာ အများစုတူညီပြီး ပရိုဆက်ဆာပိုင်းမှာသာ ကွဲပြားပြီး ထွက်လာဖို့များပါတယ်။