Zawgyi version
Finis Neptune
Misfit Shine
iSpO2 Pulse Oximeter
HAPIfork
Fitbit Aria
Trace
Sensoria Smart Sock
Umoro One
Unicode version
ကျန်းမာရေးအတွက် fitness gadget လေးများ
Finis Neptune
အားကစားလုပ်နေရလို့ ပြေးလွှားနေတဲ့အချိန်၊ စက်ဘီးစီးနေတဲ့ အချိန်တွေမှာဆိုရင် သီချင်းနားထောင်ခြင်းက အကောင်းဆုံး စိတ်ဓာတ်ခွန်အားတက်ကြွ ဖြစ်စေမယ့်အရာပါပဲ။ ခုပြောပြမယ့် Finis Neptune ဆိုတာက ရေကူးတဲ့ အချိန်တပ်ရတဲ့ ရေကူးမျက်မှန်လိုပါပဲ။ သူက bone conduction audio နဲ့ user တွေရဲ့ နားကနေ တစ်ဆင့် နားကြပ်တပ်စရာမလိုလဲ သံစဉ်တွေကို နားဆင်နိုင်မှာပဲ ဖြစ်ပါတယ်။
ဒီပစ္စည်းလေးကတော့ သင်ကရေကူနေတဲ့အချိန် ဒါမှမဟုတ် ရေအောက်ထဲ ရောက်နေတဲ့အချိန် သီချင်းသံကို ပိုပြီးအသံကျယ်အောင် လုပ်ပေးပြီး အသံကို ရှင်းရှင်းလင်းလင်းနဲ့ ကြားနိုင်အောင်လုပ်ပေးမှာ ဖြစ်ပါတယ်။ သူက
built-in ပါတဲ့ storage space က 4GB ပါဝင်ပြီးတော့ ဘက်ထရီကလဲ ၈ နာရီကြာရှည်ခံပြီး သီချင်းကိုထိန်းချူပ်ဖို့အတွက် OLED screen အသုံးပြု ပေးထားပါတယ်။
Misfit Shine
သူကတော့ လက်ပတ်ပုံစံပဲ ဖြစ်တဲ့အတွက် သင့်အိတ်ထဲကို လွယ်လွယ်ကူကူသယ်ဆောင်သွားနိုင်ပါတယ်။ Misfit Shine က သင့်ရဲ့ activity တွေကို လိုက်လံမှတ်သားပေးမဲ့ activity tracker ဖြစ်တဲ့ အတွက်ကြောင့် သင့်ရဲ့လှုပ်ရှားမှုမှန်သမျှကို မှတ်တမ်းတင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ သင့်ရဲ့ဖုန်းနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းက သင့်ရဲ့ လက်မောင်းမှာ သိုင်းကြိုးပုံစံ ပတ်ထားနိုင်ပါတယ်။ သင်ရေကူတဲ့အချိန်တို့ ရေထဲမှာ ကစားတဲ့အချိန်တို့မှာ သူက လက်မောင်းမှာပတ်ထားရုံပါပဲ။ သူက ရေစိုလဲခံတဲ့အတွက်ကြောင့် စိတ်ချရပါတယ်။
iSpO2 Pulse Oximeter
သင်က အားကစားသမားတစ်ယောက်ဖြစ်တယ်ဆိုရင် ဒီ device က သင့်ခန္တာကိုယ်ထဲမှာရှိတဲ့ သေးလည်ပတ်မှုနှုန်း၊ နှလုံးခုန်နှုန်းကို တိုင်းတာ ဖို့အတွက် 30-pin connector ကိုအသုံးပြုပြီး iOS device တွေနဲ့ ချိတ်ဆက် အသုံးပြုရမှာဖြစ်ပါတယ်။ သူက ကျန်းမာရေးအတွက်အသုံးပြုဖို့ထက် အားကစားလုပ်တဲ့အခါအသုံးပြုကို ရည်ရွယ်ပြီး ထုတ်လုပ်ထားပါတယ်။
ဒီပစ္စည်းလေးကလဲ အားကစားသမားတွေ အဖွဲ့နဲ့ကစားတဲ့သူတွေအတွက် အဓိကထားပြီးထုတ်လုပ် ပေးထားပါတယ်။ သူက အားကစားသမား တစ်ယောက်စီရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားနိုင်ပါတယ်။
HAPIfork
HAPIfork ဆိုတဲ့ gadget လေးက သင့်ကို အစားအများကြီး ပိုမစားမိအောင် ကူညီပေးနိုင်မှာပါ။ sensor တွေက သင့်ရဲ့ speed ကျော်နေရင် သင့်ကို vibration နဲ့ သတိပေးမှာပါ။ သူက သင်စားတဲ့အချိန်အတိုင်းအတာနဲ့ တစ်မိနစ်အတွင်းဘယ်လောက်စားလဲဆိုတဲ့ အချက်အလက်တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အချက်အလက်တွေကို app မှာဖော်ပြပေးမှာဖြစ်ပြီး mini USB နဲ့ data တွေကိုလဲ ကူူးပြောင်းနိုင်ပါတယ်။
Fitbit Aria
သူကတော့ ခန္ဓာကိုယ် အလေးချိန်ကို စောင့်ကြည့်တိုင်းတာပေးမယ့် နည်းပညာမြင့် app လေးပဲ ဖြစ်ပါတယ်။ သူက သင့်မှာရှိသင့်တဲ့ အလေးချိန်ထက်ပိုသွားရင်သင့်ကို သတိပေးမှာပါ။ Fitbit Aria က သင့်ရဲ့ ခန္ဓာကိုယ် အလေးချိန်နဲ့ Body Mass Index (BMI) ကိုခြေရာခံပြီး စောင့်ကြည့်တိုင်းတာပေးမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူက data တွေကို သင့်ရဲ့ ကွန်ပျူတာထဲကို လဲ ပြောင်းရွှေ့နိုင်ပါတယ်။ သူက fitness goal ရောက်တဲ့အချိန်မှာ သင့်ရဲ့ စမတ်ဖုန်းကို သတိပေးပါလိမ့်မယ်။
Trace
တစ်ချို့ fitness tracker တွေက ပြင်းပြင်းထန်ထန်ကစားရတဲ့ ကစားနည်းတွေအတွက် အဆင်မပြေပါဘူး။ ဒီ Trace ကတော့ ပြင်းပြင်းထန်ထန်ကစားရတဲ့ အားကစား နည်းတွေ ဖြစ်တဲ့ ရေလှိုင်းစီး၊ စကိတ်စီး၊ နှင်းလျှောစီးခြင်း စတဲ့ကစားနည်းတွေမှာ အသုံးပြုနိုင်ပါတယ်။ သူက action sport တွေအတွက်အဓိကထုတ်လုပ်ထားပါတယ်။
Amiigo Fitness Bracelet
Amiigo က ပုံမှန် fitness အတွက်ထုတ်လုပ်ထားတဲ့ လက်ပတ်တွေနဲ့ ကွဲထွက်အောင် ပြုလုပ်ထားပါတယ်။ သူက 2-in-1 device ဖြစ်ပြီးတော့ တစ်ခုကိုတော့ သင့်လက်ကောက်ဝတ် မှာ ပတ်ထားပေးရမှာဖြစ်ပြီး နောက်တစ်ခုကိုတော့ သင့်ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်းနဲ့ အောက်ပိုင်း လုပ်ရှားမှုတွေကို မှတ်သားနိုင်အောင်လို့ သင့်ဖိနပ်မှာချည်ထားပေးရမှာ ဖြစ်ပါတယ်။ ဒီ two-piece gadget လေးက သင့်ရဲ့ လှုပ်ရှားမှုတွေကို ခွဲခြားပေးမှာ ဖြစ်ပါတယ်။ စက်ဘီးစီးတဲ့အချိန်၊ ရေကူးနေတဲ့အချိန်၊ လမ်းလျှောက်တဲ့အချိန်၊ တောင်တက်တဲ့အချိန်၊ ဘောလုံးကစားတဲ့ အချိန်၊ ဂေါဖ့် ရိုက်တဲ့အချိန်၊ ရေထဲမှာ ကစားနေတဲ့အချိန်စတဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ပေးမှာ ဖြစ်ပါတယ်။ သူကတော့ app ကို သွင်းပြီး Bluetooth နဲ့ချိတ်ဆက်အသုံးပြုရမှာ ဖြစ်ပါတယ်။
Sensoria Smart Sock
သူကတော အဆင့်မြင့် နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ခြေအိတ်ပဲ ဖြစ်ပါတယ်။ သူက ခြေမျက်စိကနေ ခြေရာခံပေးမှာ ဖြစ်ပါတယ်။ သူက အပြေးသမားတွေအတွက် အဓိက ထုတ်လုပ်ထားတာဖြစ်ပြီး သူက သင်ဘယ်လောက်ပြေးခဲ့လဲနဲ့ ဘယ်လိုပိုကောင်းအောင် ပြေးရမလဲဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ခြေအိတ်ထဲမှာ အချက်ပြ sensor ပါဝင်ပေမဲ့ သူက လျှော်လို့ဖွတ်လို့ရပါတယ်။
Umoro One
ဒီပုလင်းကတော့ သင့်ရဲ့ချစ်ခင်ရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေထဲက ကျန်းမာရေးလိုက်စားတဲ့သူတွေကို လက်ဆောင်ပေးဖို့ အကောင်းဆုံး လက်ဆောင်ပါပဲ။ သူက ကျန်းမာရေးလုပ်နေတဲ့အချိန် အသုံးပြုနိုင်ပြီး သူက ပုလင်းတွေအများကြီး ယူသွားစရာမလိုဘဲ ပုလင်းတစ်ပုလင်းနဲ့တင် လုံလောက်ပါတယ်။ သူက အဖြူနဲ့ အနက်နဲ့ ဆိုပြီး ၂ မျိုးလာပါတယ်။ ဈေးကလဲ မများပါဘူး။