Xiaomi Mi Max 3 ရဲ့ AnTuTu Benchmark Points များထွက်ရှိလာ

0
1316




unicode

Xiaomi Mi Max 3 ရဲ့ Benchmark စမ်းသပ်ချက်များ ထွက်ရှိထားပြီး ယခင်ထွက်ထားတဲ့ ဖုန်းတွေနဲ့ အရမ်းကြီး ကွာခြားမှု မရှိနေတာကို တွေ့ရပါတယ်။ AnTuTu စမ်းသပ်ချက်မှာ Mi Max 3 ဟာ 118741 Points ထိရရှိခဲ့ပါတယ်။AnTuTu မှာ Snapdragon 660 သုံးထားတဲ့ ဖုန်းတွေကို စမ်းသပ်တုန်းက 130,000 points ဝန်းကျင်ရရှိထားတာကို တွေ့ရပါတယ်။ Snapdragon 636 models ဖုန်းတွေကို စမ်းသပ်တိုင်းမှာတော့ Redmi Note 5 ဟာ 115,247 points အထိရရှိခဲ့ပြီး၊  Meizu E3 ကတော့ 112,478 points အထိရရှိထားပါတယ်။

Mi Max 3 ရဲ့ပရိုဆက်ဆာဟာ 55,879 points အထိရရှိပြီး၊ graphics card ကတော့ 21,313 မှာရှိပါတယ်။ UX ပိုင်းကတော့ 32,744 အထိရှိနေပြီး memory ပိုင်းမှာတော့ 8805 points အထိရောက်ရှိ ထားပါတယ်။ Mi Max 3 မှာ 6.9” မျက်နှာပြင်မှာ  Full HD+ resolution ၊ 18:9 ratio သုံးထားပြီး 6GB Ram နဲ့အတူ 5500mAh ဘက်ထရီစွမ်းအားနဲ့ ထွက်လာပါတယ်။ OS ရဲ့လုပ်ဆောင်ချက်တွေ အနေနဲ့ AI features, scene recognition, face unlock, ပိုကောင်းတဲ့ selfies နဲ့အတူ voice assistant သုံးနိုင်မှာပါ။

hardware ပါဝါစွမ်းအားပိုင်းမှာတော့ Mi Max 3 မှာ Redmi Note 5 Pro နဲ့ဆင်တူပြီး 1.8GHz octa-core Qualcomm Snapdragon 636 ပရိုဆက်ဆာကို သုံးထားပါတယ်။ Adreno 509 GPU ကိုဂရပ်ဖစ်ပိုင်းအတွက် ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် သိပ်အားရစရာမကောင်းလှပါဘူး။ Mi Max 2 မှာတော့ 2GHz octa-core Qualcomm Snapdragon 625 ပရိုဆက်ဆာနဲ့အတူ  Adreno 506 GPU ကိုတွဲဖက်သုံးထားပါတယ်။ Snapdragon 636 ဟာပါဝါစွမ်းအားပိုင်းမှာ Snapdragon 630ထက်၄၀ရာခိုင်နှုန်းလောက် ပိုကောင်းလာပါတယ်။

Leave a Reply