Notch မပါဘဲ ကင္မရာကို စကရင္မွာ ျမွပ္ႏွံထားတဲ့ Huawei ရဲ႕ ဖုန္း ဒီဇိုင္း

0
997

Huawei က ေဘာင္ေပ်ာက္ စမတ္ဖုန္း အသစ္တစ္လံုးကို ဖန္တီးေနတယ္လို႔ သတင္းထြက္လာပါတယ္။ သူ႔မွာ အေရွ႕ ကင္မရာနဲ႔ ဆန္ဆာမ်ားကို တပ္ဆင္ထားတဲ့ Notch လည္း မပါပါဘူး။ အဲဒီ အစား အေရွ႕ ကင္မရာကို စကရင္ရဲ႕ အထက္နားမွာ ျမွပ္ႏွံထားပါတယ္။ စကရင္ရဲ႕ အထက္မွ ပါးလႊာတဲ့ ေဘာင္ေလးမွာ Earpiece , Ambient Sensor , Proximity Sensor မ်ားကို တပ္ဆင္ထားပါတယ္။

ဖုန္း ကုမၸဏီမ်ားဟာ Bezel-less Smartphone မ်ားကို ဖန္တီးဖို႔အတြက္ Notch ဒီဇိုင္းကို ဖန္တီးလာၾကပါတယ္။ Notch မွာ ကင္မရာနဲ႔ ဆန္ဆာမ်ားကို ထည့္သြင္းထားၾကပါတယ္။ Pop-Up Camera မ်ား ထည့္သြင္းထားတဲ့ Oppo Find X နဲ႔ Vivo Nex S မ်ားမွာ Notch ကို ဖယ္ရွားထားၿပီး ဒီဇိုင္းကလည္း စမတ္ဖုန္း ေလာကကို အံ့အားသင့္ေစခဲ့ပါတယ္။

ယခု ဟြာေ၀းရဲ႕ ဖုန္း ဒီဇိုင္းဟာ ေတာင္ကိုရီးယား မီဒီယာ ET News ကေန ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ပံုၾကမ္းမ်ားလည္း ထြက္ေပၚလာပ ါတယ္။ အဲဒီဖုန္းမွာ ၆.၃၉ လက္မ LCD Screen ထည့္သြင္းထားၿပီး ယခုႏွစ္ ကြာတား ၄ မွာ ေၾကညာမယ္လို႔ ET News က ေျပာပါတယ္။

ဒါေပမယ့္ Notch ပါတဲ့ ဖုန္းမ်ားမွာလိုပဲ ဟြာေ၀း ဖုန္းရဲ႕ အေရွ႕ ကင္မရာဟာ Apps မ်ားရဲ႕ User Interface ကို ဖံုးကြယ္ထားႏုိင္ပါတယ္။ Pop-Up Camera မ်ား ထည့္သြင္းထားတဲ့ Oppo Find X နဲ႔ Vivo Nex S မ်ားမွာေတာ့ ဒီျပႆနာမ်ား မရွိပါဘူး။

unicode

Notch မပါဘဲ ကင်မရာကို စကရင်မှာ မြှပ်နှံထားတဲ့ Huawei ရဲ့ ဖုန်း ဒီဇိုင်း

Huawei က ဘောင်ပျောက် စမတ်ဖုန်း အသစ်တစ်လုံးကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။ သူ့မှာ အရှေ့ ကင်မရာနဲ့ ဆန်ဆာများကို တပ်ဆင်ထားတဲ့ Notch လည်း မပါပါဘူး။ အဲဒီ အစား အရှေ့ ကင်မရာကို စကရင်ရဲ့ အထက်နားမှာ မြှပ်နှံထားပါတယ်။ စကရင်ရဲ့ အထက်မှ ပါးလွှာတဲ့ ဘောင်လေးမှာ Earpiece , Ambient Sensor , Proximity Sensor များကို တပ်ဆင်ထားပါတယ်။

ဖုန်း ကုမ္ပဏီများဟာ Bezel-less Smartphone များကို ဖန်တီးဖို့အတွက် Notch ဒီဇိုင်းကို ဖန်တီးလာကြပါတယ်။ Notch မှာ ကင်မရာနဲ့ ဆန်ဆာများကို ထည့်သွင်းထားကြပါတယ်။ Pop-Up Camera များ ထည့်သွင်းထားတဲ့ Oppo Find X နဲ့ Vivo Nex S များမှာ Notch ကို ဖယ်ရှားထားပြီး ဒီဇိုင်းကလည်း စမတ်ဖုန်း လောကကို အံ့အားသင့်စေခဲ့ပါတယ်။

ယခု ဟွာဝေးရဲ့ ဖုန်း ဒီဇိုင်းဟာ တောင်ကိုရီးယား မီဒီယာ ET News ကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ပုံကြမ်းများလည်း ထွက်ပေါ်လာပ ါတယ်။ အဲဒီဖုန်းမှာ ၆.၃၉ လက်မ LCD Screen ထည့်သွင်းထားပြီး ယခုနှစ် ကွာတား ၄ မှာ ကြေညာမယ်လို့ ET News က ပြောပါတယ်။

ဒါပေမယ့် Notch ပါတဲ့ ဖုန်းများမှာလိုပဲ ဟွာဝေး ဖုန်းရဲ့ အရှေ့ ကင်မရာဟာ Apps များရဲ့ User Interface ကို ဖုံးကွယ်ထားနိုင်ပါတယ်။ Pop-Up Camera များ ထည့်သွင်းထားတဲ့ Oppo Find X နဲ့ Vivo Nex S များမှာတော့ ဒီပြဿနာများ မရှိပါဘူး။

Leave a Reply