Gadget Trending





unicode

နေရောင်ခြည် ကနေ ဖုန်းကို အားသွင်းပေးမယ့် Gadget

ခရီးသွားသူများအတွက် အားသွင်း ပလက်ပေါက်များ မရှိတဲ့ နေရာများမှာ နေရောင်ခြည် ကနေ ဖုန်းကို အားသွင်းပေးနိုင်မယ့် Gadget များကို ထုတ်လုပ်ရောင်းချပေးနေကြပါတယ်။ အခုလည်း Soul Solar Scroll အမည်ရ နေရောင်ခြည် စွမ်းအင်သုံး အားသွင်းစက်ကလေး ထွက်ပေါ်လာပါတယ်။ သူ့ရဲ့ ပြိုင်ဖက်များထက် အားသာချက်က မသုံးတဲ့ အချိန်မှာ Solar Panel ကို ခေါက်လိပ်ထားနိုင်တဲ့အတွက် အရွယ်အစား ကျစ်လစ်ပြီး သယ်ယူရာမှာ အဆင်ပြေစေပါတယ်။

သူ့မှာ 5400mAh Battery နဲ့ လျှင်မြန်စွာ အားဖြည့်နိုင်တဲ့ USB Port ထည့်သွင်းထားပါတယ်။ သူ့ရဲ့ ဘက်ထရီက စမတ်ဖုန်းတစ်လုံးကို ၂ ကြိမ်လောက် အားဖြည့်ပေးနိုင်ပါတယ်။ ကြိုးမဲ့ နားကြပ်များဆိုရင်တော့ ၁၀ ကြိမ်တောင် အားသွင်းပေးနိုင်ပါတယ်။ တီထွင်သူများက ကိရိယာဟာ 5 watts စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်တယ်လို့ ပြောကြပါတယ်။

အားသွင်းပလက်ပေါက်ကနေ သူ့ကို အားသွင်းရင် ၂ နာရီ၊ ၃ နာရီလောက်သာ ကြာပါတယ်။ နေရောင်ခြည်ကနေ သူ့ကို အားအပြည့်ဖြည့်ဖို့အတွက် ၅ နာရီ၊ ၆ နာရီလောက် အချိန်ယူရပါတယ်။ သူ့ကို ထုတ်လုပ်ရောင်းချဖို့ ယခုတစ်ပတ် အစောပိုင်းမှာ Kickstarter ဝက်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ လက်ရှိမှာ ရန်ပုံငွေ ၉၉ ဒေါ်လာ ထည့်ဝင်ထားရင် ရောင်းချချိန်မှာ တစ်ခု ရရှိမှာပါ။ နိုဝင်ဘာလ ရောင်းချချိန်မှသာ ဝယ်ယူရင် ၁၅၀ ဒေါ်လာ ကျသင့်မှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.