48MP IMX586 ပုံရိပ္ဆင္ဆာကို မိတ္ဆက္လိုက္တဲ့ SONY

0
1051

ဂ်ပန္စမတ္ဖုန္းနဲ႔ အီလက္ထေရာနစ္ နည္းပညာပစၥည္း ထုတ္လုပ္သူႀကီးဟာ စမတ္ဖုန္းေတြမွာ တပ္ဆင္အသုံးျပဳႏုိင္ဖို႔အတြက္ CMOS image sensor IMX586  ကိုထုတ္ေဖာ္ေၾကညာလိုက္ပါတယ္။ Sony ရဲ႕ဆင္ဆာအသစ္ဟာ ကမၻာ႔ပထမဆုံး 48MP စမတ္ဖုန္းဆင္ဆာ ျဖစ္လာမွာပါ။ Sensor အသစ္ ရဲ႕ Pixel size က 0.8 μm ျဖစ္တဲ့အတြက္ ကမာၻမွာအေသးဆံုး pixel size လို႔သတ္မွတ္ႏုိင္ပါတယ္။ Sony ကေတာ့သူရဲ႕နည္းပညာကို Ultra-compact Pixel Size လို႔ဆိုပါတယ္။ Sony ရဲ႕ထုတ္ျပန္ခ်က္အရ  48 megapixel ပမာဏထိရႏုိင္တယ္လို႔ ဆိုထားပါတယ္။

Sony အေနနဲ႔ သူ႔ရဲ႕ Exposure ထိန္းခ်ဳပ္ႏုိင္တဲ့နည္းပညာနဲ႔ Signal ေတြကို Process လုပ္တဲ့စြမ္းရည္ေတြကို Image sensor ထဲမွာ တစ္ခါတည္းထည့္သြင္းေပးထားတဲ့အတြက္ ထြက္လာတဲ့ပံုေတြရဲ႕ Dynamic Range က 12MP sensor ထက္ ၄ဆေလာက္ပိုမ်ားသြားပါတယ္။ အလင္းေရာင္မမွန္တဲ့ ညပုံရိပ္ေတြနဲ႔ low-noise photos ေတြကို ပိုမိုတိက်တဲ့  pixel အရည္အေသြးရရွိေစမွာ ျဖစ္ပါတယ္။ ကုမၸဏီရဲ႕ေျပာၾကားခ်က္အရ CMOS image sensor အသစ္ေတြကို ယခုႏွစ္ စက္တင္ဘာလမွာ စတင္ေရာင္းခ်ေတာ့မွာျဖစ္ျပီး ေစ်းႏႈန္းကေတာ့ ယမ္း  3,000  (ေဒၚလာ 27) နဲ႔ေရာင္းခ်မွာျဖစ္ပါတယ္။

ဒီေန႔ထြက္ရွိေနတဲ့ စမတ္ဖုန္းအမ်ားစုရဲ႕ ကင္ရာေတြမွာ SONY ရဲ႕image sensor ကိုအသုံးျပဳၾကတာမ်ားပါတယ္။ လက္ရွိထြက္ေနတဲ့ သတင္းေတြအရ ဂ်ပန္ကုမၸဏီရဲ႕ IFA ဘာလင္မွာ မိတ္ဆက္သြားမယ့္ Xperia XZ3 မွာ 48 MP ကင္မရာကိုသုံးလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Sony ရဲ႕ CMOS image sensor အသစ္သုံးထားတဲ့ အျခားစမတ္ဖုန္းကုမၸဏီထုတ္ ဖုန္းေတြကိုေတာ့ လာမယ့္ ၂၀၁၉ေလာက္မွသာ ျမင္ေတြ႕ရႏိုင္မွာပါ။

unicode

ဂျပန်စမတ်ဖုန်းနဲ့ အီလက်ထရောနစ် နည်းပညာပစ္စည်း ထုတ်လုပ်သူကြီးဟာ စမတ်ဖုန်းတွေမှာ တပ်ဆင်အသုံးပြုနိုင်ဖို့အတွက် CMOS image sensor IMX586  ကိုထုတ်ဖော်ကြေညာလိုက်ပါတယ်။ Sony ရဲ့ဆင်ဆာအသစ်ဟာ ကမ္ဘာ့ပထမဆုံး 48MP စမတ်ဖုန်းဆင်ဆာ ဖြစ်လာမှာပါ။ Sensor အသစ် ရဲ့ Pixel size က 0.8 μm ဖြစ်တဲ့အတွက် ကမ္ဘာမှာအသေးဆုံး pixel size လို့သတ်မှတ်နိုင်ပါတယ်။ Sony ကတော့သူရဲ့နည်းပညာကို Ultra-compact Pixel Size လို့ဆိုပါတယ်။ Sony ရဲ့ထုတ်ပြန်ချက်အရ  48 megapixel ပမာဏထိရနိုင်တယ်လို့ ဆိုထားပါတယ်။

Sony အနေနဲ့ သူ့ရဲ့ Exposure ထိန်းချုပ်နိုင်တဲ့နည်းပညာနဲ့ Signal တွေကို Process လုပ်တဲ့စွမ်းရည်တွေကို Image sensor ထဲမှာ တစ်ခါတည်းထည့်သွင်းပေးထားတဲ့အတွက် ထွက်လာတဲ့ပုံတွေရဲ့ Dynamic Range က 12MP sensor ထက် ၄ဆလောက်ပိုများသွားပါတယ်။ အလင်းရောင်မမှန်တဲ့ ညပုံရိပ်တွေနဲ့ low-noise photos တွေကို ပိုမိုတိကျတဲ့  pixel အရည်အသွေးရရှိစေမှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ပြောကြားချက်အရ CMOS image sensor အသစ်တွေကို ယခုနှစ် စက်တင်ဘာလမှာ စတင်ရောင်းချတော့မှာဖြစ်ပြီး ဈေးနှုန်းကတော့ ယမ်း  3,000  (ဒေါ်လာ 27) နဲ့ရောင်းချမှာဖြစ်ပါတယ်။

ဒီနေ့ထွက်ရှိနေတဲ့ စမတ်ဖုန်းအများစုရဲ့ ကင်ရာတွေမှာ SONY ရဲ့image sensor ကိုအသုံးပြုကြတာများပါတယ်။ လက်ရှိထွက်နေတဲ့ သတင်းတွေအရ ဂျပန်ကုမ္ပဏီရဲ့ IFA ဘာလင်မှာ မိတ်ဆက်သွားမယ့် Xperia XZ3 မှာ 48 MP ကင်မရာကိုသုံးလာမယ်လို့ မျှော်လင့်ရပါတယ်။ Sony ရဲ့ CMOS image sensor အသစ်သုံးထားတဲ့ အခြားစမတ်ဖုန်းကုမ္ပဏီထုတ် ဖုန်းတွေကိုတော့ လာမယ့် ၂၀၁၉လောက်မှသာ မြင်တွေ့ရနိုင်မှာပါ။

Leave a Reply