ဇူလိုင်၂၆ရက်နေ အိန္ဒိယမှာရောင်းချသွားမယ့် 6GBRAM နဲ့ ZenFone Max Pro M1

0
1088





unicode

ASUS အနေနဲ့ ZenFone Max Pro M1 ကို 6GBRAM ဗားရှင်းကိုပါ ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။ အစောပိုင်းတုန်းကတော့ အဲ့ဒီဖုန်းကို 3GB နဲ့ 4GB RAM အမျိုးအစားတွေပဲ ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ အသစ်ထွက်လာမယ့်  Asus ZenFone Max Pro M1 ရဲ့ အချက်အလက်တွေဟာ RAM နိမ့်ဖုန်းတွေ တူညီနေမှာဖြစ်ပြီး  6GBRAM ဆိုတာပဲ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

RAM အမြင့်ဗားရှင်း အသစ်ဖုန်းကိုတော့ ဇူလိုင် ၂၆ရက်နေ့ အိန္ဒိယမှာ  Flipkart ကနေတဆင့် ဈေးနှုန်းဒေါ်လာ ၂၁၈နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ Qualcomm Snapdragon 636 eight-core ကိုသုံးထားပါတယ်။ ဂရပ်ဖစ်ပိုင်းမှာတော့ Adreno 509 GPU နဲ့ဖြစ်ပြီး လက်ဗွေဖတ်စနစ်ကိုတော့ ဖုန်းရဲ့နောက်ကျောဘက်မှာ တပ်ဆင်ထားပါတယ်။ အချက်အလက်သိုလှောင်မှုကတော့ 64GB storage ဖြစ်ပါတယ်။ အခြား အချက်အလက်တွေ အနေနဲ့ သူ့မှာ 5.99 FHD လက်မ 2,160 x 1,080 pixels IPS Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင် အချိုးဟာ 18:9 ဖြစ်ပါတယ်။

Zenfone Max (M1) ရဲ့ အနောက်ဘက်မှာ 13MP ကင်မရာ တပ်ဆင်ထားပြီး Phase Detection Autofocus နည်းပညာပါပါတယ်။ အနောက်ဘက်မှာတော့ 5MP ကင်မရာ တစ်လုံးကိုလည်း အပို ထည့်သွင်းပေးထားပါတယ်။ အရှေ့ဘက်မှာ 8MP ကင်မရာ တစ်လုံး ပါပါတယ်။ အနောက်ဘက် ကင်မရာတွေဟာ 4K ရိုက်ကူးနိုင်စွမ်း ရှိပါတယ်။ SIM Card Slot ၂ ခုနဲ့ microSD Card Slot ၁ ခု ထည့်သွင်းပေးထားပါတယ်။

သူ့မှာ အရွယ်ကြီး 5000mAh Battery တပ်ဆင်ထားပါတယ်။ Android 8.1 Oreo အခြေပြု ZenUI 5.0 ထည့်သွင်းထားပါတယ်။ အားသွင်းမြန်ဆန်ဖို့အတွက်  2A / 10W ကိုထောက်ပံ့ပေးထားပြီး၊အားသွင်းချိန်ဟာ 2.42 နာရီသာကြာမှာ ဖြစ်ပါတယ်။ ဘက်ထရီစွမ်းအားဟာ သီချင်းတွေနားဆင်မယ်ဆိုရင်  199 နာရီခံပြီး၊ FullHD video playback ကြည့်မယ်ဆိုရင် 25.3 နာရီခံနိုင်စွမ်းရှိမှာပါ။

Leave a Reply