အာကာသကို အလည္ခရီးသြားဖို႔ သိန္း ၄ ေထာင္၀န္းက်င္ ကုန္မည္

0
934

Blue Origin ရဲ႕ Jeff Bezos ၊ SpaceX ရဲ႕ Elon Musk နဲ႔ Virgin Galactic ရဲ႕ Richard Branson တို႔က အာကာသ ခရီးသြားလုပ္ငန္းကို ျပဳလုပ္ဖုိ႔ ဖန္တီးေနၾကပါတယ္။ အခုေတာ့ Jeff Bezos ဟာ အာကာသ ခရီးသြားလက္မွတ္တစ္ေစာင္ကို ေဒၚလာ ၂ သိန္းနဲ႔ ၃ သိန္း အၾကားမွာ ေရာင္းခ်မယ္လို႔ Reuters က သတင္းရရွိထားပါတယ္။ လက္ရွိေငြလဲလွယ္ႏႈန္းမ်ားအရ ျမန္မာေငြ သိန္း ၄၀၀၀ ၀န္းက်င္ က်သင့္မွာ ျဖစ္ပါတယ္။ လာမယ့္ႏွစ္အေစာပိုင္းမွာ လူမ်ားအား အာကာသသို႔ အလည္ခရီး ပို႔ေဆာင္ေပးေတာ့မယ္လို႔ သတင္းထြက္လာပါတယ္။

Blue Origin ရဲ႕ New Shepard ဒံုးပ်ံ အသစ္ျဖင့္ ကမာၻေျမျပင္ရဲ႕ အထက္ ၆၂ မိုင္( ၁၀၀ ကီိလုိမီတာ ) အေက်ာ္အထိ ခရီးသြားမ်ားကို ပို႔ေဆာင္ေပးမွာ ျဖစ္ပါတယ္။ ခရီးသြားမ်ားဟာ ကမာၻ႕ ဆြဲငင္အား မရွိတဲ့ အရသာကို မိနစ္ အနညး္ငယ္ ခံစားရမွာပါ။ ဒါ့အျပင္ ကမာၻႀကီးကိုလည္း အာကာသကေန ၾကည့္ရႈခံစားႏိုင္မွာ ျဖစ္ပါတယ္။ ၿပီးရင္ေတာ့ ခရီးသြားမ်ားအား Capsule မ်ားျဖင့္ ကမာၻေျမသို႔ ျပန္လည္ ေခၚေဆာင္လာမွာ ျဖစ္ပါတယ္။

ပထမဆံုး အာကာသ ခရီးသြားမ်ားဟာ Blue Origin ရဲ႕ ၀န္ထမ္းမ်ား ျဖစ္မယ္လို႔ Reuters ရဲ႕ သတင္္းအရင္းအျမစ္မ်ားက ေျပာပါတယ္။ အဲဒီ ဒံုးပ်ံကို ကုမၸဏီက ၈ ႀကိမ္ ေအာင္ျမင္စြာ စမ္းသပ္ၿပီးၿပီ ျဖစ္ေပမယ့္ လူလိုက္ပါလွ်က္ စမ္းသပ္ထားျခင္း မရွိေသးပါဘူး။ အဲဒီ ဒံုးပ်ံဟာ သူ႔ရဲ႕ ေဒါင္လိုက္ ပ်ံတက္၊ ဆင္းသက္ႏုိင္တဲ့ အမ်ိဳးအစား ျဖစ္ပါတယ္။

unicode

အာကာသကို အလည်ခရီးသွားဖို့ သိန်း ၄ ထောင်ဝန်းကျင် ကုန်မည်

Blue Origin ရဲ့ Jeff Bezos ၊ SpaceX ရဲ့ Elon Musk နဲ့ Virgin Galactic ရဲ့ Richard Branson တို့က အာကာသ ခရီးသွားလုပ်ငန်းကို ပြုလုပ်ဖို့ ဖန်တီးနေကြပါတယ်။ အခုတော့ Jeff Bezos ဟာ အာကာသ ခရီးသွားလက်မှတ်တစ်စောင်ကို ဒေါ်လာ ၂ သိန်းနဲ့ ၃ သိန်း အကြားမှာ ရောင်းချမယ်လို့ Reuters က သတင်းရရှိထားပါတယ်။ လက်ရှိငွေလဲလှယ်နှုန်းများအရ မြန်မာငွေ သိန်း ၄၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ လာမယ့်နှစ်အစောပိုင်းမှာ လူများအား အာကာသသို့ အလည်ခရီး ပို့ဆောင်ပေးတော့မယ်လို့ သတင်းထွက်လာပါတယ်။

Blue Origin ရဲ့ New Shepard ဒုံးပျံ အသစ်ဖြင့် ကမ္ဘာမြေပြင်ရဲ့ အထက် ၆၂ မိုင်( ၁၀၀ ကီလိုမီတာ ) အကျော်အထိ ခရီးသွားများကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ခရီးသွားများဟာ ကမ္ဘာ့ ဆွဲငင်အား မရှိတဲ့ အရသာကို မိနစ် အနည်းငယ် ခံစားရမှာပါ။ ဒါ့အပြင် ကမ္ဘာကြီးကိုလည်း အာကာသကနေ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ခရီးသွားများအား Capsule များဖြင့် ကမ္ဘာမြေသို့ ပြန်လည် ခေါ်ဆောင်လာမှာ ဖြစ်ပါတယ်။

ပထမဆုံး အာကာသ ခရီးသွားများဟာ Blue Origin ရဲ့ ဝန်ထမ်းများ ဖြစ်မယ်လို့ Reuters ရဲ့ သတင်းအရင်းအမြစ်များက ပြောပါတယ်။ အဲဒီ ဒုံးပျံကို ကုမ္ပဏီက ၈ ကြိမ် အောင်မြင်စွာ စမ်းသပ်ပြီးပြီ ဖြစ်ပေမယ့် လူလိုက်ပါလျှက် စမ်းသပ်ထားခြင်း မရှိသေးပါဘူး။ အဲဒီ ဒုံးပျံဟာ သူ့ရဲ့ ဒေါင်လိုက် ပျံတက်၊ ဆင်းသက်နိုင်တဲ့ အမျိုးအစား ဖြစ်ပါတယ်။

Leave a Reply