Google က Pixel Phone အသစ္မ်ားနဲ႔ အတူ Pixelbook ကို မိတ္ဆက္ႏုိင္

0
915

Google က Pixel 3, Pixel 3 XL အသစ္မ်ားကို ဒီႏွစ္မွာ ေၾကညာမွာ ျဖစ္ပါတယ္။ Pixel Phones အသစ္မ်ားကို ေအာက္တိုဘာလရဲ႕ ပထမဆံုး အပတ္မွာ ေၾကညာေလ့ရွိပါတယ္။ အခုေတာ့ Pixel Phones အသစ္မ်ားနဲ႔အတူ Pixelbook Laptop အသစ္ကိုပါ အတူတကြ ေၾကညာမယ္လို႔ တြစ္တာ လူမႈကြန္ရက္မွာ Evan Blass က ေရးသားထားပါတယ္။ သူဟာ ဒုတိယ မ်ိဳးဆက္ Pixelbook ျဖစ္ၿပီး လက္ပ္ေတာ့လိုေရာ တက္ဘလက္လိုပါ အသံုးျပဳႏုိင္ပါတယ္။

သူ႔ရဲ႕ Specs အခ်ိဳ႕လည္း ေပါက္ၾကားထြက္ေပၚေနပါတယ္။ Pixelbook မွာ Chrome OS ထည့္သြင္းထားႏုိင္ပါတယ္။ ေနာက္ဆံုးထုတ္ Intel or Qualcomm ARM Chipset ပါလာႏုိင္ပါတယ္။ Google Assistant ဒစ္ဂ်စ္တယ္ ကိုယ္ေရးလက္ေထာက္ကို အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ လက္ပ္ေတာ့မွာ ေဘးေဘာင္မ်ား ပါးလႊာတဲ့ မ်က္ႏွာျပင္ပါလာမွာပါ။ Pixelbook အသစ္ရဲ႕ သတင္းအခ်က္အလက္မ်ားကိုေတာ့ အခုေလာက္သာ သိရပါေသးတယ္။

Pixelbook , Pixel Phone အသစ္မ်ားနဲ႔ အတူ Google က သူ႔ရဲ႕ ပထမဆံုး Pixel Smartwatch ကိုပါ ေၾကညာမယ္လို႔လည္း သတင္းထြက္ေနပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္က Pixel Phone မ်ားနဲ႔အတူ Pixel Buds နားၾကပ္ကိုပါ ေၾကညာခဲ့ပါတယ္။ ဒီႏွစ္မွာလည္း နားၾကပ္ အသစ္ကို ဖုန္းမ်ားနဲ႔အတူ ေၾကညာႏုိင္ပါတယ္။ နားၾကပ္ အသစ္မွာ တိုက္ရိုက္ ဘာသာျပန္ စနစ္နဲ႔ ဘက္ထရီ သက္တမ္းမ်ားဟာ ပိုမို ေကာင္းမြန္လာႏုိင္ပါတယ္။

unicode

Google က Pixel Phone အသစ်များနဲ့ အတူ Pixelbook ကို မိတ်ဆက်နိုင်

Google က Pixel 3, Pixel 3 XL အသစ်များကို ဒီနှစ်မှာ ကြေညာမှာ ဖြစ်ပါတယ်။ Pixel Phones အသစ်များကို အောက်တိုဘာလရဲ့ ပထမဆုံး အပတ်မှာ ကြေညာလေ့ရှိပါတယ်။ အခုတော့ Pixel Phones အသစ်များနဲ့အတူ Pixelbook Laptop အသစ်ကိုပါ အတူတကွ ကြေညာမယ်လို့ တွစ်တာ လူမှုကွန်ရက်မှာ Evan Blass က ရေးသားထားပါတယ်။ သူဟာ ဒုတိယ မျိုးဆက် Pixelbook ဖြစ်ပြီး လက်ပ်တော့လိုရော တက်ဘလက်လိုပါ အသုံးပြုနိုင်ပါတယ်။

သူ့ရဲ့ Specs အချို့လည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ Pixelbook မှာ Chrome OS ထည့်သွင်းထားနိုင်ပါတယ်။ နောက်ဆုံးထုတ် Intel or Qualcomm ARM Chipset ပါလာနိုင်ပါတယ်။ Google Assistant ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်ပ်တော့မှာ ဘေးဘောင်များ ပါးလွှာတဲ့ မျက်နှာပြင်ပါလာမှာပါ။ Pixelbook အသစ်ရဲ့ သတင်းအချက်အလက်များကိုတော့ အခုလောက်သာ သိရပါသေးတယ်။

Pixelbook , Pixel Phone အသစ်များနဲ့ အတူ Google က သူ့ရဲ့ ပထမဆုံး Pixel Smartwatch ကိုပါ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်က Pixel Phone များနဲ့အတူ Pixel Buds နားကြပ်ကိုပါ ကြေညာခဲ့ပါတယ်။ ဒီနှစ်မှာလည်း နားကြပ် အသစ်ကို ဖုန်းများနဲ့အတူ ကြေညာနိုင်ပါတယ်။ နားကြပ် အသစ်မှာ တိုက်ရိုက် ဘာသာပြန် စနစ်နဲ့ ဘက်ထရီ သက်တမ်းများဟာ ပိုမို ကောင်းမွန်လာနိုင်ပါတယ်။

Leave a Reply