Galaxy unpacked ပွဲမှာ Note9 နဲ့အတူ Wireless Charger Duo ကိုပါပွဲထုတ်မိတ်ဆက်လာနိုင်

0
918





unicode

Samsung အနေနဲ့ သြဂုတ်လ ၉ရက်နေ့ နယူးယောက်မှာ ပြုလုပ်မယ့် Galaxy unpacked ပွဲမှာ Galaxy Note 9 ၊ Galaxy Watch တို့နဲ့အတူ  Wireless Charger Duo ကိုပါပွဲထုတ်မိတ်ဆက်လာနိုင် ခြေရှိပါတယ်။ ဘာကြောင့်လဲဆိုရင် စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့ ပေါက်ကြားမှုတွေကို အမြဲထုတ်ဖော်လေ့ရှိတဲ့ Roland Quandt ဟာဒီနေ့မှာလည်း ထုတ်ကုန်ပစ္စည်းတစ်ခုနဲ့ ပတ်သတ်တဲ့ပုံတစ်ခုကို တင်လိုက်ပါတယ်။ အဲ့ဒါကတော့ Wireless Charger Duoလို့ခေါ်တဲ့ ဝိုင်ယာလက်အားသွင်းစက်ကို ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။

Wireless Charger Duo ဟာ  25W  output ဖြစ်ပြီး မော်ဒယ်နံပါတ်  EP-N6100 လို့ပေးထားပါတယ်။ ဝိုင်ယာလက်အားသွင်းစက်လေးအတွက် အကောင်း၊အဆိုး၂ခု ဒွန်တွဲလျက်ရှိနေပါတယ်။ ကောင်းကွက်ကတော့ ဒီစက်လေးကို Note9 နဲ့အတူ တွဲဖက် မိတ်ဆက်လာမှာဖြစ်ပြီး Note9 နဲ့ Galaxy Watch ၂ခုလုံးကို တစ်ပြိုင်တည်း အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဆိုးကွက်ကတော့ ကြိုးမဲ့အားသွင်းမြန်ဆန်တဲ့ စနစ်ကိုထည့်သွင်းလာနိုင်ခြေ မရှိပါဘူး။  Galaxy Note9 မှာတော့ စွမ်းရည်မြင့် 4,000 mAh ဘက်ထရီအသုံးလာမှာ။

သတင်းတွေအရ Galaxy Note 9 ရဲ့ screen ကို Infinity Display 2.0 ကိုသုံးလာမယ်လို့ ဆိုပါတယ်။  6.3 inches မှာSuper AMOLED နည်းပညာသုံးလာမှာဖြစ်ပြီး  18.5: 9 အချိုးနဲ့ဖြစ်မှာပါ။ ပြီးခဲ့တဲ့နှစ်ကထွက်ထားတဲ့ Note 8 နဲ့အဓိက ကွာခြားချက်အနေနဲ့ fingerprint scanner ကို dual ကင်မရာရဲ့အောက်ဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Samsung Galaxy Watch ကို အရွယ်အစား ၂မျိုးနဲ့ထုတ်လာနိုင်ပါတယ်။ စမတ်နာရီ၂မျိုးမှာ 1.19-inch round display  နဲ့ 1.3-inch round display သုံးလာမယ်လို့ သိရပါတယ်။ မော်ဒယ်၂ခုလုံးမှာ LTE ကွန်ရက်ချိတ်ဆက်မှုနဲ့ Wi-Fi 2.4GHz b/g/n ထောက်ပံ့ပေးထားမှာပါ။ ကြီးမားတဲ့နာရီကို SM-R805 နာမည်နဲ့ သေးငယ်တဲ့ အရွယ်ကိုတော့ SM-R815 ဆိုပြီး model number ပေးထားပါတယ်။

Leave a Reply