The Best USB-C Chargers to Buy

0
1099

Zawgyi version

အားသွင်းမြန်ဆန်ပြီး ကောင်းမွန်တဲ့ Aukey USB-C Charger

Aukey USB-C charger က power output 46-watts ရှိပြီးတော့ USB-C 3.0 ရှိပါတယ်။ Aukey က 10.5W USB port ရှိပြီးတော့ 2.1A  ထွက်ရှိ ပါတယ်။ သူက အပူလွန်ကဲတာတွေ၊ overcharging ဖြစ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Aukey  က အားသွင်းရတာလဲ မြန်ဆန်ပါတယ်။ သူက iPhone 8 battery ကိုနာရီဝက်အတွင်း 50% ထိသွင်းပေးမှာ ဖြစ်ပါတယ်။ သူက တစ်ခြား MacBook တို့ MacBook Pro တို့ကိုလဲ အားသွင်းနိုင်ပါတယ်။ ထုတ်ပိုးမှုဒီဇိုင်းကိုပြောရမယ်ဆိုရင် သူက ခေါက်လို့ရတဲ့ plug ပါဝင် တဲ့အတွက်ကြောင့် အိတ်ထဲကို လွယ်လွယ်ကူကူ သယ်ဆောင် သွားနိုင်ပါတယ်။

အရည်အသွေးလဲကောင်းမွန်ပြီး ဈေးလဲသက်သာတဲ့ iClever USB Type-C 30W Wall Charger

iClever USB Type-C က 5V, 9V, 12V, 15V နဲ့ 20V ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ သူက အပူဒဏ်ကာကွယ်တဲ့ safeguard ပါဝင်တဲ့အတွက်ကြောင့် သူက အပူလွန်ကဲတာတွေ အားသွင်းကြာလို့ ပျက်စီးတာတွေ မဖြစ်နိုင်ပါဘူး။ သူကလဲ ခေါက်လို့ရတဲ့ plug ပါဝင် တဲ့အတွက်ကြောင့် အိတ်ထဲကို လွယ်လွယ်ကူကူ နေရာမယူဘဲနဲ့သယ်ဆောင်သွားနိုင်ပါတယ်။

Laptop တွေအတွက် အားသွင်းလို့ကောင်းတဲ့ Anker Premium 5-Port USB Type-C Charger

သူက laptop တွေ အားသွင်းဖို့အတွက် တော်တော်ကောင်းမွန်တဲ့ အားသွင်းခေါင်းပဲ ဖြစ်ပါတယ်။ သူက အားသွင်းပေါက် ၅ ပေါက်ပါဝင်တဲ့    5-Port USB Type-C ဖြစ်ပါတယ်။ သူရဲ့ USB-C တစ်ပေါက်က 30W ရှိပါတယ်။ ကျန်တဲ့ PowerIQ ၄ ပေါက်ကတော့ တစ်ပေါက်ကို 2.4A ရှိပါတယ်။ သူက အားသွင်းပေါက် ၅ ပေါက်ပါဝင်တဲ့ အတွက်ကြောင့် တစ်ပြိုင်နက်ထဲ device ၅ ခုကို အားသွင်းနိုင်ပါတယ်။

 

Anker က MacBook ကို ၂ နာရီအတွင်း အားအပြည့်သွင်းနိုင်ပါတယ်။ သူက safety features လဲပါဝင်ပြီး အပူချိန်ပြောင်းလဲမှုကိုလဲ ထိန်းညှိကာကွယ်ပေးမှာ ဖြစ်ပါတယ်။

 

Apple Device တွေအတွက် ကောင်းမွန်တဲ့ Apple ရဲ့ 61W Power Adapter

Apple ရဲ့ Adapter က  61W Power output ရှိပြီးတော့ 2016 မှာ ထွက်ရှိခဲ့တဲ့ MacBook နဲ့ MacBook Pro တွေမှာ ထည့်သွင်း ပေးထားတာဖြစ်ပါတယ်။  သူရဲ့ အရွယ်အစားက 4.1 x 4.2 x 2.4 လက်မဖြစ်ပြီးတော့ သယ်ဆောင်ရလွယ်ကူတဲ့ size လေးလဲ ဖြစ်ပါတယ်။

 Wall Charging အတွက် ကောင်းမွန်တဲ့ Cable Matters 4-Port USB-C

သူက 72W power ရှိပြီး အားသွင်းပေါက် ၄ ပေါက် ပါဝင်တဲ့ USB-Charger ပဲ ဖြစ်ပါတယ်။  သူက iPhone X, iPhone 8, Samsung Galaxy S8 နဲ့ Nintendo Switch တွေကို အားသွင်းနိုင်ပြီး တစ်ပြိုင်နက်ထဲ laptop တွေဖြစ်တဲ့ Apple အပါအ၀င် Lenovo နဲ့ တစ်ခြား  laptop တွေကိုလဲ အသုံးပြုနိုင်ပါတယ်။ သူက နောက်ဆုံးပေါ် USB-C computer or smartphone တွေကို 60 watts ထိအသုံးပြုနိုင်ပါတယ်။

 

 

သူကလဲ အားသွင်းတဲ့အချိန်ကြာမြင့်တဲ့အခါ ဖြစ်တတ်တဲ့ overcurrent ဖြစ်တာတွေ overvoltage ဖြစ်တာတွေနဲ့ တစ်ခြားအန္တရယ်ဖြစ်စေနိုင်တဲ့ အရာတွေကို တားဆီးပေးပါတယ်။ သူက 6.6 x 4.3 x 1.5 လက်မဖြစ်ပြီးတော့ 13.3 အောင်စအလေးချိန်ရှိပါတယ်။

စမတ်ဖုန်းတွေအတွက် ကောင်းမွန်တဲ့ Aukey ရဲ့ USB Wall Charger

သူက dual USB-C 3.0 Quick Charge အပေါက်ပါဝင်ပြီးတော့ AiPower Adaptive USB-A port ၄ ခုပါဝင်တဲ့ စမတ်ဖုန်းတွေအတွက် ကောင်းမွန်တဲ့ charger လေးပဲ ဖြစ်ပါတယ်။ safeguards ပါဝင်ပြီးသားဖြစ်တဲ့အတွက် လုံခြုံစိတ်ချရနိုင်ပါတယ်။ သူက အာမခံလဲ ၂ နှစ်ပေးထားပါတယ်။

USB-A port တစ်ခုစီမှာ 2.4A ရှိပြီးတော့ သူက သင့် device အတွက် လုံခြုံစိတ်ချရပြီး အားသွင်းနှုန်းကလဲ မြန်ဆန်ကောင်းမွန်စေမှာပါ။ ဒါ့အပြင်

Quick Charge 3.0 ပါဝင်တဲ့ အတွက်ကြောင့် ရိုးရိုးသာမာန်ထက် ၄ ဆ ပိုမြန်စေမှာပဲ ဖြစ်ပါတယ်။ သူက ကင်မရာ၊ headphone၊ tablet နဲ့ Bluetooth speaker တွေကိုလဲ လုံခြုံစိတ်ချစွာ အားသွင်းနိုင်မှာပဲ ဖြစ်ပါတယ်။

Best Powerbank: Anker ရဲ့ PowerCore+ 26800

Anker ရဲ့ PowerCore+ 26800 ကတော့ ပရီမီယန်ဆန်တဲ့ portable charger ဖြစ်ပြီးတော့ 26800mAh External Battery နဲ့ Qualcomm Quick Charge 3.0 (in- and output) ရှိပြီးတော့ PowerPort+ 1 Wall Charger လဲပါဝင်ပါတယ်။ PowerCore+ က 85% ပိုပြီး အားသွင်းမြန်ပါတယ်။ PowerCore+ 26800 က Quick Charge 3.0 ပါတဲ့ highest capacity portable charger တွေထဲက တစ်ခုလဲ ဖြစ်ပါတယ်။

သူက iPhone 6s ကို ၉ ကြိမ်အားသွင်းနိုင်ပြီးတော့ Galaxy S6 ကို ၇ ကြိမ်၊ 2015 MacBook ကို ၃ ကြိမ်အထက်အားသွင်းနိုင်ပါတယ်ဆိုပြီး စမ်းသပ်ချက်များအရ ပြောပြထားပါတယ်။ သူက customer တွေအဆင်ပြေအောင်လို့ ၁၈ လအာမခံလဲပေးပါသေးတယ်။ သူ့ရဲ့ အရွယ်အစားကတော့ 6.5 x 3.1 x 0.9 လက်မရှိပြီး 1.3 ပေါင်အလေးချိန်ရှိပါတယ်။ PowerCore+ ကသူ့ကို အားပြန်သွင်းဖို့ကို အချိန်အကြာကြီး မယူဘဲနဲ့ အားပြန်ပြည့်နိုင်ပါတယ်။

 

 

 

Leave a Reply