စမတ္ဖုန္း ထုတ္လုပ္ဖုိ႔ ျပင္ဆင္ေနတဲ့ Elon Musk ရဲ႕ TESLA ‘QUADRA’ ရဲ႕ ပုံရိပ္မ်ားထြက္လာ

0
1120

Elon Musk ဆိုကေတာ့ ေမာ္ဒန္နည္းပညာ ေလာကအတြက္ မသိသူမရွိသေလာက္ နာမည္ေက်ာ္တဲ့ နည္းပညာကုမၸဏီပိုင္ရွင္ တစ္ဦးျဖစ္ပါတယ္။ လက္တေလာမွာေတာ့ စြမ္းေဆာင္ရည္ျပည့္electric sedans နဲ႔ SUVs ကားေတြကို ထုတ္လုပ္လ်က္ ရွိေနပါတယ္။ ဒါ့အျပင္ သူ႕ရဲ႕ကုမၸဏီဟာ  SpaceX ပေရာဂ်က္နဲ႔ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးအတြက္ Hyperloop public transportationဝန္ေဆာင္မႈေတြကို ျပဳလုပ္ဖို႔အတြက္ တီထြင္ၾကံဆေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလေလာက္တုန္းက TESLA ကုမၸဏီအေနနဲ႔ စမတ္ဖုန္းေတြကို ထုတ္လုပ္ဖို႔ ျပင္ဆင္ေနတယ္ဆိုတဲ့ သတင္းေတြထြက္ထားပါတယ္။ အခ်ိန္အနည္းငယ္ၾကာသြားတဲ့ အခ်ိန္မွေတာ့ အားလုံးဒီသတင္းကိုေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ေနၾကပါၿပီ။ ဒီေန႔မွာေတာ့ အီလက္ထေရာနစ္ေမာ္ေတာ္ကား ထုတ္လုပ္သူ TESLA အေနနဲ႔ စမတ္ဖုန္း တစ္လုံးထုတ္လုပ္ဖို႔ရွိေနၿပီး အဲ့ဒီဖုန္းဟာ Notch ဒီဇိုင္းနဲ႔ထြက္လာမယ္ဆိုတဲ့သတင္းေတြထြက္လာပါတယ္။ Elon Musk  အေနနဲ႔ Tesla ဖုန္းကို notch design နဲ႔ထုတ္လုပ္ဖို႔ ျပင္ဆင္ေနၿပီး သူရဲ႕ codenamed ကိုေတာ့ ‘Quadra’ လို႔ေပးထားပါတယ္။

ဒီေန႔ထြက္လာတဲ့ ဓာတ္ပုံမွာ TESLA စမတ္ဖုန္းရဲ႕ အေရွ႕ဘက္နဲ႔ ေနာက္ေက်ာဘက္ ဒီဇုိင္းကိုေတြ႕လိုက္ရပါတယ္။ အေရွ႕ဘက္display မွာ Notch ေလးနဲ႔ျဖစ္ၿပီး က်ဥ္းေျမာင္းတဲ့ ေဘးေဘာင္ေလးေတြနဲ႔ပါ။ေနာက္ေက်ာဘက္မွာေတာ့ DUal ကင္မရာတပ္ဆင္ထားၿပီး TESLA ရဲ႕လိုဂုိ အမွတ္အသားေလးကို ထည့္သြင္းထားပါတယ္။ အျခားအခ်က္အလက္ေတြျဖစ္တဲ့processor, RAM, storage, camera  ေတြအေၾကာင္းကိုေတာ့ ေဖာ္ျပထားျခင္းမရွိပါဘူး။ တကယ္လို႔ ဒီႏွစ္ထဲမွာထြက္လာမယ္ဆိုရင္သူ႕မွာ snapdragon ေနာက္ဆုံးထြက္ ပရိုဆက္ဆာ သုံးႏုိင္ၿပီး  TESLA ကထုတ္တဲ့ ဖုန္းျဖစ္တာေၾကာင့္ ဘက္ထရီကေတာ့ ပုံမွန္ဖုန္းေတြထက္ နည္းပညာပိုသာမွာပါ။

unicode

Elon Musk ဆိုကတော့ မော်ဒန်နည်းပညာ လောကအတွက် မသိသူမရှိသလောက် နာမည်ကျော်တဲ့ နည်းပညာကုမ္ပဏီပိုင်ရှင် တစ်ဦးဖြစ်ပါတယ်။ လက်တလောမှာတော့ စွမ်းဆောင်ရည်ပြည့်electric sedans နဲ့ SUVs ကားတွေကို ထုတ်လုပ်လျက် ရှိနေပါတယ်။ ဒါ့အပြင် သူ့ရဲ့ကုမ္ပဏီဟာ  SpaceX ပရောဂျက်နဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် Hyperloop public transportationဝန်ဆောင်မှုတွေကို ပြုလုပ်ဖို့အတွက် တီထွင်ကြံဆနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလောက်တုန်းက TESLA ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ထားပါတယ်။ အချိန်အနည်းငယ်ကြာသွားတဲ့ အချိန်မှတော့ အားလုံးဒီသတင်းကိုမေ့မေ့ပျောက်ပျောက်ဖြစ်နေကြပါပြီ။ ဒီနေ့မှာတော့ အီလက်ထရောနစ်မော်တော်ကား ထုတ်လုပ်သူ TESLA အနေနဲ့ စမတ်ဖုန်း တစ်လုံးထုတ်လုပ်ဖို့ရှိနေပြီး အဲ့ဒီဖုန်းဟာ Notch ဒီဇိုင်းနဲ့ထွက်လာမယ်ဆိုတဲ့သတင်းတွေထွက်လာပါတယ်။ Elon Musk  အနေနဲ့ Tesla ဖုန်းကို notch design နဲ့ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီး သူရဲ့ codenamed ကိုတော့ ‘Quadra’ လို့ပေးထားပါတယ်။

ဒီနေ့ထွက်လာတဲ့ ဓာတ်ပုံမှာ TESLA စမတ်ဖုန်းရဲ့ အရှေ့ဘက်နဲ့ နောက်ကျောဘက် ဒီဇိုင်းကိုတွေ့လိုက်ရပါတယ်။ အရှေ့ဘက်display မှာ Notch လေးနဲ့ဖြစ်ပြီး ကျဉ်းမြောင်းတဲ့ ဘေးဘောင်လေးတွေနဲ့ပါ။နောက်ကျောဘက်မှာတော့ DUal ကင်မရာတပ်ဆင်ထားပြီး TESLA ရဲ့လိုဂို အမှတ်အသားလေးကို ထည့်သွင်းထားပါတယ်။ အခြားအချက်အလက်တွေဖြစ်တဲ့processor, RAM, storage, camera  တွေအကြောင်းကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ တကယ်လို့ ဒီနှစ်ထဲမှာထွက်လာမယ်ဆိုရင်သူ့မှာ snapdragon နောက်ဆုံးထွက် ပရိုဆက်ဆာ သုံးနိုင်ပြီး  TESLA ကထုတ်တဲ့ ဖုန်းဖြစ်တာကြောင့် ဘက်ထရီကတော့ ပုံမှန်ဖုန်းတွေထက် နည်းပညာပိုသာမှာပါ။

Leave a Reply