4,000 mAh ဘက္ထရီစြမ္းအားပါဝင္လာမယ့္ Galaxy Note9

0
963

Galaxy Note 9 ကိုေနာက္လ ၉ရက္ေန႔ နယူးေယာက္မွာ ျပဳလုပ္မယ့္ Galaxy unpacked ပြဲမွာ မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ ဒီေန႔မွာ Galaxy Note9 မွာအသုံးျပဳလာမယ့္ ဘက္ထရီနဲ႔ပတ္သတ္လို႔တိက်တဲ့ သတင္းတခုထြက္လာပါတယ္။ အဲ့ဒါကေတာ့ Galaxy Note9 မွာ စြမ္းရည္ျမင့္ 4,000 mAh ဘက္ထရီအသုံးျပဳမယ္ဆိုတာပါ။ ဘရာဇီးႏုိင္ငံရဲ႕ အမိ်ဳးသားဆက္သြယ္ေရး ေအဂ်င္စီမွာတင္ထားတဲ့ Note9 ရဲ႕ဘက္ထရီအခ်က္အလက္ စာရြက္ေပါက္ၾကားထြက္ရွိလာတာပါ။ ေအဂ်င္စီကေနထုတ္ေပးထားတဲ့ အသိအမွတ္ျပဳစာရြက္မွာ Note9 ရဲ႕အဓိကအခ်က္ျဖစ္တဲ့ ဘက္ထရီစြမ္းအားကို ေရးသားထားပါတယ္။ သူ႕မွဘက္ထရီရဲ႕ အားသြင္းျမန္ဆန္မႈအတြက္ Quick Charge 4.0 ကိုလည္း ေထာက္ပံ့မွာျဖစ္ပါတယ္။

ဒီေန႔အထိထြက္ထားသမွ် သတင္းေတြအရ Galaxy Note 9 ရဲ႕ screen ကို Infinity Display 2.0 ကိုသုံးလာမယ္လို႔ ဆိုပါတယ္။  6.3 inches မွာSuper AMOLED နည္းပညာသုံးလာမွာျဖစ္ၿပီး  18.5: 9 အခ်ိဳးနဲ႔ျဖစ္မွာပါ။ ၿပီးခဲ့တဲ့ႏွစ္ကထြက္ထားတဲ့ Note 8 နဲ႔အဓိက ကြာျခားခ်က္အေနနဲ႔ fingerprint scanner ကို dual ကင္မရာရဲ႕ေအာက္ဘက္မွာ တပ္ဆင္ထားမွာ ျဖစ္ပါတယ္။

ပရိုဆက္ဆာပိုင္းမွာေတာ့ Exynos 9810 နဲ႔ Qualcomm Snapdragon 845 ဆိုၿပီးခြဲျခား ထြက္ရွိလာမွာပါ။ Galaxy Note 9 ကို 6GB RAM နဲ႔အတူ 64GB, 128 (သုိ႔) 256GB  နဲ႔ထြက္ရွိလာမွာျဖစ္ၿပီး အထူးဗားရွင္း အေနနဲ႔ 8GBRAM /512GB သိုေလွာင္မႈနဲ႔ပါ ထုတ္လုပ္လာပါလိမ့္မယ္။ S Pen ဟာ Bluetooth-controller စြမ္းေဆာင္ခ်က္ ေထာက္ပံ့လာမွာ ျဖစ္ပါတယ္။ မိတ္ဆက္မယ့္ရက္ထဲက ႀကိဳတင္မွာယူမႈေတြ ျပဳလုပ္ႏိုင္မွာျဖစ္ၿပီး ၾသဂုတ္လ ၂၄ရက္ေန႔မွာ စတင္ေရာင္းခ် သြားမွာျဖစ္ပါတယ္။

unicode

Galaxy Note 9 ကိုနောက်လ ၉ရက်နေ့ နယူးယောက်မှာ ပြုလုပ်မယ့် Galaxy unpacked ပွဲမှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာ Galaxy Note9 မှာအသုံးပြုလာမယ့် ဘက်ထရီနဲ့ပတ်သတ်လို့တိကျတဲ့ သတင်းတခုထွက်လာပါတယ်။ အဲ့ဒါကတော့ Galaxy Note9 မှာ စွမ်းရည်မြင့် 4,000 mAh ဘက်ထရီအသုံးပြုမယ်ဆိုတာပါ။ ဘရာဇီးနိုင်ငံရဲ့ အမျိုးသားဆက်သွယ်ရေး အေဂျင်စီမှာတင်ထားတဲ့ Note9 ရဲ့ဘက်ထရီအချက်အလက် စာရွက်ပေါက်ကြားထွက်ရှိလာတာပါ။ အေဂျင်စီကနေထုတ်ပေးထားတဲ့ အသိအမှတ်ပြုစာရွက်မှာ Note9 ရဲ့အဓိကအချက်ဖြစ်တဲ့ ဘက်ထရီစွမ်းအားကို ရေးသားထားပါတယ်။ သူ့မှဘက်ထရီရဲ့ အားသွင်းမြန်ဆန်မှုအတွက် Quick Charge 4.0 ကိုလည်း ထောက်ပံ့မှာဖြစ်ပါတယ်။

ဒီနေ့အထိထွက်ထားသမျှ သတင်းတွေအရ Galaxy Note 9 ရဲ့ screen ကို Infinity Display 2.0 ကိုသုံးလာမယ်လို့ ဆိုပါတယ်။  6.3 inches မှာSuper AMOLED နည်းပညာသုံးလာမှာဖြစ်ပြီး  18.5: 9 အချိုးနဲ့ဖြစ်မှာပါ။ ပြီးခဲ့တဲ့နှစ်ကထွက်ထားတဲ့ Note 8 နဲ့အဓိက ကွာခြားချက်အနေနဲ့ fingerprint scanner ကို dual ကင်မရာရဲ့အောက်ဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

ပရိုဆက်ဆာပိုင်းမှာတော့ Exynos 9810 နဲ့ Qualcomm Snapdragon 845 ဆိုပြီးခွဲခြား ထွက်ရှိလာမှာပါ။ Galaxy Note 9 ကို 6GB RAM နဲ့အတူ 64GB, 128 (သို့) 256GB  နဲ့ထွက်ရှိလာမှာဖြစ်ပြီး အထူးဗားရှင်း အနေနဲ့ 8GBRAM /512GB သိုလှောင်မှုနဲ့ပါ ထုတ်လုပ်လာပါလိမ့်မယ်။ S Pen ဟာ Bluetooth-controller စွမ်းဆောင်ချက် ထောက်ပံ့လာမှာ ဖြစ်ပါတယ်။ မိတ်ဆက်မယ့်ရက်ထဲက ကြိုတင်မှာယူမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပြီး သြဂုတ်လ ၂၄ရက်နေ့မှာ စတင်ရောင်းချ သွားမှာဖြစ်ပါတယ်။

Leave a Reply