အေနာက္ကင္မရာ ၂ လံုးပါတဲ့ တန္ဖိုးနည္း Honor 9N

0
1053

Huawei ရဲ႕ Sub-Brand ျဖစ္တဲ့ Honor က အိႏၵိယမွာ စမတ္ဖုန္း အသစ္တစ္လံုးကို ေၾကညာလိုက္ပါတယ္။ သူ႔မွာ ေခတ္စားေနတဲ့ အေနာက္ကင္မရာ ၂ လံုးနဲ႔ Notch မ်ားပါပါတယ္။ သူ႔ရဲ႕ အမည္မွာ Honor 9N ျဖစ္ၿပီး အေနာက္ဘက္မွာ 13MP+2MP Dual Camera မ်ားထည့္သြင္းထားပါတယ္။ Selfie အသားေပး 16MP Camera ထည့္သြင္းထားပါတယ္။

Honor 9N မွာ ၅.၈၄ လက္မ LCD FHD+ (1080×2280) Display ထည့္သြင္းထားပါတယ္။ Android 8.0 Oreo အေျချပဳ Huawei EMUI 8.0 ထည့္ထားပါတယ္။ HiSilicon Kirin 659 Chip ေမာင္းႏွင္ထားပါတယ္။ RAM နဲ႔ Storage အတြက္ ေမာ္ဒယ္ သံုးမ်ိဳးထုတ္လုပ္ေပးထားပါတယ္။ microSD Card ကို Hybrid SIM Slot မွာ ထည့္သြင္းႏုိင္ပါတယ္။

ခရမ္း၊ အျပာ၊ အနက္ေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။ 3GB/32GB ကို ရူပီး ၁၁ ၉၉၉ ၊ 4GB/64GB ကို ရူပီး ၁၃၉၉၉ နဲ႔ 4GB/126GB ကို ရူပီး ၁၇၉၉၉ သတ္မွတ္ထားပါတယ္။ ေဒၚလာ အားျဖင့္ ၁၇၄ ၊ ၂၀၃ နဲ႔ ၂၆၁ အသီးသီး တန္ေၾကးရွိပါတယ္။ Flipkart ကေနသာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

Honor 9N ဟာ တရုတ္မွာ ၿပီးခဲ့တဲ့လက ေၾကညာခဲ့တဲ့ Honor 9i (2018) နဲ႔ အတူတူပဲ ျဖစ္ပါတယ္။ အိႏၵိယမွာ အမည္ေျပာင္းၿပီး ေရာင္းခ်တာပါ။ သူဟာ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလက အိႏၵိယမွာ ေၾကညာခဲ့တဲ့ Honor 9i ရဲ႕ မ်ိဳးဆက္ျဖစ္ပါတယ္။

unicode

အနောက်ကင်မရာ ၂ လုံးပါတဲ့ တန်ဖိုးနည်း Honor 9N

Huawei ရဲ့ Sub-Brand ဖြစ်တဲ့ Honor က အိန္ဒိယမှာ စမတ်ဖုန်း အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ သူ့မှာ ခေတ်စားနေတဲ့ အနောက်ကင်မရာ ၂ လုံးနဲ့ Notch များပါပါတယ်။ သူ့ရဲ့ အမည်မှာ Honor 9N ဖြစ်ပြီး အနောက်ဘက်မှာ 13MP+2MP Dual Camera များထည့်သွင်းထားပါတယ်။ Selfie အသားပေး 16MP Camera ထည့်သွင်းထားပါတယ်။

Honor 9N မှာ ၅.၈၄ လက်မ LCD FHD+ (1080×2280) Display ထည့်သွင်းထားပါတယ်။ Android 8.0 Oreo အခြေပြု Huawei EMUI 8.0 ထည့်ထားပါတယ်။ HiSilicon Kirin 659 Chip မောင်းနှင်ထားပါတယ်။ RAM နဲ့ Storage အတွက် မော်ဒယ် သုံးမျိုးထုတ်လုပ်ပေးထားပါတယ်။ microSD Card ကို Hybrid SIM Slot မှာ ထည့်သွင်းနိုင်ပါတယ်။

ခရမ်း၊ အပြာ၊ အနက်ရောင်များ ထုတ်လုပ်ပေးထားပါတယ်။ 3GB/32GB ကို ရူပီး ၁၁ ၉၉၉ ၊ 4GB/64GB ကို ရူပီး ၁၃၉၉၉ နဲ့ 4GB/126GB ကို ရူပီး ၁၇၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာ အားဖြင့် ၁၇၄ ၊ ၂၀၃ နဲ့ ၂၆၁ အသီးသီး တန်ကြေးရှိပါတယ်။ Flipkart ကနေသာ ရောင်းချမှာ ဖြစ်ပါတယ်။

Honor 9N ဟာ တရုတ်မှာ ပြီးခဲ့တဲ့လက ကြေညာခဲ့တဲ့ Honor 9i (2018) နဲ့ အတူတူပဲ ဖြစ်ပါတယ်။ အိန္ဒိယမှာ အမည်ပြောင်းပြီး ရောင်းချတာပါ။ သူဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလက အိန္ဒိယမှာ ကြေညာခဲ့တဲ့ Honor 9i ရဲ့ မျိုးဆက်ဖြစ်ပါတယ်။

Leave a Reply