24W Fast Charge အတွက် 3C အသိအမှတ်ပြုမှုရရှိသွားပြီဖြစ်တဲ့ Meizu 16 ဖုန်းများ

0
1001




unicode

Meizu အနေနဲ့ သြဂုတ်၈ရက်နေ့မှာ စမတ်ဖုန်းသစ်ဖြစ်တဲ့  Meizu 16 flagship ဖုန်းသစ်တွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့  Meizu ရဲ့စမတ်ဖုန်းသစ်၂မျိုးဟာ 3C ရဲ့အသိအမှတ်ပြုမှု ကိုရရှိခဲ့ပြီဖြစ်ပါတယ်။ 3C မှာတွေ့လိုက်ရတဲ့ အချက်အလက်တွေအရ Meizu 16 series စမတ်ဖုန်းသစ်တွေကို  M882Q, M892Q လို့ပေးထားပြီး  24W fast charge ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ Meizu 16 မှာ notch-less full-screen display  နဲ့ဖြစ်ပြီး ဘေးဘောင်တွေက မပါတော့သလောက် ကျဉ်းမြောင်းသွားမှာပါ။ Meizu 16 စီးရီးဖုန်းကို ဗားရှင်း၂မျိုးနဲ့ ထွက်လာမှာဖြစ်ပြီး Meizu 16 နဲ့ Meizu 16 Plus တို့ပဲဖြစ်ပါတယ်။

စမတ်ဖုန်း၂မျိုးလုံးမှာ Snapdragon 845 Octa core နဲ့  RAM 8GB(သို့)6GBRAM ကိုသာ သုံးထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေဖတ်စနစ်လည်း ပါဝင်လာပါလိမ့်မယ်။ Snapdragon 845, Under display fingerprint scanner နဲ့ RAM 8GB ဆိုတာ Meizu ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ သုံးလာတာပဲ ဖြစ်ပါတယ်။

စမတ်ဖုန်းသစ်နဲ့ပတ်သတ်ပြီး အစောပိုင်းထွက်ထားတဲ့ အချက်အလက်မှာတော့ Meizu 16 မှာလုပ်ဆောင်ချက် ၃ခုပါဝင်လာနိုင်ပြီး mBack ၊ Android navigation bar နဲ့ gesture navigation တို့ပဲဖြစ်ပါတယ်။ ဖုန်းအသစ်ကို သုံးစွဲသူတွေအနေနဲ့ homepage ကိုပြန်သွားဖို့အတွက် နည်းလမ်း၃ခုထဲက ကြိုက်ရာကို ရွေးချယ်ထားနိုင်မှာ ဖြစ်ပါတယ်။ 6GB RAM နဲ့ထွက်လာဖို့ များပါတယ်။ in-display fingerprint scanner နဲ့ wireless charging အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားမှာပါ။

Leave a Reply