Uncategorized

Samsung က ၁၄၆ လက္မ တီဗီကို လာမယ့္ႏွစ္မွာ ေရာင္းမည္

ယခုႏွစ္ အေစာပိုင္းမွာ က်င္းပခဲ့တဲ့ Consumer Electronics Show 2018 မွာ Samsung က ကမာၻ႕အႀကီးမားဆံုး တီဗီကို ျပသခဲ့ပါတယ္။ သူ႔ရဲ႕ အမည္မွာ The Wall ျဖစ္ၿပီး ၁၄၆ လက္မ အရြယ္ျဖစ္ပါတယ္။ သူဟာ microLED Display နည္းပညာကို သံုးထားတဲ့ တီဗီ ျဖစ္ပါတယ္။ Samsung ရဲ႕ Visual Display Business မွ ဥကၠဌ Han Jong-hee က The Wall ရဲ႕ Consumer Version ကို လာမယ့္ႏွစ္မွာ ေရာင္းခ်မွာ ျဖစ္တယ္လို႔ ေျပာေၾကာင္း Korea Herald သတင္းဌာနက ေျပာပါတယ္။

MicroLED ဟာ Pixel တစ္ခုခ်င္းစီအလိုက္ ရုပ္ပံုကို ထိန္းခ်ဳပ္ပါတယ္။ အရမ္းကိုနက္ေမွာင္တဲ့ အနက္ေရာင္နဲ႔ Lush Color ေတြကေတာ့ OLED ေတြလိုပါပဲ အရမး္ေတာက္ပပါတယ္။ သူ႔ရဲ႕ OLED ထက္အားသာခ်က္က ေစ်းသက္သာတာပါ။ ဒါ့အျပင္ သမားရိုးက် LED, OLED မ်ားမွာ မလုပ္ႏုိင္တဲ့ Display အစိတ္အပိုင္းမ်ားကို ေပါင္းစပ္၍ အရြယ္ႀကီး Display ကို ဖန္တီးႏုိင္တာပါ။

Modular TV ျဖစ္တဲ့အတြက္ သံုးစြဲသူေတြလိုအပ္တဲ့အတုိင္း TV အရြယ္အစားကိုညိွလို႔ရေအာင္ ဖန္တီးလို႔ ရေစပါတယ္။ Samsung ကေတာ့ သူ႔ကို တီဗီလို႔ မေျပာဘဲ Screen or Display လုိ႔သာ သံုးႏႈန္းထားပါတယ္။ The Wall ဟာ ဟိုတယ္၊ ကုန္တိုက္မ်ားလို စီးပြားေရး လုပ္ငန္းမ်ားမွာ ထားရွိဖို႔ ဖန္တီးထားတာ ျဖစ္ေပမယ့္ ေနအိမ္မ်ားမွာ သံုးႏုိင္မယ့္ Consumer Version ကို လာမယ့္ႏွစ္မွာ ၀ယ္ယူႏုိင္ေတာ့မွာပါ။

unicode

Samsung က ၁၄၆ လက်မ တီဗီကို လာမယ့်နှစ်မှာ ရောင်းမည်

ယခုနှစ် အစောပိုင်းမှာ ကျင်းပခဲ့တဲ့ Consumer Electronics Show 2018 မှာ Samsung က ကမ္ဘာ့အကြီးမားဆုံး တီဗီကို ပြသခဲ့ပါတယ်။ သူ့ရဲ့ အမည်မှာ The Wall ဖြစ်ပြီး ၁၄၆ လက်မ အရွယ်ဖြစ်ပါတယ်။ သူဟာ microLED Display နည်းပညာကို သုံးထားတဲ့ တီဗီ ဖြစ်ပါတယ်။ Samsung ရဲ့ Visual Display Business မှ ဥက္ကဌ Han Jong-hee က The Wall ရဲ့ Consumer Version ကို လာမယ့်နှစ်မှာ ရောင်းချမှာ ဖြစ်တယ်လို့ ပြောကြောင်း Korea Herald သတင်းဌာနက ပြောပါတယ်။

MicroLED ဟာ Pixel တစ်ခုချင်းစီအလိုက် ရုပ်ပုံကို ထိန်းချုပ်ပါတယ်။ အရမ်းကိုနက်မှောင်တဲ့ အနက်ရောင်နဲ့ Lush Color တွေကတော့ OLED တွေလိုပါပဲ အရမ်းတောက်ပပါတယ်။ သူ့ရဲ့ OLED ထက်အားသာချက်က ဈေးသက်သာတာပါ။ ဒါ့အပြင် သမားရိုးကျ LED, OLED များမှာ မလုပ်နိုင်တဲ့ Display အစိတ်အပိုင်းများကို ပေါင်းစပ်၍ အရွယ်ကြီး Display ကို ဖန်တီးနိုင်တာပါ။

Modular TV ဖြစ်တဲ့အတွက် သုံးစွဲသူတွေလိုအပ်တဲ့အတိုင်း TV အရွယ်အစားကိုညှိလို့ရအောင် ဖန်တီးလို့ ရစေပါတယ်။ Samsung ကတော့ သူ့ကို တီဗီလို့ မပြောဘဲ Screen or Display လို့သာ သုံးနှုန်းထားပါတယ်။ The Wall ဟာ ဟိုတယ်၊ ကုန်တိုက်များလို စီးပွားရေး လုပ်ငန်းများမှာ ထားရှိဖို့ ဖန်တီးထားတာ ဖြစ်ပေမယ့် နေအိမ်များမှာ သုံးနိုင်မယ့် Consumer Version ကို လာမယ့်နှစ်မှာ ဝယ်ယူနိုင်တော့မှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.