Posted on Leave a comment

NASA က အာကာသ စူးစမ္းေလ့လာေရးအတြက္ ယူေအအီးနဲ႔ ပူးေပါင္း

၂၀၁၆ ခုႏွစ္ ဇြန္လမွာ နာဆာနဲ႔ ယူေအအီး တို႔ဟာ အာကာသ နည္းပညာ နယ္ပယ္မွာ ပူးေပါင္းလုပ္ကိုင္ဖို႔ သေဘာတူညီခဲ့ၾကပါတယ္။ အခုလည္း အာကာသ စူးစမ္းေလ့လာေရးအတြက္ အဖြဲ႕အစည္း ႏွစ္ခု ပူးေပါင္းလိုက္ၾကပါတယ္။ ယခု ပူးေပါင္းမႈမွာ လူမ်ားအား အာကာသသို႔ ပို႔ေဆာင္ဖို႔ အဓိက ျပဳလုပ္ၾကမွာ ျဖစ္ပါတယ္။

သေဘာတူညီမႈ အေသးစိတ္ကို မေၾကညာေပမယ့္ ယူေအအီးမွ အာကာသယာဥ္မွဴးမ်ားဟာ အေမရိကန္ရဲ႕ အာကာသ စီမံကိန္းမ်ားမွာ ပါ၀င္ႏုိင္မယ္လို႔ ထင္ရပါတယ္။ ယူေအအီးက အဲဒီ စီမံကိန္းအတြက္ အာကာသ ယာဥ္မွဴးမ်ားကို ေလ့က်င့္ေပးေနပါတယ္။ စုစုေပါင္း အာကာသယာဥ္မွဴး ကိုးဦးကို ေလ့က်င့္ေပးေနၿပီး ေနာက္ဆံုးမွာ ေလးဦးကို ေရြးခ်ယ္မွာ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ ဧၿပီလ မွာ ယူေအအီးမွ ပထမဆံုး အာကာသယာဥ္မွဴးမ်ားဟာ ႏုိင္ငံတကာ အာကာသ စခန္းသို႔ သြားရမွာ ျဖစ္ပါတယ္။ ရုရွား အာကာသ ေအဂ်င္စီ Roscosmos မွ အာကာသယာဥ္မွဴးမ်ားနဲ႔ အဲဒီ စခန္းမွာ ပူးေပါင္းလုပ္ကိုင္ရမွာ ျဖစ္ပါတယ္။

နာဆာရဲ႕ ညႊန္ၾကားေရးမွဴး Jim Bridenstine က “ယူေအအီး အာကာသ ေအဂ်င္စီမွ ဒါရိုက္တာ ျဖစ္သူ Mohammed Al Ahbabi နဲ႔ လက္မွတ္ ထိုးၿပီးၿပီပါၿပီ။ အာကာသမွာ စူးစမ္းေလ့လာဖို႔အတြက္ သူနဲ႔ ပူးေပါင္း လုပ္ကိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ “ လို႔ မၾကာခင္က တြစ္တာမွာ ေျပာၾကားလိုက္ပါတယ္။

unicode

NASA က အာကာသ စူးစမ်းလေ့လာရေးအတွက် ယူအေအီးနဲ့ ပူးပေါင်း

၂၀၁၆ ခုနှစ် ဇွန်လမှာ နာဆာနဲ့ ယူအေအီး တို့ဟာ အာကာသ နည်းပညာ နယ်ပယ်မှာ ပူးပေါင်းလုပ်ကိုင်ဖို့ သဘောတူညီခဲ့ကြပါတယ်။ အခုလည်း အာကာသ စူးစမ်းလေ့လာရေးအတွက် အဖွဲ့အစည်း နှစ်ခု ပူးပေါင်းလိုက်ကြပါတယ်။ ယခု ပူးပေါင်းမှုမှာ လူများအား အာကာသသို့ ပို့ဆောင်ဖို့ အဓိက ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

သဘောတူညီမှု အသေးစိတ်ကို မကြေညာပေမယ့် ယူအေအီးမှ အာကာသယာဉ်မှူးများဟာ အမေရိကန်ရဲ့ အာကာသ စီမံကိန်းများမှာ ပါဝင်နိုင်မယ်လို့ ထင်ရပါတယ်။ ယူအေအီးက အဲဒီ စီမံကိန်းအတွက် အာကာသ ယာဉ်မှူးများကို လေ့ကျင့်ပေးနေပါတယ်။ စုစုပေါင်း အာကာသယာဉ်မှူး ကိုးဦးကို လေ့ကျင့်ပေးနေပြီး နောက်ဆုံးမှာ လေးဦးကို ရွေးချယ်မှာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလ မှာ ယူအေအီးမှ ပထမဆုံး အာကာသယာဉ်မှူးများဟာ နိုင်ငံတကာ အာကာသ စခန်းသို့ သွားရမှာ ဖြစ်ပါတယ်။ ရုရှား အာကာသ အေဂျင်စီ Roscosmos မှ အာကာသယာဉ်မှူးများနဲ့ အဲဒီ စခန်းမှာ ပူးပေါင်းလုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

နာဆာရဲ့ ညွှန်ကြားရေးမှူး Jim Bridenstine က “ယူအေအီး အာကာသ အေဂျင်စီမှ ဒါရိုက်တာ ဖြစ်သူ Mohammed Al Ahbabi နဲ့ လက်မှတ် ထိုးပြီးပြီပါပြီ။ အာကာသမှာ စူးစမ်းလေ့လာဖို့အတွက် သူနဲ့ ပူးပေါင်း လုပ်ကိုင်ဖို့ မျှော်လင့်နေပါတယ်။ “ လို့ မကြာခင်က တွစ်တာမှာ ပြောကြားလိုက်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.