
0
1414




unicode

Samsung က Apple အား ဗီဒီယိုများဖြင့် နှိပ်ကွပ်လိုက်ပြန်ပြီ

Samsung နဲ့ Apple တို့ဟာ စမတ်ဖုန်း လောကမှာ ပြိုင်ဖက်များ ဖြစ် ကြပါတယ်။ ကမ္ဘာ့ စမတ်ဖုန်း ရောင်းအား အကောင်းဆုံး စာရင်းမှာလည်း သူတို့ နှစ်ဦးက ဦးဆောင်နေပါတယ်။ ပြိုင်ဖက်များ ဖြစ်တဲ့ အလျောက် သူတို့ နှစ်ဦးဟာ အပြန်အလှန် ထိုးနှက်တိုက်ခိုက်မှုများ ရှိကြပါတယ်။ Samsung က အခုလည်း ကြော်ညာ ဗီဒီယိုများဖြင့် Apple ကို တိုက်ခိုက်လိုက်ပြန်ပါတယ်။

ဗီဒီယို အမည်များမှာ Fast Charger , Dongle , Camera တို့ ဖြစ်ပြီး Galaxy S9/S9 Plus ရဲ့ အဲဒီ အစိတ်အပိုင်းများဟာ iPhone X ထက် သာလွန်ကြောင်း ဖော်ပြထားပါတယ်။ ကြော်ညာများမှာ Apple Store တစ်ခုမှာ Apple ဝန်ထမ်းတစ်ဦးအား Galaxy S9/S9 Plus ကိုင်သူများက iPhone X နဲ့ ပတ်သက်တဲ့ မေးခွန်းများ မေးမြန်းတာကို ပြသထားပါတယ်။

ကြော်ညာ ဗီဒီယို ၃ ခုစလုံးမှာ S9 များမှာ ပါပြီး iPhone X မှာ မပါတဲ့ Headphone Jack ကို အသားပေး နှိပ်ကွပ်ထားပါတယ်။ iPhone X မှာ Fast Charging ကို ရနိုင်ဖို့ Adapter ကို သီးခြားဝယ်ရတာကိုလည်း နှိပ်ကွပ်ထားပါတယ်။ LTE Download Speed ထက် ၂ ဆ ပိုမြန်တဲ့ Galaxy S9/S9 Plus ရဲ့ Gigabit LTE ကို အမွှန်းတင်ထားပါတယ်။ DxOMark ရဲ့ စမ်းသပ်မှု ရလဒ်အရ ကင်မရာ အပိုင်းမှာ Galaxy များက iPhone X သာနေတာကို ဖော်ပြထားပါတယ်။

Leave a Reply