Nova 3 စီးရီးဖုန်းသစ်များအား ဇူလိုင်၂၆ရက်နေ့တွင်အိန္ဒိယမှာ မိတ်ဆက်သွားမယ့် Huawei

0
1297



Image result for huawei nova 3i


unicode

တရုတ်အခြေစိုက်စမတ်ဖုန်း ထုတ်လုပ်သူ Huawei ဟာစမတ်ဖုန်းသစ်တွေဖြစ်တဲ့ nova 3 နဲ့ nova 3i တို့ကို  ယခုလ ၂၆ရက်နေ့မှာတော့ အိန္ဒိယမှာမိတ်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ မီဒီယာတွေဆီကိုပွဲနဲ့ပတ်သတ်တဲ့ ဖိတ်စာတွေပို့လိုက်ပြီ ဖြစ်ပါတယ်။ Amazon ကနေရောင်းချပေးသွားမှာဖြစ်ပြီး ဈေးနှုန်းနဲ့ အခြားအချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။ တရုတ်ကုမ္ပဏီအနေနဲ့ Honor 9n ဖုန်းကိုမိတ်ဆက်ပြီး၂ရက်အကြာမှာ ဖုန်းအသစ်တွေကို ထပ်မံမိတ်ဆက်သွားမှာပါ။

nova 3 နဲ့ nova 3i ဖုန်းတွေဟာ premium Android  စမတ်ဖုန်းတွေဖြစ်ပြီး nova 3 ဖုန်းကဈေးအနည်းငယ် ပိုကြီးပါတယ်။ Nova 3 မှာတော့ စွမ်းအာပိုင်းအတွက် Kirin 970 ပရိုဆက်ဆာ 6GB RAM နဲ့အတူ 128GB သိုလှောင်မှုနဲ့ ဖြစ်ပါတယ်။ ကင်မရာပိုင်းအတွက် နောက်ကျောဘက်မှာ dual ဖြစ်ပြီး 16+24MP ကိုတပ်ဆင်ပေးထားပါတယ်။ ဘက်ထရီစွမ်းအားကတော့  3750mAh နဲ့ပါ။

nova 3i မှာတော့ Kirin 710 ပရိုဆက်ဆာနဲ့ဖြစ်ပြီး  RAMကတော့ 4GB သာရှိပါတယ်။ ကင်မရာပိုင်းမှာလည်း ကွာခြားချက်ရှိနေပြီး  dual 16+2MP နောက်ကျောဘက်ကင်မရာနဲ့ ဘက်ထရီကတော့ 3340mAh စွမ်းအားပါ။ စမတ်ဖုန်း၂မျိုးလုံးမှာ 6.3-inch, 19.5:9 2340×1080 IPS LCD နဲ့အတူ၊ အရှေ့ဘက်ကင်မရာ 24+2MP စွမ်းအားတူညီပါတယ်။ Flipkart နဲ့ပူးတွဲရောင်းချမယ့် Honor 9n ဖုန်းတွေကိုတော့ ဇူလိုင်၂၄ရက်နေ့မှာ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

Leave a Reply