Samsung က Galaxy Note series နဲ့ S Plus device တွေအတွက်ကို ထုတ်လုပ်မှုကုန်ကျစရိတ်တွေကို လျှော့ချရန်ရှိ
0
713
Zawgyi version
Unicode version
Samsung ရဲ့ Galaxy Note series တွေက ကုန်ကျစရိတ်တွေက မသက်သာပါဘူး။ သူ့ရဲ့ ကောင်းမွန်လှတဲ့ လုပ်ဆောင်ချက်တွေ၊ S Pen ပါရှိတာရယ်၊ ကြီးမားတဲ့ မျက်နှာပြင်နဲ့ display screen တွေကြောင့် သူ့ကုန်ကျစရိတ်က ကြီးမားလှပါတယ်။
ခု Samsung ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Galaxy Note 8 နဲ့ Galaxy S9+ ရဲ့ သိသာထင်ရှားတဲ့ ခြားနားချက်ကတော့ S Pen ပါဝင်ခြင်း မပါဝင်ခြင်းပါပဲ။Samsung က သူ့ရဲ့ flagship စမတ်ဖုန်းတွေထံကနေ အမြတ်များများရရှိနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ Samsung ကတော့
Galaxy Note 9 ကိုစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ သူက Note နဲ့ Plus ကို ပေါင်းထားတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ခုနပြောခဲ့သလိုပဲ Galaxy Note 8 နဲ့ Galaxy S9+ ရဲ့ ခြားနားချက်က S Pen ပဲဖြစ်ပါတယ်။ သူတို့က display ကြီးတာ၊ ဘက်ထရီအားခံတာ၊ ကင်မရာ ကောင်းမွန်တာ၊ တစ်ခြား လုပ်ဆောင်ချက်တွေတူညီပြီးတော့ ပရီမီယန်ဆန်တဲ့ feature တွေတော်တော်များများက တူပါတယ်။
Samsung က သူ့ရဲ့ ပထမဦးဆုံး ခေါက်ဖုန်းကို 2019 ကို စတင်ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ Samsung Galaxy Note 9 ကိုနောက်လမှာ မိတ်ဆက် ပေးမှာဖြစ်ပြီး သူက 6.38 လက်နဲ့ မျက်နှာပြင်ကျယ်နဲ့ထွက်ရှိလာမှာပဲ ဖြစ်ပါတယ်။ နောက်ထပ်ထွက်ရှိမယ့် Galaxy 10 နဲ့ S10+ ကလဲ ကြီးမားတဲ့ မျက်နှာပြင် 6.4 လက်မနဲ့ ထွက်ရှိလာဦးမှာပဲ ဖြစ်ပါတယ်။ Samsung ကတော့ သူ့ရဲ့ အကျိုးအမြတ်ရရှိဖို့အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချနေတာပဲ ဖြစ်ပါတယ်။
Leave a Reply