သာမာန္ ေနအိမ္မ်ားထက္ ကုန္က်စားရိတ္ ၁၀ ဆ သက္သာတဲ့ 3D-Printed House

0
1068

3D-Printing နည္းပညာျဖင့္ ေနအိမ္တစ္လံုးကို တစ္ရက္ထဲနဲ႔ တည္ေဆာက္ျပတဲ့ သတင္းမ်ားကိုလည္း ၾကားခဲ့ရၿပီးပါၿပီ။ ဒီနည္းပညာဟာ အခ်ိန္ သာမက ေနအိမ္ တည္ေဆာက္တဲ့ ကုန္က်စားရိတ္ကိုလည္း သက္သာေစပါတယ္။

အခုလည္း Estonia’s University of Tartu နဲ႔ Estonian University of Life Sciences တို႔က တန္ဖိုးနည္း ျဒပ္ထုမ်ားျဖင့္ ဖန္တီးထားတဲ့ ကြန္ကရစ္ကို ဖန္တီးေနပါတယ္။ ဒီ ကြန္ကရစ္မ်ားနဲ႔ 3D Printing နည္းပညာကို ေပါင္းစပ္၍ တည္ေဆာက္တဲ့ လူေနအိမ္မ်ားဟာ သာမာန္ ေနအိမ္မ်ားထက္ ကုန္က်စားရိတ္ ၁၀ ဆ သက္သာေစပါတယ္။

အဲဒီ ကြန္ကရစ္မ်ားဟာ 3D Printing နည္းပညာျဖင့္ ပံုသြန္းေလာင္း အၿပီး တစ္ရက္အၾကာမွာ မာေက်ာသြားပါတယ္။ သာမာန္ ကြန္ကရစ္မ်ားရဲ႕ မာေက်ာမႈကို ယွဥ္ၿပိဳင္ႏုိင္ပါတယ္။ ပညာရွင္မ်ားက ၄၉၀ စတုရန္း ေပ အက်ယ္အ၀န္းရွိတဲ့ ေနအိမ္ကို ဒီနည္းပညာ၊ ဒီကြန္ကရစ္မ်ားျဖင့္ တည္ေဆာက္မယ္ဆိုရင္ ေဒၚလာ ၅၈၅၀ ေလာက္သာ ကုန္က်မယ္လို႔ ေျပာပါတယ္။ ျမန္မာေငြအားျဖင့္ သိန္း ၈၀ ေလာက္သာ ရွိပါတယ္။

လက္ရွိမွာေတာ့ ပညာရွင္မ်ားဟာ ေနအိမ္ တစ္ခုလံုးကို တည္ေဆာက္ဖို႔ ေငြ မလံုေလာက္ေသးဘူးလို႔ ေျပာပါတယ္။ ဒီေဆာင္းတြင္းမွာေတာ့ ေနအိမ္ တစ္ခုလံုးကို တည္ေဆာက္ႏုိင္မယ္လို႔ သူတို႔က ေျပာပါတယ္။ လက္ရွိမွာ သူတို႔က သက္ေသျပတဲ့ အေနနဲ႔ ေနအိမ္ နံရံမ်ားကိုသာ တည္ေဆာက္ျပႏုိ္င္ပါေသးတယ္။

unicode

သာမာန် နေအိမ်များထက် ကုန်ကျစားရိတ် ၁၀ ဆ သက်သာတဲ့ 3D-Printed House

3D-Printing နည်းပညာဖြင့် နေအိမ်တစ်လုံးကို တစ်ရက်ထဲနဲ့ တည်ဆောက်ပြတဲ့ သတင်းများကိုလည်း ကြားခဲ့ရပြီးပါပြီ။ ဒီနည်းပညာဟာ အချိန် သာမက နေအိမ် တည်ဆောက်တဲ့ ကုန်ကျစားရိတ်ကိုလည်း သက်သာစေပါတယ်။

အခုလည်း Estonia’s University of Tartu နဲ့ Estonian University of Life Sciences တို့က တန်ဖိုးနည်း ဒြပ်ထုများဖြင့် ဖန်တီးထားတဲ့ ကွန်ကရစ်ကို ဖန်တီးနေပါတယ်။ ဒီ ကွန်ကရစ်များနဲ့ 3D Printing နည်းပညာကို ပေါင်းစပ်၍ တည်ဆောက်တဲ့ လူနေအိမ်များဟာ သာမာန် နေအိမ်များထက် ကုန်ကျစားရိတ် ၁၀ ဆ သက်သာစေပါတယ်။

အဲဒီ ကွန်ကရစ်များဟာ 3D Printing နည်းပညာဖြင့် ပုံသွန်းလောင်း အပြီး တစ်ရက်အကြာမှာ မာကျောသွားပါတယ်။ သာမာန် ကွန်ကရစ်များရဲ့ မာကျောမှုကို ယှဉ်ပြိုင်နိုင်ပါတယ်။ ပညာရှင်များက ၄၉၀ စတုရန်း ပေ အကျယ်အဝန်းရှိတဲ့ နေအိမ်ကို ဒီနည်းပညာ၊ ဒီကွန်ကရစ်များဖြင့် တည်ဆောက်မယ်ဆိုရင် ဒေါ်လာ ၅၈၅၀ လောက်သာ ကုန်ကျမယ်လို့ ပြောပါတယ်။ မြန်မာငွေအားဖြင့် သိန်း ၈၀ လောက်သာ ရှိပါတယ်။

လက်ရှိမှာတော့ ပညာရှင်များဟာ နေအိမ် တစ်ခုလုံးကို တည်ဆောက်ဖို့ ငွေ မလုံလောက်သေးဘူးလို့ ပြောပါတယ်။ ဒီဆောင်းတွင်းမှာတော့ နေအိမ် တစ်ခုလုံးကို တည်ဆောက်နိုင်မယ်လို့ သူတို့က ပြောပါတယ်။ လက်ရှိမှာ သူတို့က သက်သေပြတဲ့ အနေနဲ့ နေအိမ် နံရံများကိုသာ တည်ဆောက်ပြနိုင်ပါသေးတယ်။

Leave a Reply