Samsung Galaxy Note9 ကို unboxing လုပ္ေနတဲ့ ဗီဒီယိုဖိုင္ထြက္လာ

0
1191

Samsung အေနနဲ႔  Galaxy Note9 ဖုန္းကို အေရာင္ ၅မ်ိဳးနဲ႔ ထုတ္လုပ္သြားမွာျဖစ္ၿပီး ဒီေန႔ေနာက္ဆုံး ထပ္ထြက္လာတာကေတာ့ Coral Blue အေရာင္ပဲျဖစ္ပါတယ္။ Galaxy Note9 ရဲ႕အေရာင္ေတြကေတာ့ Black, Silver, Lilac Purple, Brown နဲ႔ Coral Blue တုိ႔ပဲျဖစ္ပါတယ္။ ထပ္မံၿပီးေတာ့ Galaxy Note9 ရဲ႕ retail box ကိုဖြင့္ေဖာက္ၾကည့္ေနတဲ့ video ပါျမင္ေတြ႕ခဲ့ရပါတယ္။ ဖုန္းဗူးခြံ႕ရဲ႕ ေနာက္ဘက္ျခမ္းမွာေတာ့ Note9 မွာပါဝင္တဲ့ အခ်က္အလက္ေတြကို ေရးသားထားၿပီး dual 12MP camera,  wireless charging ,  IP68 ေရစိုဒဏ္ခံႏုိင္မႈေတြ ပါဝင္မယ္လို႔ ေဖာ္ျပထားပါတယ္။

အေစာပိုင္းထြက္ထားတဲ့ သတင္းေတြအရ Galaxy Note 9 ရဲ႕ screen ကို Infinity Display 2.0 ကိုသုံးလာမယ္လို႔ ဆိုပါတယ္။  6.3 inches မွာSuper AMOLED နည္းပညာသုံးလာမွာျဖစ္ၿပီး  18.5: 9 အခ်ိဳးနဲ႔ျဖစ္မွာပါ။ ၿပီးခဲ့တဲ့ႏွစ္ကထြက္ထားတဲ့ Note 8 နဲ႔အဓိက ကြာျခားခ်က္အေနနဲ႔ fingerprint scanner ကို dual ကင္မရာရဲ႕ေအာက္ဘက္မွာ တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Samsung အေနနဲ႔ ဘက္ထရီစြမ္းအားပိုင္းမွာ 4000mAh ကိုသုံးလာမွာျဖစ္ၿပီး S Pen ဟာ Bluetooth-controller စြမ္းေဆာင္ခ်က္ ေထာက္ပံ့လာမွာျဖစ္ပါတယ္။

ပရိုဆက္ဆာပိုင္းမွာေတာ့ Exynos 9810 နဲ႔ Qualcomm Snapdragon 845 ဆိုၿပီးခြဲျခား ထြက္ရွိလာမွာပါ။ Galaxy Note 9 ကို 6GB RAM နဲ႔အတူ 64GB, 128 (သုိ႔) 256GB  နဲ႔ထြက္ရွိလာမွာျဖစ္ၿပီး အထူးဗားရွင္း အေနနဲ႔ 8GBRAM /512GB သိုေလွာင္မႈနဲ႔ပါ ထုတ္လုပ္လာပါလိမ့္မယ္။ ၾသဂုတ္လ ၉ရက္ေန႔ နယူးေယာက္မွာ ျပဳလုပ္မယ့္ Galaxy unpacked ပြဲမွာ Galaxy Note 9 ၊ Galaxy Watch တို႔နဲ႔အတူ  Wireless Charger Duo ကိုပါပြဲထုတ္မိတ္ဆက္လာႏုိင္ ေျခရွိပါတယ္။

unicode

Samsung အနေနဲ့  Galaxy Note9 ဖုန်းကို အရောင် ၅မျိုးနဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး ဒီနေ့နောက်ဆုံး ထပ်ထွက်လာတာကတော့ Coral Blue အရောင်ပဲဖြစ်ပါတယ်။ Galaxy Note9 ရဲ့အရောင်တွေကတော့ Black, Silver, Lilac Purple, Brown နဲ့ Coral Blue တို့ပဲဖြစ်ပါတယ်။ ထပ်မံပြီးတော့ Galaxy Note9 ရဲ့ retail box ကိုဖွင့်ဖောက်ကြည့်နေတဲ့ video ပါမြင်တွေ့ခဲ့ရပါတယ်။ ဖုန်းဗူးခွံ့ရဲ့ နောက်ဘက်ခြမ်းမှာတော့ Note9 မှာပါဝင်တဲ့ အချက်အလက်တွေကို ရေးသားထားပြီး dual 12MP camera,  wireless charging ,  IP68 ရေစိုဒဏ်ခံနိုင်မှုတွေ ပါဝင်မယ်လို့ ဖော်ပြထားပါတယ်။

အစောပိုင်းထွက်ထားတဲ့ သတင်းတွေအရ Galaxy Note 9 ရဲ့ screen ကို Infinity Display 2.0 ကိုသုံးလာမယ်လို့ ဆိုပါတယ်။  6.3 inches မှာSuper AMOLED နည်းပညာသုံးလာမှာဖြစ်ပြီး  18.5: 9 အချိုးနဲ့ဖြစ်မှာပါ။ ပြီးခဲ့တဲ့နှစ်ကထွက်ထားတဲ့ Note 8 နဲ့အဓိက ကွာခြားချက်အနေနဲ့ fingerprint scanner ကို dual ကင်မရာရဲ့အောက်ဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Samsung အနေနဲ့ ဘက်ထရီစွမ်းအားပိုင်းမှာ 4000mAh ကိုသုံးလာမှာဖြစ်ပြီး S Pen ဟာ Bluetooth-controller စွမ်းဆောင်ချက် ထောက်ပံ့လာမှာဖြစ်ပါတယ်။

ပရိုဆက်ဆာပိုင်းမှာတော့ Exynos 9810 နဲ့ Qualcomm Snapdragon 845 ဆိုပြီးခွဲခြား ထွက်ရှိလာမှာပါ။ Galaxy Note 9 ကို 6GB RAM နဲ့အတူ 64GB, 128 (သို့) 256GB  နဲ့ထွက်ရှိလာမှာဖြစ်ပြီး အထူးဗားရှင်း အနေနဲ့ 8GBRAM /512GB သိုလှောင်မှုနဲ့ပါ ထုတ်လုပ်လာပါလိမ့်မယ်။ သြဂုတ်လ ၉ရက်နေ့ နယူးယောက်မှာ ပြုလုပ်မယ့် Galaxy unpacked ပွဲမှာ Galaxy Note 9 ၊ Galaxy Watch တို့နဲ့အတူ  Wireless Charger Duo ကိုပါပွဲထုတ်မိတ်ဆက်လာနိုင် ခြေရှိပါတယ်။

Leave a Reply